
ဩစတြေးလျနိုင်ငံမှ အသက်အငယ်ဆုံး သားရိုင်းတိရစ္ဆာန်ဆိုင်ရာ ကျွမ်းကျင်သူလေး
ချာလီပါကားသည် ၎င်း၏ အကြောက်အလန့် ကင်းသော စွမ်းရည်များကို ဆက်လက် ပြသနေဆဲ
ဖြစ်သည်။
အသက်(၃)နှစ်သာ
ရှိသေးသော်လည်း
မွေးရာပါ ဗီဇအရ သားရိုင်း တိရစ္ဆာန်များနှင့် အလွန် လက်ပွန်းတတီးရှိသော
ချာလီသည် ရုန်းကြွ သန်မာသော မိကျောင်းတစ်ကောင်နှင့် ရေကန်ထဲဆော့ ကစားနေ သည် ကို တွေ့ရှိနိုင်မည် ဖြစ်သည်။
မြောက်အမေရိက ဇာတိဖြစ်သော မိကျောင်းခေါင်းတိုကို ဂမ့်ပ်ဟု အမည်ပေးထားပြီး ချာလီက ယင်းသားစား သတ္တဝါကို ချီမြှောက်မယူကာ ပျော်ရွှင်စွာ ဆော့ကစားလေ့ ရှိသည်။ ချာလီနှင့် ဂမ့်ပ်တို့၏
နပမ်းလုံးရင်း သတ်ပုတ် ဆော့ကစားလေ့ ရှိသည့် မြင်ကွင်းသည် လူအများအတွက်
အထူးအဆန်း ဖြစ်နေရသည်။
From : Planet Myanmar Network
No comments:
Post a Comment