Wednesday, January 23, 2013

ဟိုပင်လူငယ်များအကြား မူးယစ်ဆေးသုံးစွဲနှုန်း အမြင့်ဆုံးရောက်

Photo: ဟိုပင်လူငယ်များအကြား မူးယစ်ဆေးသုံးစွဲနှုန်း အမြင့်ဆုံးရောက်
Wednesday, January 23, 2013 

မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့မှဒေသခံလူငယ်များအကြား မူးယစ်ဆေးဝါး
သုံးစွဲမှုမှာ (၇၅) ရာခိုင်နှုန်းခန့်ရှိပြီး ကျောင်းသားများ အကြား မူးယစ်ဆေးဝါးသုံးစွဲမှု ပျံနှံ့လျက်ရှိကြောင်း သိရသည်။

သုံးစွဲသူများသည် အသက် (၂၀) ၀န်းကျင်ခန့်ရှိသည့် လူငယ်လူရွယ်
အများစုဖြစ်ပြီး လူလတ်ပိုင်းများလည်း ပါဝင်ကြောင်း သိရသည်။

“အခုသုံးစွဲမှုက ကျောင်းသားတွေကြားမှာပါပျံနှံ့နေတယ်။ ကျောင်းသားတွေရဲ့ပညာရေးတွေကိုလည်း ထိခိုက်တယ်။”ဟု   ဒေသခံတစ်ဦးဖြစ်သူ ဦးသိန်းဝင်းက ပြောသည်။

ဟိုပင်မြို့၊ ကုလားကုန်း၊ သရက်ချောင်း၊ သဲဖြူချောင်း စသည့် ရပ်ကွက်တို့တွင် သုံးစွဲသူများနှင့် ချိတ်ဆက်ကာ ရောင်းချကြသည်ဟု သိရသည်။

“အရင်တုန်းက မူးယစ်ရောင်းတဲ့သူ၊ သုံးစွဲသူတွေကို ဖမ်းဆီးသေးတယ်။ အဲ့တုန်းက သုံးစွဲသူရော ရောင်းချတဲ့သူကော လူဦးရေ (၁၀၀)
ကျော်လောက် ဖမ်းမိသွားတယ်။ အခုတစ်ခါ အဲ့ဒီနေရာတွေမှာ မူးယစ်ဆေးဝါးတွေ ပြန်ရောင်းနေသေးတယ်။” ဟု ဟိုပင်မြို့ ဒေသ
ခံတစ်ဦးက ပြောသည်။

ယခုအခါတွင် ကျောင်းသားများမှာ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏
နောက်ဆက်တွဲအကျိုးဆက်များ ဖြစ်သည့် ပညာရေး၊ ကျန်းမာရေး
ထိခိုက်လျှက်ရှိပြီး မိဘများမှာလည်း စီးပွားရေးလုပ်ငန်းများ ထိခိုက်လျက်ရှိကြောင်း သိရသည်။

“ကျောင်းသားတွေကစာမေးပွဲလည်း မအောင်တော့ဘူး။ မိုးညှင်းမှာ
ဆိုရင်လည်း ကျောင်းသားတွေက ငိုက်မျဉ်းနေကြတယ်။”ဟု ဦးသိန်းဝင်းက ပြောသည်။

ယခုလိုမူးယစ်ဆေးဝါးသုံးစွဲမှုများပြားနေရခြင်းမှာ သက်ဆိုင်ရာ
အာဏာပိုင်များအနေဖြင့် ဖမ်းဆီးအရေးယူမှု အားနည်းပြီး ကိုင်တွယ်မှု မထိရောက်သည့်အတွက်ကြောင့် ဖြစ်နိုင်ကြောင်း ဒေသခံများက
သုံးသပ်ပြောဆိုကြသည်။

“ဖမ်းတာကတော်တော်များတယ်။ ဖမ်းပြီးရင် တစ်ပါတ်ဆယ်ရက်
လောက်ပဲဖမ်းချုပ်ထားတယ်။အဲ့ရောင်းတဲ့နေရာတွေမှာရောင်းတဲ့
သူတွေက တုတ်တွေ၊ ဓားတွေကိုင်ပြီးတော့ စောင့်နေ ကြတယ်။”ဟု
ဒေသခံတစ်ဦးဖြစ်သူ ဦးဇော်ဝင်းဦးက ပြောသည်။

ထက်အောင်ခန့် (မြစ်မခ)
Myit Makha Mediagroupမိုးညှင်းမြို့နယ်၊ ဟိုပင်မြို့မှဒေသခံလူငယ်များအကြား မူးယစ်ဆေးဝါး သုံးစွဲမှုမှာ (၇၅) ရာခိုင်နှုန်းခန့်ရှိပြီး ကျောင်းသားများအကြား မူးယစ်ဆေးဝါးသုံးစွဲမှု ပျံနှံ့လျက်ရှိကြောင်း သိရသည်။ သုံးစွဲသူများသည် အသက် (၂၀) ၀န်းကျင်ခန့်ရှိသည့် လူငယ် လူရွယ် အများစုဖြစ်ပြီး လူလတ်ပိုင်းများလည်း ပါဝင်ကြောင်း သိရသည်။

“အခုသုံးစွဲမှုက ကျောင်းသားတွေကြားမှာပါပျံနှံ့နေတယ်။ ကျောင်းသားတွေရဲ့ပညာရေးတွေကိုလည်း ထိခိုက်တယ်။”ဟု ဒေသခံတစ်ဦးဖြစ်သူ ဦးသိန်းဝင်းက ပြောသည်။

ဟိုပင်မြို့၊ ကုလားကုန်း၊ သရက်ချောင်း၊ သဲဖြူချောင်း စသည့် ရပ်ကွက်တို့တွင် သုံးစွဲသူများနှင့် ချိတ်ဆက် ကာ ရောင်းချကြသည်ဟု သိရသည်။

“အရင်တုန်းက မူးယစ်ရောင်းတဲ့သူ၊ သုံးစွဲသူတွေကို ဖမ်းဆီးသေးတယ်။ အဲ့တုန်းက သုံးစွဲသူရော ရောင်းချတဲ့ သူကော လူဦးရေ (၁၀၀)ကျော်လောက် ဖမ်းမိသွားတယ်။ အခုတစ်ခါ အဲ့ဒီနေရာတွေမှာ မူးယစ်ဆေးဝါးတွေ ပြန်ရောင်းနေသေးတယ်။” ဟု ဟိုပင်မြို့ ဒေသခံတစ်ဦးက ပြောသည်။

ယခုအခါတွင် ကျောင်းသားများမှာ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ နောက်ဆက်တွဲအကျိုးဆက်များ ဖြစ်သည့် ပညာရေး၊ ကျန်းမာရေး ထိခိုက်လျှက်ရှိပြီး မိဘများမှာလည်း စီးပွားရေးလုပ်ငန်းများ ထိခိုက်လျက်ရှိကြောင်း သိရသည်။

“ကျောင်းသားတွေကစာမေးပွဲလည်း မအောင်တော့ဘူး။ မိုးညှင်းမှာဆိုရင်လည်း ကျောင်းသားတွေက ငိုက်မျဉ်းနေကြတယ်။”ဟု ဦးသိန်းဝင်းက ပြောသည်။

ယခုလိုမူးယစ်ဆေးဝါးသုံးစွဲမှုများပြားနေရခြင်းမှာ သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် ဖမ်းဆီးအရေးယူမှု အားနည်းပြီး ကိုင်တွယ်မှု မထိရောက်သည့်အတွက်ကြောင့် ဖြစ်နိုင်ကြောင်း ဒေသခံများက သုံး သပ်ပြောဆိုကြ သည်။

“ဖမ်းတာကတော်တော်များတယ်။ ဖမ်းပြီးရင် တစ်ပါတ်ဆယ်ရက်လောက်ပဲ ဖမ်းချုပ်ထားတယ်။ အဲ့ရောင်းတဲ့နေရာတွေမှာရောင်းတဲ့ သူတွေက တုတ်တွေ၊ ဓားတွေကိုင်ပြီးတော့ စောင့်နေ ကြတယ်။” ဟု ဒေသ ခံ တစ်ဦးဖြစ်သူ ဦးဇော်ဝင်းဦးက ပြောသည်။

From : Myit Makha Mediagroup

No comments:

Post a Comment