Wednesday, January 23, 2013

ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့မှ အပြစ်မဲ့ ကုန်တင်ယာဉ် တစ်စီးအား မိုင်းဆွဲ တိုက်ခိုက်

Photo: ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့မှ အပြစ်မဲ့ ကုန်တင်ယာဉ် တစ်စီးအား မိုင်းဆွဲ တိုက်ခိုက်
Wednesday, January 23, 2013

၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂၂ ရက် ၁၇၃၀ နာရီတွင် မူဆယ်- လားရှိုး ကားလမ်းပေါ်ရှိ နမ့်အွမ်ရွာနှင့် သစ်တောရုံး အကြားရှိ နမ့်အွန်ရွာ အလွန်တွင် ဂျနီဗာ ကွန်ဗင်း ရှင်းပါ စစ်ရေး မဟုတ်သော အရပ်သား ပစ်မှတ်များ
ဖြစ်သည့် ပီအီး (၁၂)ဘီး ယာဉ်ဖြင့် ဖရဲသီးများ တင်ဆောင်၍ မန္တလေးမှ မူဆယ်ဘက်သို့ မောင်းနှင်လာသော ကုန်တင်ယာဉ် (၁)စီးအား ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူ များမှ ကြီးကြပ်မိုင်း (၁)လုံးဖြင့် အကြောင်းမဲ့ မိုင်းခွဲ တိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ ယာဉ်မောင်း (၁)ဦး၏ ဝဲဘက် ရင်အုံနှင့် ဝဲဘက် လက်ကောက် ဝတ်တို့တွင် ဒဏ်ရာ ရရှိခဲ့ပြီး မူဆယ် ဆေးရုံသို့ ပို့ဆောင် ကုသ ပေးခဲ့ရပါသည်။

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် သတင်း ထုတ်ပြန်ရေး အဖွဲ့၏ ၂၀၁၃ ခုနှစ် ဇန်နဝါရီ လ ၁၈ ရက်နေ့ သတင်း ထုတ်ပြန်ချက် (၃/၂၀၁၃) ထုတ်ပြန် ကြေညာ ခဲ့ပြီးသည့် နောက် ဇန်နဝါရီလ ၁၉ ရက်နေ့တွင်ပင်
ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့က စစ်ရေးနှင့် မသက်ဆိုင်သော အရပ်သား ပစ်မှတ်များကို အကြမ်းဖက် တိုက်ခိုက်ခဲ့ရာ ယခု အကြိမ်သည် (၉) ကြိမ်မြောက် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။

http://www.myawady.net.mm/allnews/headline/item/5128-2013-01-23-12-28-09#.UP-cwJ28B8E

မြ၀တီ
၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂၂ ရက် ၁၇၃၀ နာရီတွင် မူဆယ်- လားရှိုး ကားလမ်းပေါ်ရှိ နမ့်အွမ်ရွာနှင့် သစ်တောရုံး အကြားရှိ နမ့်အွန်ရွာ အလွန်တွင် ဂျနီဗာ ကွန်ဗင်း ရှင်းပါ စစ်ရေး မဟုတ်သော အရပ်သား ပစ်မှတ်များ ဖြစ်သည့် ပီအီး (၁၂)ဘီး ယာဉ်ဖြင့် ဖရဲသီးများ တင်ဆောင်၍ မန္တလေးမှ မူဆယ်ဘက်သို့ မောင်းနှင်လာသော ကုန်တင်ယာဉ် (၁)စီးအား ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူ များမှ ကြီးကြပ်မိုင်း (၁)လုံးဖြင့် အကြောင်းမဲ့ မိုင်းခွဲ တိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ ယာဉ်မောင်း (၁)ဦး၏ ဝဲဘက် ရင်အုံနှင့် ဝဲဘက် လက်ကောက် ဝတ်တို့တွင် ဒဏ်ရာ ရရှိခဲ့ပြီး မူဆယ် ဆေးရုံသို့ ပို့ဆောင် ကုသ ပေးခဲ့ရပါသည်။ 
 
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် သတင်း ထုတ်ပြန်ရေး အဖွဲ့၏ ၂၀၁၃ ခုနှစ် ဇန်နဝါရီ လ ၁၈ ရက်နေ့ သတင်း ထုတ်ပြန်ချက် (၃/၂၀၁၃) ထုတ်ပြန် ကြေညာ ခဲ့ပြီးသည့် နောက် ဇန်နဝါရီလ ၁၉ ရက်နေ့တွင်ပင် ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့က စစ်ရေးနှင့် မသက်ဆိုင်သော အရပ်သား ပစ်မှတ်များကို အကြမ်းဖက် တိုက်ခိုက်ခဲ့ရာ ယခု အကြိမ်သည် (၉) ကြိမ်မြောက် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။




From : မြ၀တီ

No comments:

Post a Comment