နာရီသုံးဆယ်ကျော်ကြာ လမ်းကြောင်းပိတ်ဆို့ခဲ့သည့် ဝေါတံတား ယမန်နေ့ည
ဇန်န၀ါရီ ၂၂ ရက် ၁၂ နာရီခွဲခန့်၌ ပြန်လည် ပွင့်သွားပြီ ဖြစ်ကြောင်း
ဝေါမြို့နယ် ရဲစခန်းမှသိရသည်။
“ခရီးသည်တင်ကားရော ကုန်တင်ကားပါ ဖြတ်သန်းနေပါပြီ”ဟု ဒုရဲအုပ်တစ်ဦးက ပြောသည်။
ဇန်န၀ါရီ ၂၁ ရက် မနက် ၃ နာရီခန့်က ဝေါတံတားနှင့် မြေတူးစက် (ဘက်ဖိုး)တင်ဆောင်လာသော ယာဉ်တို့ တိုက်မိရာမှ တံတားအပေါ် ထုတ်ဘောင်များ ပျက်စီးပြိုကျကာ
ယာဉ်အသွားအလာ ရပ်တန့်သွားခဲ့သည်။ လက်ရှိအချိန်တွင် ပျက်စီးသွားသော အပျက်အစီးများနှင့် တိုက်မိသော ယာဉ်နှင့် မြေတူးစက်အား ရှင်းလင်းဖယ်ရှားနိုင်ပြီဟု သိရသည်။
ဝေါတံတား ထိခိုက်ပျက်စီးမှုကြောင့် ယမန်နေ့က ရန်ကုန်-မော်လမြိုင် ခရီးသည်တင်ယာဉ်လိုင်းများ ခရီးစဉ်ဖျက်သိမ်းခြင်းများနှင့် ကုန်တင်ယာဉ်များ ကမ်းတစ်ဖက်တစ်ချက်တွင် ပိတ်မိခြင်းများ ဖြစ်ပွား ခဲ့သည်။
ယာဉ်မောင်းအား ပြစ်မှုနံပါတ် ၂၇၉/၄၀ ယာဉ်မဆင်မခြင်မောင်းနှင်မှုဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း ဝေါမြို့နယ် ရဲစခန်းမှ သိရသည်။
From ; Popular Myanmar News Journal

No comments:
Post a Comment