Wednesday, January 23, 2013

မရမ်းကုန်း ၁ ရပ်ကွက်၊ ၄ လမ်းသွယ် မီးလောင်မှု ဖြစ်ပွား

Photo: မရမ်းကုန်း ၁ ရပ်ကွက်၊ ၄ လမ်းသွယ် မီးလောင်မှု ဖြစ်ပွား 
Wednesday, January 23, 2013

မရမ်းကုန်းမြို့နယ် ၊ ၁ရပ်ကွက် ၊ ၄ လမ်းသွယ် တွင် လောင်ကျွမ်းခဲ့သည့်
မီးမှာ ယနေ့ နေ့လည် ၁ နာရီ ၂၅ မိနစ်တွင် မီးငြိမ်းသွားကြောင်း
မျက်မြင်တွေ့ရှိသူများ၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ မီးလောင်မှု မှာ အိမ်တွင် အသုံးပြုသော အင်ဗာတာ အပူလွန်ကဲ၍ ဂတ်စ်အိုး ကို ကူးစက်ရာမှတဆင့် မီးလောင်ကျွမ်းခဲ့ကြောင်း မီးလောင်ပြင် တွင် ရောက်ရှိနေသော မီးသတ် တပ်ဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

“လမ်းက အရမ်းကျဉ်းတယ် ၊ မီးသတ်ကား တစ်စီးပြီးမှ တစ်စီးဝင်ရတယ်။’’
မျက်မြင်တွေ့ရှိသူ ဦးကံဇော် က ပြောသည်။

အဆိုပါ မီးမှာ ယနေ့နေ့လည် ၁၂ နာရီ ၄၅ မိနစ် တွင် စတင်လောင်ကျွမ်း ခဲ့ပြီး နေ့လည် ၁နာရီ ၂၅ မိနစ် တွင် မီးငြိမ်းကြောင်း မျက်မြင်တွေ့သူများ၏
ပြောကြားချက်အရ သိရသည်။

The Voice Weeklyမရမ်းကုန်းမြို့နယ် ၊ ၁ရပ်ကွက် ၊ ၄ လမ်းသွယ် တွင် လောင်ကျွမ်းခဲ့သည့်
မီးမှာ ယနေ့ နေ့လည် ၁ နာရီ ၂၅ မိနစ်တွင် မီးငြိမ်းသွားကြောင်း မျက်မြင်တွေ့ရှိသူများ၏ ပြောကြားချက် အရ သိရသည်။ အဆိုပါ မီးလောင်မှုမှာ အိမ်တွင် အသုံးပြုသော အင်ဗာတာ အပူလွန်ကဲ၍ ဂတ်စ်အိုးကို ကူးစက်ရာမှတဆင့် မီးလောင်ကျွမ်း ခဲ့ကြောင်း မီးလောင်ပြင် တွင် ရောက်ရှိနေသော မီးသတ် တပ်ဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

“လမ်းက အရမ်းကျဉ်းတယ် ၊ မီးသတ်ကား တစ်စီးပြီးမှ တစ်စီးဝင်ရတယ်။’’ မျက်မြင်တွေ့ရှိသူ ဦးကံဇော် က ပြောသည်။

အဆိုပါ မီးမှာ ယနေ့နေ့လည် ၁၂ နာရီ ၄၅ မိနစ် တွင် စတင်လောင်ကျွမ်း ခဲ့ပြီး နေ့လည် ၁နာရီ ၂၅ မိနစ် တွင် မီးငြိမ်းကြောင်း မျက်မြင်တွေ့သူများ၏ ပြောကြားချက်အရ သိရသည်။

From ; The Voice Weekly

No comments:

Post a Comment