၂၀၁၃ ဇန်နဝါရီ ၂၂ ရက် ညနေ ၄ နာရီအချိန် ရန်ကုန်မှ သံတွဲသို့ ထွက်ခွာလာသည့် ယာဉ်အမှတ် ၉ခ/၃၅၁၆၊ ယာဉ်မောင်း ဦးသန်းနိုင် မောင်းနှင်လာသည့် အောင်သစ္စာ ခရီးသည်တင် ယာဉ်သည် ဇန်န၀ါရီလ ၂၃ ရက် နံနက် ၁
နာရီချိန်ခန့်တွင် နေပူတောင်အနီး၌ တိမ်းမှောက်မှု ဖြစ်ပွား ခဲ့ပါသည်။အဆိုပါ ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုတွင် သေဆုံးသူ ကျား ၆ ဦး၊ မ ၆ ဦး၊
ကလေး မ ၁ ဦး၊ စုစုပေါင်း ၁၃ ဦး သေဆုံးမှု ဖြစ်ပွားခဲ့ပါသည်။ ဒဏ်ရာ ရရှိသူ
ကျား ၂၈ ဦး၊ မ ၄ ဦး၊ စုစုပေါင်း ၃၂ ဦး ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်ရသူ ကျား
၁၆ ဦး၊ မ ၁ ဦး၊ စုစုပေါင်း ၁၇ ဦးဖြစ်ပါသည်။ ဒဏ်ရာရရှိသူများအား တောင်ကုတ်ဆေးရုံသို့ အချိန်မှီပို့ဆောင် ကုသပေးလျက် ရှိကြောင်း သိရှိရ ပါသည်။
အခင်းဖြစ်ပွားရာသို့ တပ်မတော်ဆေးတပ်ဖွဲ့မှ ဆေးမှူးဗိုလ်ကြီး ဝင်းဗိုလ်ဦးစီး အင်အား ၂၅ ဦး ခန့်နှင့် တောင်ကုတ် နာရေးကူညီမှုအသင်း၊ ကြက်ခြေနီ အသင်းအဖွဲ့များမှ ကယ်ဆယ်ရေး လုပ်ငန်း များ၊ ဆေးကုသခြင်း လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။
From : မြ၀တီ

No comments:
Post a Comment