အမေရိကန် သမ္မတဘားရက်အိုဘားမားသည် ဇန်နဝါရီ ၂၁ ရက်တွင် ၎င်း၏ သမ္မတဒုတိယ
သက်တမ်းအားဆက်လက်တာဝန်ယူ ဆောင် ရွက်ရန်ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက်
အမျိုးသား စည်လုံး ညီညွတ်ရေး နှင့်သာတူညီမျှရှိရေးအတွက် လှိုက်လှဲသော
တောင်းဆိုမှု တစ်ရပ်ကိုထုတ်ပြန် ကြေညာခဲ့ကြောင်း သိရသည်။ထို့အပြင် အိုဘားမားသည် နိုင်ငံရေးဆိုင်ရာ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းများနှင့် ပြန် လည် ဖော်ဆောင်ရေး လုပ်ငန်းများတွင်လည်း
အဖျက်အမှောင့် ပြုလုပ်ခြင်းကိုလုံးဝလက်ခံမည်မဟုတ်ဟု သတိပေး ပြောကြားခဲ့ သည်။ အိုဘားမားသည်ထပ်မံတာဝန်ယူ ဆောင်ရွက်ရမည့် သမ္မတသက် တမ်း
လေးနှစ်အတွက် တရားဝင်ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီးနောက်
ဝါရှင်တန်အမျိုးသားအဆောက်အအုံ တွင် ပြည်သူ ထောင်ပေါင်း များစွာကို
နှုတ်ဆက်စကားများ ပြောကြားခဲ့သည်။ထို့နောက် ၎င်း၏ ရှေ့ လုပ်ငန်းစဉ်သစ်များ နှင့် ပတ်သက်သည်များကိုလည်း
အရိပ်အမြွက် ပြောကြားထားခဲ့သည်။
ထို့ပြင် အမေရိကန် နိုင်ငံအမှန်တရားများအပေါ် အခြေပြုထားမှု၊ လက်ရှိသဘောထား
ကွဲလွဲမှုများနှင့် ပတ်သက်ပြီး နိုင်ငံရေးဆိုင်ရာ နည်းစနစ်များအားမည်သို့
ပြန်လည်ညှိနှိုင်း စေ့စပ်ရမည်ကို အကြံပြု ပြော ကြားရာ၌လည်း အမေရိကန်၏ ၄၄ ယောက်မြောက် ဖြစ်သော သမ္မတအိုဘားမားက ''We The
People" ဟူသော စကားလုံးကို ထပ်တလဲလဲ ပြောကြားသွားခဲ့ကြောင်း သိရသည်။
အိုဘားမားမိန့်ခွန်း ပြောကြားသည့် အခမ်းအနားသို့ ယခင် သမ္မတ ဟောင်းများဖြစ်သော ဘီလ်က လင်တန် နှင့် ဂျင်စ်မီကာတာတို့သည် အထက်လွှတ်တော်အမတ်များ၊
လွှတ်တော်ဆိုင်ရာ ခေါင်းဆောင် များနှင့် ဂုဏ်သရေရှိ လူကြီးလူကောင်းများနှင့်အတူ တက်ရောက်ခဲ့ကြသည်။
ထို့ပြင် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော ကမ္ဘာကြီးပူနွေးမှုဆိုင်ရာ
ခြိမ်းခြောက်မှုများ၊ နိုင် ငံ ရေးနှင့် စီးပွားရေး ဆိုင်ရာ ကိစ္စရပ်များတွင်
အဓိပ္ပာယ် ပြည့်ဝသော တာဝန်ယူ ဆောင်ရွက်မှုများကို လည်း ပြုလုပ်သွားမည်ဟု
အိုဘားမားက ကတိပြု ပြောကြား ခဲ့ကြောင်း သိရသည်။
From : မြ၀တီ
အမေရိကန် သမ္မတဘားရက်အိုဘားမားသည် ဇန်နဝါရီ ၂၁ ရက်တွင် ၎င်း၏ သမ္မတဒုတိယ
သက်တမ်းအားဆက်လက်တာဝန်ယူ ဆောင် ရွက်ရန်ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက်
အမျိုးသား စည်လုံး ညီညွတ်ရေး နှင့်သာတူညီမျှရှိရေးအတွက် လှိုက်လှဲသော
တောင်းဆိုမှု တစ်ရပ်ကိုထုတ်ပြန် ကြေညာခဲ့ကြောင်း သိရသည်။ထို့အပြင် အိုဘားမားသည် နိုင်ငံရေးဆိုင်ရာ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းများနှင့် ပြန် လည် ဖော်ဆောင်ရေး လုပ်ငန်းများတွင်လည်း
အဖျက်အမှောင့် ပြုလုပ်ခြင်းကိုလုံးဝလက်ခံမည်မဟုတ်ဟု သတိပေး ပြောကြားခဲ့ သည်။ အိုဘားမားသည်ထပ်မံတာဝန်ယူ ဆောင်ရွက်ရမည့် သမ္မတသက် တမ်း
လေးနှစ်အတွက် တရားဝင်ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီးနောက်
ဝါရှင်တန်အမျိုးသားအဆောက်အအုံ တွင် ပြည်သူ ထောင်ပေါင်း များစွာကို
နှုတ်ဆက်စကားများ ပြောကြားခဲ့သည်။ထို့နောက် ၎င်း၏ ရှေ့ လုပ်ငန်းစဉ်သစ်များ နှင့် ပတ်သက်သည်များကိုလည်း
အရိပ်အမြွက် ပြောကြားထားခဲ့သည်။
ထို့ပြင် အမေရိကန် နိုင်ငံအမှန်တရားများအပေါ် အခြေပြုထားမှု၊ လက်ရှိသဘောထား ကွဲလွဲမှုများနှင့် ပတ်သက်ပြီး နိုင်ငံရေးဆိုင်ရာ နည်းစနစ်များအားမည်သို့ ပြန်လည်ညှိနှိုင်း စေ့စပ်ရမည်ကို အကြံပြု ပြော ကြားရာ၌လည်း အမေရိကန်၏ ၄၄ ယောက်မြောက် ဖြစ်သော သမ္မတအိုဘားမားက ''We The People" ဟူသော စကားလုံးကို ထပ်တလဲလဲ ပြောကြားသွားခဲ့ကြောင်း သိရသည်။
အိုဘားမားမိန့်ခွန်း ပြောကြားသည့် အခမ်းအနားသို့ ယခင် သမ္မတ ဟောင်းများဖြစ်သော ဘီလ်က လင်တန် နှင့် ဂျင်စ်မီကာတာတို့သည် အထက်လွှတ်တော်အမတ်များ၊ လွှတ်တော်ဆိုင်ရာ ခေါင်းဆောင် များနှင့် ဂုဏ်သရေရှိ လူကြီးလူကောင်းများနှင့်အတူ တက်ရောက်ခဲ့ကြသည်။
ထို့ပြင် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော ကမ္ဘာကြီးပူနွေးမှုဆိုင်ရာ ခြိမ်းခြောက်မှုများ၊ နိုင် ငံ ရေးနှင့် စီးပွားရေး ဆိုင်ရာ ကိစ္စရပ်များတွင် အဓိပ္ပာယ် ပြည့်ဝသော တာဝန်ယူ ဆောင်ရွက်မှုများကို လည်း ပြုလုပ်သွားမည်ဟု အိုဘားမားက ကတိပြု ပြောကြား ခဲ့ကြောင်း သိရသည်။

No comments:
Post a Comment