Thursday, March 7, 2013

ယခုနှစ် ရန်ကုန်သင်္ကြန်ပွဲတော်ကို စည်ကားစွာ ကျင်းပရန် စီစဉ်လျက်ရှိပြီး ယခင်နှစ်အတိုင်း ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်းနှင့် ကန်တော်ကြီး ကန်ပတ်လမ်းတို့တွင် ရေကစားမဏ္ဍပ် အများဆုံးခွင့်ပြုမည်

ယခုနှစ် ရန်ကုန်သင်္ကြန်ပွဲတော်ကို စည်ကားစွာ ကျင်းပရန် စီစဉ်လျက်ရှိပြီး ယခင်နှစ်အတိုင်း ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်းနှင့် ကန်တော်ကြီး ကန်ပတ်လမ်းတို့တွင် ရေကစားမဏ္ဍပ် အများဆုံးခွင့်ပြုမည်
Thursday, March 7, 2013

ယခုနှစ် ရန်ကုန်သင်္ကြန်ပွဲတော်ကို စည်ကားစွာ ကျင်းပနိုင်ရန် 
စီစဉ်လျက်ရှိပြီး ယခင်နှစ်များကဲ့သို့ပင် ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်းနှင့် ကန်တော်ကြီးပတ်လမ်းတို့တွင် ရေကစားမဏ္ဍပ်များစွာ ခွင့်ပြုမည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

''ဒီနှစ်သင်္ကြန်ကို စည်စည်ကားကားဖြစ်အောင် လုပ်မယ်။ အဲဒီအတွက် ကော်မတီတွေ ဖွဲ့ပြီး စနစ်တကျ လုပ်မှာဖြစ်တယ်'' ဟု ၄င်းက ပြောသည်။

ယခုနှစ် သင်္ကြန်ပွဲတော်အတွက် မဏ္ဍပ်ဆောက်လုပ်ခွင့်များကို ယခင်နှစ်ကအတိုင်းပင် အင်းယားလမ်း၊ တက္ကသိုလ်ရိပ်သာလမ်းတို့တွင် ခွင့်မပြုဘဲ ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်းနှင့် ကန်တော်ကြီး ကန်ပတ်လမ်းတို့တွင် အများဆုံး ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

မဏ္ဍပ်အရေအတွက်ကိုလည်း ယခင်နှစ်က ခွင့်ပြုခဲ့သည့် အရေအတွက်အတိုင်းသာ ခွင့်ပြုသွားရန် စီစဉ်နေသည်ဟု 
သိရသည်။

မဏ္ဍပ်ဆောက်လုပ်ခွင့် လျှောက်လွှာများကို သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ မတ် ၆ ရက်မှ မတ် ၁၅ ရက်နေ့အတွင်း လျှောက်ထားကြရမည်ဖြစ်သည်။            

မဏ္ဍပ်များကို ပေ ၁ဝဝ နှင့်အထက် မဏ္ဍပ်အကြီးများ၊ ပေ ၁ဝဝ နှင့် 
၅ဝ ကြား မဏ္ဍပ်အလတ်၊ ပေ ၅ဝ အောက်မဏ္ဍပ် အသေး စသည်ဖြင့် ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ မဏ္ဍပ်နေရာ ချထားပေးရေး ဆပ်ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ယခုနှစ် ရန်ကုန်မြို့တော်၌ သင်္ကြန်ပွဲတော် ကျင်းပနိုင်ရေး ပဏာမဆွေးနွေးမှုကို ဖေဖော်ဝါရီ ၅ ရက်က ပြုလုပ်ခဲ့ပြီး သင်္ကြန်မဏ္ဍပ်များ နေရာချထားပေးရေး ဆပ်ကော်မတီ၊ မဏ္ဍပ်များခိုင်ခံ့မှု စစ်ဆေးရေး ကော်မတီ၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှု ထိန်းသိမ်းရေး ကော်မတီ၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီ စသည်ဖြင့် ဖွဲ့စည်းပေးခဲ့သည်ဟု သိရသည်။

''ဒီနှစ် သင်္ကြန်ပွဲတော် လုပ်တဲ့အခါမှာ မနှစ်က သင်္ကြန်ပွဲတော်အပေါ် သုံးသပ်ချက်တွေ၊ ပြုပြင်ဖို့လိုတဲ့ အချက်တွေနဲ့ လုပ်မှာဖြစ်ပါတယ်။ ဥပမာ-မနှစ်သင်္ကြန် ဘယ်လမ်းတွေမှာ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်သလဲ။ အဲဒါတွေကို ဆင်ခြင်ပြီး လုပ်မယ် စတာမျိုးတွေပါ'' ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောကြားသည်။

ပြီးခဲ့သည့်နှစ်က ရန်ကုန်မြို့တော် သင်္ကြန်မဏ္ဍပ်အကြီးများကို ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်းနှင့် ကန်တော်ကြီး ကန်ပတ်လမ်းတို့တွင် အများဆုံးခွင့်ပြုခဲ့သည်။

ယခင်နှစ်များက မဏ္ဍပ်အများဆုံးဖြင့် စည်ကားခဲ့သော အင်းယားလမ်းနှင့် တက္ကသိုလ်ရိပ်သာ လမ်းတို့တွင်မူ ၂ဝ၁ဝ ပြည့်နှစ် သင်္ကြန်ပွဲတော်မှစ၍ မဏ္ဍပ်ဆောက်လုပ်ခွင့် မပြုတော့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂ဝ၁၁-၂ဝ၁၂ ခုနှစ် သင်္ကြန်ကာလက ရန်ကုန်မြို့ ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်းနှင့် ကန်တော်ကြီး ကန်ပတ်လမ်း အပါအဝင် လမ်းမကြီးအချို့ပေါ်တွင် ရေကစားမဏ္ဍပ် အကြီး စုစုပေါင်း ၄ဝ ကျော်
အနက် ကန်တော်ကြီးကန်ပတ်လမ်းတွင် မဏ္ဍပ်အကြီး ၂ဝ ဖြင့် အများဆုံးဖြစ်ခဲ့ကြောင်း၊ ရန်ကုန်တစ်မြို့လုံး ရေကစားမဏ္ဍပ်ပေါင်း ၁ဝဝ ကျော်ရှိခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ မဏ္ဍပ်ကိုလည်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးဝန်းကျင်တွင် ပြုလုပ်မည်ဖြစ်ပြီး ရန်ကုန်တိုင်းအတွင်း အခမ်းနားဆုံး အစိုးရဌာနဆိုင်ရာ မဏ္ဍပ်အဖြစ် ပြုလုပ်ရန် စီစဉ်ထားသည်ဟု သိရသည်။

ဓာတ်ပုံ - ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ရန်ကုန်သင်္ကြန် မြင်ကွင်း

Eleven Media Group
ယခုနှစ် ရန်ကုန်သင်္ကြန်ပွဲတော်ကို စည်ကားစွာ ကျင်းပနိုင်ရန် စီစဉ် လျက်ရှိပြီး ယခင်နှစ်များကဲ့သို့ပင် ပြည်လမ်း၊ ကမ္ဘာအေးစေတီ လမ်းနှင့် ကန်တော်ကြီးပတ်လမ်းတို့တွင် ရေကစားမဏ္ဍပ်များစွာ ခွင့်ပြု မည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူ တစ်ဦး က ပြောသည်။

မူဆယ်မြို့ အားမြို့ပြစီမံကိန်းရေးဆွဲ၍ အကောင်အထည်ဖော်တည် ဆောက်ရန် အမျိုးသားလွှတ်တော်တွင်ဆွေးနွေး

ကေအိုင်အေ (ကချင်) အဖွဲ့မှ နယ်မြေခံ ပြည်သူ များအား တောင်ယာ လုပ်ငန်းများ လုပ်ကိုင် ခြင်း မပြုရန် တားမြစ်

သစ်ကားများကို KIA မှ ဂိတ်ဖွင့်ပြီးအခွန်ကောက်ခံ

သစ်ကားများကို KIA မှ ဂိတ်ဖွင့်ပြီးအခွန်ကောက်ခံ

မန်စီမြို့နယ် ကိုင်းချောင်းရွာ အနီးတွင် KIA မှ ဂိတ်ဖွင့်ပြီး သစ်ကားများအား အခွန်ကောက်ခံနေ ကြောင်းသိရှိရပါသည်။ သစ်ကားတစ်စီးကို သစ်များတင်ဆောင်လာလျှင် ၁သိန်း၂သောင်းနှင့် သစ်များ တင်ဆောင်လာခြင်းမရှိပါက ၅သောင်းနှုန်းဖြင့် ကားသမားများထံမှ ကောက်ခံနေကြောင်း၊ သစ်များ ခုတ်ယူ သူများသည် KIA နှင့်နီးစပ်သူများ၊ တရုတ်သစ်လုပ်သမားများဖြစ်ပြီး သစ်ခုတ်ယူမှု ပို့ဆောင်မှုတို့တွင် လည်း KIA မှသာ သေနတ်တကားကားနဲ့ ပိုက်ဆံယူကာ လုံခြုံရေး လုပ်ပေးနေသည်ဟု အလုပ်သမားတစ်ဦး၏ ပြောဆိုချက်အရ သိရှိရသည်။

KIA သည် အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်သောကြောင့် တိုက်ပွဲတွေ မရှိသလောက် နည်းပါးနေချိန်တွင် သစ်များနှင့် ကချင်ပြည်နယ်ရှိအခြား အဖိုးတန် သယံဇာတ များကို ထုတ်ယူပြီး ၎င်းတို့၏အင်အားဖြည့်တင်းမှုများ လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောဆိုနေကြ ပါသည်။ 

KIA မှ သစ်များကို ကိုယ်တိုင်ထုတ်ယူခြင်း၊ တရုတ်နိုင်ငံသားများနှင့်ပူးပေါင်း၍ ကာကွယ်ပေးကာ သစ်များကိုထုတ်ယူခြင်းများကိုပြုလုပ်ခြင်းအပြင် သစ်ကားများထံမှ အခွန်ငွေများကို ကောက်ခံနေခြင်းကြောင့် တစ်နေ့ကို သိန်ရာချီရရှိနေကြောင်း၊ ခုတ်ယူပြီးသစ်များကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းချနေကြောင်း သစ်ကား မောင်းသမားများ၏ ပြောဆိုမှုရသိရှိရပါသည်။

Kachin Daily News
မန်စီမြို့နယ် ကိုင်းချောင်းရွာ အနီးတွင် KIA မှ ဂိတ်ဖွင့်ပြီး သစ်ကား များအား အခွန်ကောက်ခံနေ ကြောင်းသိရှိရပါသည်။ သစ်ကား တစ်စီး ကို သစ်များတင်ဆောင်လာလျှင် ၁သိန်း၂သောင်းနှင့် သစ်များ တင်ဆောင်လာခြင်းမရှိပါက ၅သောင်းနှုန်းဖြင့် ကားသမား များထံမှ ကောက်ခံနေကြောင်း၊ သစ်များခုတ်ယူသူများသည် KIA နှင့်

အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းနှင့်တစ်ကွ အာဇာနည် ခေါင်းဆောင်ကြီးများ၏ အာဇာနည်ဗိဗ္မာန်ကို နိုင်ငံတော်အဆင့် ပြုပြင်ထိန်းသိမ်းပြီး အများပြည်သူ ဂါရဝပြုနိုင်ရန် (၁)ပတ်လျှင် (၆)ရက် ဖွင့်လှစ်ပေးသွားမည်

အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းနှင့်တစ်ကွ အာဇာနည် ခေါင်းဆောင်ကြီးများ၏ အာဇာနည်ဗိဗ္မာန်ကို
နိုင်ငံတော်အဆင့် ပြုပြင်ထိန်းသိမ်းပြီး အများပြည်သူ ဂါရဝပြုနိုင်ရန် (၁)ပတ်လျှင် (၆)ရက် ဖွင့်လှစ်ပေးသွားမည်
Thursday, March 7, 2013

ယနေ့ကျင်းပပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး၂၃ ရက်မြောက်နေ့ ၇-၃-၂၀၁၃ (ကြာသပတေးနေ့) တွင် ဦးဖြိုးမင်းသိန်း၊ လှည်းကူး မဲဆန္ဒနယ်၏ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်ကို အများပြည်သူ ဂါရ၀ပြုနိုင်ရန်အတွက် နေ့စဉ် ဖွင့်လှစ်ထားရန်နှင့် နိုင်ငံတော် အဆင့် ပြုပြင်ထိန်းသိမ်းမှုများ ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်းအား

ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင်၏ ရှင်းလင်းဖြေကြားချက် (အကျဉ်းချုပ်)

၁။ ပြည်ထောင်စုအစိုးရက ရန်ကုန်တိုင်းဒေသကြီးအစိုးရသို့ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း လွှဲပြောင်းပေးခဲ့ပြီး လက်ရှိအချိန်တွင် တိုင်းဒေသကြီးအစိုးရက နိုင်ငံတော်အဆင့် ပြုပြင်ထိန်းသိမ်းမှုများ
ဆောင်ရွက်လျက် ရှိသည်။

၂။ လက်ရှိ ဆောင်ရွက်လျက်ရှိသော နိုင်ငံတော်အဆင့် ပြုပြင်
ထိန်းသိမ်းမှုများဆောင်ရွက်ပြီးစီးပါက အာဇာနည်ဗိဗ္မာန်အား အများပြည်သူ ဂါရဝပြုနိုင်ရန်အတွက် ရက်သတ္တပတ် တစ်ပတ်လျှင် ပိတ်ရက် (၁)ရက်သာ ထားရှိပြီး ဖွင့်လှစ်ပေးရန် စီစဉ်ထားပြီး ဖြစ်သည်။

၃။ ပြည်ပနိုင်ငံဧည့်သည်များ လာရောက်ရာတွင် Official Visit မှာ နေပြည်တော်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း သွားလာလိုသော အစီအစဉ်များကို ဧည့်သည်နိုင်ငံ၏ ဆန္ဒအရ နိုင်ငံခြားရေးဝန်ကြီးဌာနက ညှိနှိုင်း ဆောင်ရွက်ပေးလျက် ရှိသည်။

Hmuu Zaw

ယနေ့ကျင်းပပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်းအဝေး၂၃ ရက်မြောက်နေ့ ၇-၃-၂၀၁၃ (ကြာသပတေးနေ့ ) တွင် ဦးဖြိုးမင်းသိန်း၊ လှည်းကူး မဲဆန္ဒနယ်၏ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ၏

ခရီးသည်တင် အစားထိုးယာဉ်သစ်များ စီအင်န်ဂျီ မလောက်ငသဖြင့် ရပ်ထားရ

ငွေစက္ကူအတုအား မည်ကဲ့သို့ထိန်းချုပ်မည်ကို သိရှိလို

ကချင်ပြည်နယ်အတွင် ၅၀၀၀တန်အတု ထုတ်လုပ်သည့် ကိစ္စဖြစ်ပွားပြီးနောက် ငွေကျပ် (၅၀၀၀)တန် အတုများ   မြန်မာ့စီးပွားရေး ဘဏ်နှင့် ပုဂ္ဂလိကဘဏ် အသီးသီးတွင် လည်ပတ်မှုရှိနေပါက မည်ကဲ့သို့ ထိန်းချုပ် မည်နည်းဆိုသည့်  စပ်လျဉ်းသည့်မေးခွန်းအား မိုးမောက် မဲဆန္ဒနယ်ဦးဇော်ထွန်း က ပြည်သူ့ လွှတ်တော်၌ ယနေ့ မေးမြန်းခဲ့သည်။
 

တရုတ်နိုင်ငံက ကာကွယ်ရေး ကဏ္ဍတွင် ငွေကြေးတိုးမြှင့် သုံးစွဲသွားမည်

ပြင်စရာမလိုသော အသက်ပါသည့် ကား Audi A9

ပြင်စရာမလိုသော အသက်ပါသည့် ကား Audi A9

ဂျာမနီ မော်တော်ယာဉ်ထုတ်လုပ်ရေး ကုမ္မဏီ အော်ဒီ (Audi) ထုတ် ကားများလည်း မြန်မာပြည် ရောက်ပါတယ်။ အများစုကတော့ ဂျပန်လေလံ က ဖြစ်ပြီး ဆလွန်း၊ SUV စုံစုံလင်လင်ရောက်ရှိပါတယ်။ အကယ်၍ ပုံမှာ ဖော်ပြထားတဲ့ကားသာ တကယ်ထွက်ပေါ်လာရင် လည်း မြန်မာပြည်ရောက်ဖို့ မျော်လင့်ပါတယ်။

တစ်ခုခုနဲ့တိုက်လို့ ကားဘော်ဒီမှာ ချိုင့်ဝင်သွားတာ၊ အရောင်ပွန်းသွားတာ မျိုးဆိုရင် ကားက အလိုအလျောက် ပြန်ပြင်ပေးပါတယ်။ ကိုယ်တိုင် ပြင်စရာ မလိုပါဘူး။ ဆေးရောင်လည်း ကိုယ်လိုသလို ပြောင်းလဲနိုင်ပါတယ်။ ပုတ်သင်ညိုတို့တောင် အရောင် ၄၊ ၅ မျိုးထက် ပိုမပြောင်းနိုင်ပေမယ့် Audi A9 ဆလွန်းကတော့ အရောင်မျိုးစုံ ပြောင်းလဲနိုင်ပါတယ်။ ကိုယ်တိုင် လည်း ပြန်ပြင်တယ်၊ အရောင်လည်းပြောင်းတယ်ဆိုတော့ အသုံးပြုတဲ့ နည်းပညာကို လူတိုင်း စိတ်ဝင်စားကြမှာ ဖြစ်ပါတယ်။

ကိုယ်တိုင်ပြန်ပြင်ရလောက်အောင် အသက်သွင်းပေးထားတာကတော့ နာနို နည်းပညာ (Nanotechnology) ဖြစ်ပါတယ်။ နာနို နည်းပညာဟာ ၁၉၇၀ နောင်းပိုင်းက စပေါ်ပေမယ့် ၂၁ ရာစုမှာ လွမ်းမိုးလာတဲ့ နည်းပညာ ဖြစ်ပါတယ်။ ဆံပင်တစ်မွေးစာရဲ့ တစ်ထောင်ပုံတစ်ပုံ အရွယ်အစား ပစ္စည်းကို လူသုံးကုန်ပစ္စည်းတွေမှာ အသုံးပြုလာခြင်းဟာ အံ့မခန်း ပြောင်းလဲတိုးတက်လာတဲ့ နည်းပညာ ဖြစ်ပါတယ်။ ဒီအတွက် အဓိကလိုအပ်ချက်က အသုံးပြုမယ့် သတ္တုအမျိုးအစားပဲ ဖြစ်ပါတယ်။

ကားဘော်ဒီပြင်တစ်ခုလုံးမှာ နာနိုနည်းပညာသုံး အလွာတစ်ခုလုံးခြုံလွမ်း ထားပါမယ်။ အပူချိန်ကြေင့်သော်လည်းကောင်း၊ အက်ဆီးဒန့်ကြောင့်သော် လည်းကောင်း တစ်နေရာရာက တွန့်လိမ်သွားရင် နာနိုနည်းပညာသုံး ကားဘော်ဒီအလွှာက အလိုလို ပုံမှန်အနေအထားသို့ ပြန် လည် ရောက်ရှိ ပါတယ်။ Electronic Painting နည်းပညာလည်း ပါဝင်တဲ့အတွက် လိုအပ်တဲ့ အရောင်ကို ခလုတ်နှိပ်ပြီး ပြောင်းရုံပဲ ဖြစ်ပါတယ်။

ဟိုင်းဘရစ်ဗားရှင်းနဲ့ထုတ်လုပ်မယ်လို့ ကြားနေရပါတယ်။ အကယ်၍ ထုတ်လုပ်မယ်ဆိုရင်တော့ အနာဂတ်မှာ လျှပ်စစ်ကိုသာ အသားပေး အသုံးပြုရမှာ ဖြစ်ပါတယ်။ လက်ရှိကတော့ လောင်စာဆီသုံး အင်ဂျင်ကို လျှပ်စစ်မော်တာလေးလုံးနဲ့ ဘီးလေးလုံးမှာ ထပ်မံအားဖြည့်ပေး ထားမယ်လို့ ဆိုပါတယ်။ ကားကို ခေတ်မှီနည်းပညာများဖြင့်သာ အလုပ်လုပ် စေတဲ့ အတွက် အော်တို စနစ်တွေ ပါဝင်မှု များပြားမှာ ဖြစ်ပါတယ်။

မဝေးတော့တဲ့အနာဂတ်မှာ ထုတ်လုပ်ဖို့ ဂျာမနီ Audi တို့ရေးဆွဲထားတဲ့ ဒီဇိုင်း ဖြစ်ပြီး ကုန်ကြမ်း အလွယ်တကူ ရရှိဖို့အတွက် ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
--
Ref:Audi
ColayOnline:Automobile

ဇင်ယော်
http://www.facebook.com/ZinYawNews
ဂျာမနီ မော်တော်ယာဉ်ထုတ်လုပ်ရေး ကုမ္မဏီ အော်ဒီ (Audi) ထုတ် ကားများလည်း မြန်မာပြည် ရောက်ပါတယ်။ အများစုကတော့ ဂျပန်လေလံ က ဖြစ်ပြီး ဆလွန်း၊ SUV စုံစုံလင်လင်ရောက်ရှိပါတယ်။ အကယ်၍ ပုံမှာ ဖော်ပြထားတဲ့ကားသာ တကယ်ထွက်ပေါ်လာရင် လည်း မြန်မာပြည်ရောက်ဖို့ မျော်လင့်ပါတယ်။

စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခြင်း ခံခဲ့ရသည့် ဆက်သွယ်ရေး ၀န်ထမ်းအချို့ ပြန်လည် တာဝန်ထမ်းဆောင်နေပြီ ဖြစ်သော်လည်း အမှုပိတ်သိမ်းခြင်း မရှိသေး

စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခြင်း ခံခဲ့ရသည့် ဆက်သွယ်ရေး ၀န်ထမ်းအချို့ ပြန်လည် တာဝန်ထမ်းဆောင်နေပြီ ဖြစ်သော်လည်း အမှုပိတ်သိမ်းခြင်း မရှိသေး
Thursday, March 7, 2013

စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခြင်းခံခဲ့ရသည့် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ၀န်ထမ်းအချို့ မတ်လဆန်းပိုင်းမှ စတင်ကာ ပြန်လည် တာဝန်ထမ်းဆောင်နေပြီ
ဖြစ်သော်လည်း အမှုမှာပိတ်သိမ်းခြင်း မရှိသေးကြောင်း သိရှိရသည်။

ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ
ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခြင်းခံရသူများတွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီးဟောင်း ဦးသိန်းထွန်း အပါအ၀င် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ အင်ဂျင်နီယာချုပ်နှင့် အခြားတာဝန်ရှိသူများ ပါဝင်ခဲ့သည်ဟု သိရှိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မှုခင်းဌာန၊ ဒုတိယရဲမှူးကြီး ၀င်းစိန်က "ဆက်သွယ်ရေး ၀န်ကြီးဌာနက တာဝန်ရှိသူတွေကို နေပြည်တော်၊ ဘုရားကုန်းရဲစခန်းကနေ ပုဒ်မ ၄၀၉ (နိုင်ငံပိုင်ပစ္စည်း အလွဲသုံးစားမှု) နဲ့ အမှုဖွင့် အရေးယူထားတာ ဖြစ်ပါတယ်။ ဒီအတွက် ရဲလုပ်ထုံးလုပ်နည်းတွေအတိုင်း ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့နောက်ပိုင်း တရားစွဲဆိုတဲ့အခါမှာ အထောက်အထား မခိုင်လုံရင် စစ်ဆေးခံရတဲ့ သူတွေကို ပြန်လွတ်ပေးလို့ ရပါတယ်။ ခိုင်လုံရင် ပြန်လွတ်ပေးလို့ မရပါဘူး။ လွတ်တယ်၊ မလွတ်ဘူးဆိုတာ ကျွန်တော်တို့ဆီကို အစီအရင်ခံစာ မရောက်သေးပါဘူး။ လက်ရှိအချိန်မှာ ရဲစခန်းကနေ ဒီအမှုပိတ်တာ မရှိသေးပါဘူး" ဟု မတ်လ ၆ ရက်က
ပြောကြားသည်။
စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခြင်းခံခဲ့ရသည့် ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာဝန်ကြီးဌာနမှ ၀န်ထမ်းအချို့ မတ်လ ဆန်းပိုင်းမှစတင်ကာ ပြန်လည် တာဝန်ထမ်းဆောင်နေပြီ  ဖြစ်သော် လည်း အမှုမှာပိတ်သိမ်းခြင်း မရှိသေးကြောင်း သိရှိရ သည်။

အမေရိကန်နိုင်ငံသို့ ကျောက်စိမ်း၊ ကျောက်မျက်များ တိုက်ရိုက် တင်ပို့နိုင်ရန် ကြိုးပမ်းမည်

အမေရိကန်နိုင်ငံသို့ ကျောက်စိမ်း၊ ကျောက်မျက်များ တိုက်ရိုက်
တင်ပို့နိုင်ရန် ကြိုးပမ်းမည်
Thursday, March 7, 2013

အမေရိကန်နိုင်ငံသို့ ကျောက်စိမ်း၊ ကျောက်မျက်များ တိုက်ရိုက်တင်ပို့နိုင်ရန် အတွက် The Burmese Freedom and Democracy Act 2003 ကို အပြီးသတ် ရုပ်သိမ်းနိုင်ရေးအတွက် တစ်ဆင့်ပြီးတစ်ဆင့် ကြိုးပမ်း
ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဇင်ယော်က မတ်လ ၆ ရက်နေ့က ကျင်းပသည့် အမျိုးသားလွှတ်တော် တွင် ပြောကြားခဲ့သည်။

"ကျောက်စိမ်းကျောက်မျက် တင်ပို့မှုနဲ့ ပတ်သက်ပြီး ပိတ်ဆို့ထားတဲ့ ဥပဒေတွေဟာ အမေရိကန်ပြည်ထောင်စုရဲ့ ကွန်ဂရက်က ချမှတ်ထားတဲ့ ဥပဒေတွေ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ စနစ်အရ ဥပဒေတစ်ရပ်ကို အပြီးအပိုင် ပယ်ဖျက်ရန် ကြိုးပမ်းမှုမှာတော့ နိုင်ငံရေးအရ၊ ဥပဒေရေးအရနဲ့ နည်းပညာပိုင်းဆိုင်ရာ ရှုထောင့်များမှ အဆင့်ဆင့် ညှိနှိုင်းဆောင်ရွက်သွားဖို့ လိုပါတယ်။ နိုင်ငံတော်အစိုးရနဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာနတို့ဟာ စီးပွားရေးအရ ပတ်ဆို့ကန့်သတ်မှုများ လုံးဝ ရုပ်သိမ်းရေးကို တစ်စိုက်မတ်မတ် တောင်းဆိုလျက် ရှိပါတယ်" ဟု ဒုတိယ၀န်ကြီး ဦးဇင်ယော်က ပြောကြားခဲ့သည်။

ပိတ်ဆို့ထားသည့် ဥပဒေများ ရုပ်သိမ်းရေးအတွက် ဥပဒေပိုင်း၊ နည်းပညာပိုင်းအရ လေ့လာအကြံပြုနိုင်မည့် ကျွမ်းကျင်သည့် ဥပဒေပညာရှင်များ၊ လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်
အချင်းချင်း ထိတွေ့တောင်းဆိုရန်လိုကြောင်း၊ The Burmese Freedom and Democracy Act 2003 အရ မြန်မာနိုင်ငံမှ သွင်းကုန်များအပေါ် ပိတ်ပင်ထားရှိမှုများကို အထွေထွေ လိုင်စင်ထုတ်ပေးခြင်း၊ ယာယီကင်းလွတ်ခွင့် ပေးခြင်းတို့ကို ဖြေလျော့ပေးလာကြောင်း၊ ဒါ့အပြင် မြန်မာနိုင်ငံသို့ သွားရောက်ရင်းနှီးမြှုပ်နှံခွင့်၊ ငွေကြေး
လွှဲပြောင်းခွင့်၊ နိုင်ငံတကာငွေ ကြေးရန်ပုံငွေ အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ခွင့် ပြုခြင်းများကို ဖြေလျော့ပေးမှုများ ရှိလာပြီဖြစ်ကြောင်း ဒုတိယ၀န်ကြီး ဦးဇင်ယော်က ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စု၏ ကွန်ဂရက်မှ ပိတ်ပင်ထားမှု ဖြေလျော့
ရုပ်သိမ်းရေး၊ ပိတ်ဆို့မှုများ ရုပ်သိမ်းရေးအတွက် အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုသာမက၊ ဥပဒေပိုင်းဆိုင်ရာ၊ နည်းပညာပိုင်းရာ ပညာရှင်များ၊ လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များ၊ လူမှုအသိုင်းအ၀န်း အားလုံးက တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း ဒုတိယ၀န် ကြီးဦးဇင်ယော်က ပြောကြားခဲ့သည်။

Eleven Media Group
အမေရိကန်နိုင်ငံသို့ ကျောက်စိမ်း၊ ကျောက်မျက်များ တိုက်ရိုက် တင်ပို့ နိုင်ရန်အတွက် The Burmese Freedom and Democracy Act 2003 ကို အပြီးသတ် ရုပ်သိမ်းနိုင်ရေးအတွက် တစ်ဆင့်ပြီးတစ်ဆင့် ကြိုးပမ်း
ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးဇင်ယော်က မတ်လ ၆ ရက်နေ့က ကျင်းပသည့် အမျိုးသား လွှတ်တော်တွင် ပြောကြားခဲ့သည်။

ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို နောက်ပြန်လန်ကျသွားနိုင်သော စိန်ခေါ်မှုများရှိသည့်တိုင် ရှေ့ကို ဆက်လက်ချီတက်ရန် ရဲရဲဝံ့ဝံ့ ဖော်ဆောင်သွားမည်ကို ကတိပြုကြောင်း နိုင်ငံတော်သမ္မတ ပြောကြား

ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို နောက်ပြန်လန်ကျသွားနိုင်သော စိန်ခေါ်မှုများရှိသည့်တိုင် ရှေ့ကို ဆက်လက်ချီတက်ရန် ရဲရဲဝံ့ဝံ့
ဖော်ဆောင်သွားမည်ကို ကတိပြုကြောင်း နိုင်ငံတော်သမ္မတ ပြောကြား
Thursday, March 7, 2013
    
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို နောက်ပြန်လန်ကျသွားစေနိုင်သော စိန်ခေါ်မှုများ ရှိလာသည့်တိုင် မိမိတို့အနေဖြင့် ရှေ့ကိုသာ ဆက်လက် ချီတက်သွားရန် ရဲရဲဝံ့ဝံ့ ဖော်ဆောင်သွားမည်ကို ကတိပြုနိုင်ကြောင်း
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မတ်လ ၅ ရက်နေ့တွင် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ရှိ ဥရောပကော်မရှင်ရုံး၌ ဥရောပ ကော်မရှင်ဥက္ကဋ္ဌ Mr.Jose Manual Barroso နှင့် တွေ့ဆုံဆွေးနွေးမှုအပြီး သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများအား ပြောကြားခဲ့သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မိမိတို့မြန်မာနိုင်ငံ၌ အလွန်အရေးကြီးသော နိုင်ငံ၏ အလှည့်အပြောင်းဟု ဆိုရမည့် အသွင်ကူးပြောင်းရေးကို လုပ်ဆောင်နေချိန်၊ စစ်အုပ်ချုပ်ရေးစနစ်မှ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်သို့ စတင်ကူးပြောင်းချိန်၊ ဗဟိုဦးစီး စီးပွားရေးစနစ်မှ လွတ်လပ်သော ဈေးကွက်စီးပွားရေးစနစ်သို့ စတင် ကူးပြောင်းချိန်၊ ကာလကြာရှည်စွာ ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်မီးကို
ငြှိမ်းပြီး ထာဝရငြိမ်းချမ်းရေးကို စတင်ဖော်ဆောင်နေချိန်တွင် မိမိအနေဖြင့် နိုင်ငံတော်သမ္မအဖြစ် တာဝန်ယူရသည့်အတွက် အလွန်ပင်ဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ထွန်းတိုးတက်မှုများ ရှိသကဲ့သို့ ပြုပြင်
ပြောင်းလဲရေး ကာလတွင် မလွဲမရှောင်သာ ပွတ်တိုက်မှုများ၊ တင်းမာမှုများနှင့် ဆန့်ကျင်မှုများလည်း ကြုံတွေ့ခဲ့ရကြောင်း၊ အပြောင်းအလဲကာလတွင် အခက်အခဲနှင့် စိန်ခေါ်မှုများ မလွဲမသွေ ကြုံတွေ့ရနိုင်သည်ကို နားလည်ထားပါကြောင်းနှင့် အချို့အခက် အခဲများသည် ဖြတ်ကျော်နိုင်ရန် အလွန်ခက်ခဲသည်ကို သိရှိထားကြောင်း၊ ယင်းအခက်အခဲများ စိန်ခေါ်မှုများကို လွှတ်တော်၊ တရားရေးမဏ္ဍိုင်၊ တပ်မတော်၊ တိုင်းရင်းသားအင်အားစုများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် ပြည်သူအားလုံးက ပူးပေါင်းပြီး ကြံကြံခံ ရင်ဆိုင်သွားနိုင်ကြလိမ့်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေး အပြောင်းအလဲကို ဖွဲ့စည်းပုံ အခြေခံဥပဒေ၊
ရွေးကောက်ပွဲများ၊ နိုင်ငံရေးပါတီများနှင့် လွှတ်တော်များ၏ အခန်းကဏ္ဍ စသည်တို့အပေါ်၌သာ အာရုံစိုက်ပြီး အသားပေး ပြောဆိုနေကြ သည်ကို တွေ့ရပါကြောင်း၊ မိမိအနေဖြင့် ယင်းကိစ္စများထက် သာမန်ပြည်သူတစ်ဦး၏ အခက်အခဲနှင့် အကျပ်အတည်းများမှ လွတ်မြောက်ပြီး ပိုမိုကောင်းမွန်သော ဘ၀များ တည်ဆောက်နိုင်ရေးနှင့် လူတန်းစေ့ ဘ၀ရပ်တည်နိုင်ရေးကို ဦးစားပေး အာရုံစိုက်ကြောင်း၊ မိမိဆိုလိုသည့် သာမန်ပြည်သူဆိုသည်မှာ ပညာရေး ချို့တဲ့မှုကြောင့် ကာယကို အသုံးပြုပြီး ၀င်ငွေရှာရသော ထွန်ယက်စိုက်ပျိုး စားသောက်ရန်အတွက် လယ်မြေတစ်ကွက်တောင် မပိုင်ဆိုင်ဘဲ အကြွေးနွံနစ်ပြီး မိသားစုကို ၀လင်အောင် မကျွေးနိုင်သည့် မိသားစု၊ ဆွေမျိုးနှင့် မိတ်ဆွေများကို စွန့်ခွာပြီး အိမ်နီးချင်းနိုင်ငံများတွင်
နှစ်ပေါင်းရှည်ကြာ လုပ်ကိုင်နေကြသော လုံလောက်သည့် ကျန်းမာရေး စောင့်ရှောက်မှု၊ ရေကောင်းရေသန့်နှင့် လျှပ်စစ်မီး 
စသည်တို့ မရရှိနိုင်သေးသော သန်းပေါင်းများစွာသော ပြည်သူများကို ရည်ညွှန်းခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက မြန်မာနိုင်ငံတွင်
ပေါ်ပေါက်ခဲ့ရသည့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ဓမီးကို အဆုံးသတ်ပြီး ရေရှည်တည်တံ့ တရားမျှတသော ငြိမ်းချမ်းရေး ရရှိရန်အတွက် နိုင်ငံရေး ဆွေးနွေးပွဲများမှတစ်ဆင့် အားလုံးသဘောတူ လက်ခံသည့် ရလဒ်တစ်ခု ထွက်ပေါ်လာသည်အထိ ကြိုးပမ်း သွားမည်ဖြစ်ကြောင်း၊ လွန်ခဲ့သည့် ၁၈ လအတွင်း တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့နှင့် အပစ်အခတ်ရပ်စဲနိုင်ခဲ့ပြီး ကျန်ရှိသည့် အဓိကလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သော KIO အဖွဲ့နှင့်လည်း ဆွေးနွေးညှိနှိုင်းမှုများ အရှိန်အဟုန်မြှင့်
ဆောင်ရွက်လျက်ရှိပါကြောင်းလည်း သမ္မတဦးသိန်းစိန်က ပြောကြားသည်။

ဥရောပသမဂ္ဂ၏ စီးပွားရေး ပိတ်ဆို့မှုများကို ဖြေလျှော့ပေးခြင်းနှင့်အတူ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းမှုများကို တိုးမြှင့်ပေးခဲ့သည့် အတွက် ကျေးဇူးတင်ရှိကြောင်းနှင့် အကူအညီ အထောက်အပံ့များ အပေါ်၌သာ ရပ်တည်နေမည်မဟုတ်ဘဲ ရေရှည်တွင် ကိုယ့်ခြေထောက်ပေါ် ရပ်တည်နိုင်သည့် ဂုဏ်သိက္ခာရှိသော နိုင်ငံဖြစ်အောင် ကြိုးပမ်းမည်
ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ 

Eleven Media Group

ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို နောက်ပြန်လန်ကျသွားစေနိုင်သော စိန်ခေါ်မှုများ ရှိလာသည့်တိုင် မိမိတို့အနေဖြင့် ရှေ့ကိုသာ ဆက်လက်ချီတက်သွားရန် ရဲရဲဝံ့ဝံ့ ဖော်ဆောင်သွားမည်ကို ကတိပြုနိုင်ကြောင်းနိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မတ်လ ၅ ရက်နေ့တွင် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ရှိ ဥရောပကော်မရှင်

ဘုရားဖူးများနှင့် နိုင်ငံခြား ဧည့်သည်များ အဝင်အထွက် များလာခြင်း တို့ကြောင့် ပခုက္ကူ ရှင်မတောင် သနပ်ခါး ဈေးကွက် ပိုမိုရောင်းအား ကောင်းလာ



ဘုရားဖူးများနှင့် နိုင်ငံခြား ဧည့်သည်များ အဝင်အထွက် များလာခြင်း တို့ကြောင့် ပခုက္ကူ ရှင်မတောင် သနပ်ခါး ဈေးကွက် ပိုမိုရောင်းအား
ကောင်းလာ
Thursday, March 7, 2013

ယခု ပွင့်လင်းရာသီ ကာလအတွင်း ခရီးသွား ဧည့်သည် များလာခြင်း၊ ဘုရားဖူးဧည့် အလာများခြင်း၊ လမ်းပန်းဆက်သွယ်မူ အားကောင်းလာခြင်း တို့ကြောင့် ပခုက္ကူဒေသ သနပ်ခါးဈေးကွက် ကြီးမား ကျယ်ပြန့်လာပြီး ယခင်နှစ်များထက် ရောင်းအား မြင့်တက်လာကြောင်း သိရသည်။

ပခုက္ကူဒေသ ရှင်မတောင် သနပ်ခါးသည် ပြည်တွင်းသာမက ပြည်ပအထိ ပျံ့နှံ့၍ ပခုက္ကူသို့ ရောက်သူတိုင်း အိမ်အပြန်လက်ဆောင်အဖြစ် ဝယ်ယူကြသည်။ သနပ်ခါးဈေးကွက် တွင်ကျယ်လာသည်နှင့် အမျှ သနပ်ခါး ရောင်းဝယ်သူ စိုက်ပျိုးသူများ တစ်နှစ်ထက် တစ်နှစ် များပြားလာသည်။ 

သနပ်ခါးပင်သည် လူတစ်ရပ်ခန့် ရှိပြီး အပွေးကောင်းလျှင်
ကောင်းသလောက် တစ်ပင်လျှင် ငွေကျပ် ၃ဝဝဝဝ မှ ငွေကျပ် ၅ဝဝဝဝ ဝန်းကျင်ဈေး ပေါက်လျက်ရှိပြီး သနပ်ခါးပင်ကို ပခုက္ကူဒေသရှိ ဘုန်းတော်ကြီးကျောင်းများ၊ ကျေးရွာများ အပြင်၊ ငွေကြေးတတ်နိုင်သူ များက စီးပွားဖြစ် အပင်ရေ ၃ဝဝဝ မှ ၅ဝဝဝ နီးပါး စိုက်ပျိုးလာကြောင်း သိရသည်။ သနပ်ခါးခြံ တစ်ခြံလျှင် အပင်ရေနှင့် သက်တမ်းပေါ် မူတည်၍ ငွေကျပ်သိန်း ၅ဝဝ အထိ အရောင်းအဝယ် ဖြစ်နေသည်။ 

''သနပ်ခါးပင်က နှစ်ရှည်ပင် ဆိုတော့ ကြားထဲမှာ သီးထပ်သီးညှပ် စိုက်ထားရတယ်။ သနပ်ခါးဈေးကလည်း ကောင်းလာတဲ့ အတွက် အပျောက်အရှကလည်း ရှိလာတယ်။ အစောင့်၊ မျှော်စင်နဲ့ ထားရတယ်။ အပင်သက်တမ်းရင့်လျှင် ရင့်သ လို ဈေးကောင်းတော့ အစောင့်တွေနဲ့ နေ့ညမပြတ် စောင့် ပေးနေရတယ်'' ဟု သနပ်ခါးကို စီးပွားဖြစ် စိုက်သူ ဒေသခံတစ်ဦးက သနပ်ခါးနှင့် သူခိုးရန်အကြောင်း ရှင်းလင်း ပြောကြားသည်။ ပခုက္ကူမြို့၌ ဦးမေဃ ကျောင်းဝိုင်းကြီးအပြင် မြို့မဈေးမြောက်ခြမ်း တစ်ခွင် သနပ်ခါး ဈေးသည်များ ပြည့်ကျပ်လျက် ရှိသည်။

ပခုက္ကူမြို့ တစ်ခွင် သနပ်ခါး ပွဲရုံများနှင့် ဈေးသည် ဦးရေ ၅ဝဝ ဝန်းကျင်ခန့် ရှိပါသည်။ လမ်းနှင့်ဆက်သွယ်ရေး ကောင်းမွန်လာသည်နှင့် အမျှ ဧည့်အဝင် အထွက် ဘုရားဖူးကားများ ပိုမို ရောက်ရှိ လာကြ၍ ပခုက္ကူမြို့ တစ်ခွင် သနပ်ခါး ရောင်းဝယ်မှု များလာသည်။ ဒေသခံတို့ အနေဖြင့်လည်း သနပ်ခါး ရောင်းချခြင်းဖြင့် ဘဝ အခြေအနေ ဖူလုံလာရုံ သာမက ရေရှည် စီးပွားရေး အရပါ တွက်ခြေ ကိုက် အောင်မြင် လာကြောင်း သိရသည်။ ။


http://bit.ly/168xP4X

နေဦးမောင်(ပခုက္ကူ)
မြ၀တီ

ယခုပွင့်လင်းရာသီ ကာလအတွင်းခရီးသွား ဧည့်သည်များလာခြင်း၊ ဘုရားဖူးဧည့်အလာများခြင်း၊ လမ်းပန်းဆက်သွယ်မူ အားကောင်း လာခြင်းတို့ကြောင့် ပခုက္ကူဒေသ သနပ်ခါးဈေးကွက် ကြီးမား ကျယ်ပြန့် လာပြီး ယခင်နှစ်များထက် ရောင်းအား မြင့်တက်လာကြောင်း သိရ သည်။

အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကိစ္စ လွှတ်တော်မှာ တင်ပြ

အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကိစ္စ လွှတ်တော်မှာ တင်ပြ
Thursday, March 7, 2013

အထွေထွေ လွတ်ငြိမ်းချမ်းသားခွင့်အမိန့် ထုတ်ပြန်နိုင်ရေးအတွက် မိမိအနေနဲ့ အတတ်နိုင်ဆုံး ကြိုးစားသွားမယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက ဒီကနေ့ မတ်လ ၆ ရက် လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်အမတ်တစ်ဦးရဲ့ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီက ရန်ကုန်တိုင်း အလုံမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်ရဲ့ မေးမြန်းချက်အပေါ် လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက အခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

"လွှတ်တော် ဥက္ကဌ ပြည်သူ့ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ အမျိုးသားကာကွယ်ရေး လုံခြုံရေးကောင်စီအဖွဲ့ဝင် တစ်ယောက်အနေနဲ့ မိမိတို့ဆောင်ရွက်တဲ့နေရာမှာ စာနာထောက်ထားခြင်း၊ ကျေးဇူး သိတတ်ခြင်း၊ ကျေးဇူးကို အသိအမှတ်ပြုခြင်း၊ ခွင့်လွှတ် စာနာခြင်းများဟာ ကောင်းတဲ့အရာများဖြစ်တယ်လို့ခံယူပြီး ယခု ဦးခိုင်မောင်ရည် မေးမြန်းတဲ့ မေးခွန်းအပေါ် မိမိစွမ်းအားရှိသရွေ့ ဆက်လက်ဆောင်ရွက်မှာဖြစ်ကြောင်း ဦးခိုင်မောင်ရည်နဲ့တကွ လွှတ်တော်ကိုယ်စားလှယ်များကို တင်ပြအပ်ပါတယ်"

ဦးခိုင်မောင်ရည်ရဲ့ အထွေထွေ လွတ်ငြိမ်းချမ်းသားခွင့် အမိန့်တစ်ရပ် ထုတ်ပြန်နိုင်ရေး မေးမြန်းချက်အပေါ် ခွင့်ပြုပေးဖို့ အခုချိန်မှာ အစီအစဉ်မရှိသေးဘူးလို့ နိုင်ငံတော် သမ္မတရုံး အမှတ်(၂) ပြည်ထောင်စု ဝန်ကြီး ဦးစိုးမောင်ကလည်း ပြန်လည်ဖြေကြား ခဲ့ပါတယ်။

RFA
အထွေထွေ လွတ်ငြိမ်းချမ်းသားခွင့်အမိန့် ထုတ်ပြန်နိုင်ရေးအတွက် မိမိအနေနဲ့ အတတ်နိုင်ဆုံး ကြိုးစားသွားမယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက ဒီကနေ့ မတ်လ ၆ ရက် လွှတ်တော် အစည်းအဝေးမှာ လွှတ်တော်အမတ်တစ်ဦးရဲ့ မေးမြန်းချက်ကို ပြန်

ဇေကမ္ဘာ ဦးခင်ရွှေကို တရားစွဲပြီ

ဇေကမ္ဘာ ဦးခင်ရွှေကို တရားစွဲပြီ
Thursday, March 7, 2013

လယ်သမားအရေး ကူညီပေးနေသူ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေး ပါတီ ခေါင်းဆောင် ဦးနေမျိုးဝေက ဇေကမ္ဘာကုမ္ပဏီ ဥက္ကဌ ဦးခင်ရွှေကို ဂုဏ်သိက္ခာညှိုးနွမ်းစေမှုနဲ့ မတ်လ ၆ ရက် ဒီကနေ့ ဒဂုံမြို့နယ်တရားရုံးမှာ ဦးတိုက်လျှောက်ထား တရားစွဲဆိုလိုက်ပါတယ်။

ဒီကနေ့ ဒဂုံမြို့နယ်တရားရုံးမှာ သွားရောက်လျှောက်ထားခဲ့တာနဲ့ ပတ်သက်ပြီး ဦးနေမျိုးဝေက အခုလို ပြောပါတယ်။

" ဒီနေ့ပဲ ဒဂုံမြို့နယ် တရားရုံးမှာ တရားသွားစွဲတဲ့အခါကျတော့ တရားသူကြီး အမျိုးသမီးက လေ့လာမယ်လို့ ပြောပြီးတော့ ကျွန်တော်ကလည်း ခရီးစဉ်တစ်ခုရှိတဲ့ အခါကျတော့ ခရီးစဉ်ကပြန်လာတဲ့အခါကျတော့မှ ကျွန်တော်တို့ရဲ့ ထွက်ဆိုချက်တွေ ပြန်လည်မေးမြန်းမယ်ပေါ့ဗျာ အဲ့ဒါပြောပါတယ်ဗျ၊ ချက်ချင်းတော့ တစ်ထိုင်တည်း အမှုမေးမြန်းတာတို့ မလုပ်သေးဘူးခင်ဗျ၊ ပုဒ်မတပ်ဖို့ကို သူလေ့လာမယ်လို့ ပြောတယ်"

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ပြုလုပ်ခဲ့တဲ့ လယ်ယာမြေနဲ့ လုပ်ငန်းရှင်များတွေ့ဆုံပွဲမှာ ဦးခင်ရွှေက အလုပ်သမား လုံခြုံရေး အင်အား နှစ်ရာကျော်နဲ့ ဦးနေမျိုးဝေကို ကြိုးတုပ်ချည်နှောင်ပြီး ရိုက်နှက်မယ်လို့ ပြောခဲ့တဲ့အတွက် ခုလို အမှုဖွင့်တိုင်ကြားလိုက်တာပါလို့ ဦးနေမျိုးဝေက ပြောပါတယ်။

ဒါကြောင့် ဇေကမ္ဘာဦးခင်ရွှေကို ဦးနေမျိုးဝေက ပုဒ်မ ၅၀၀ နဲ့ တရားစွဲဆို လိုက်တာပါ။

ဓာတ်ပုံ - reuters
RFA Burmese
လယ်သမားအရေး ကူညီပေးနေသူ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေး ပါတီ ခေါင်းဆောင် ဦးနေမျိုးဝေက ဇေကမ္ဘာကုမ္ပဏီ ဥက္ကဌ ဦးခင်ရွှေကို ဂုဏ်သိက္ခာညှိုးနွမ်းစေမှုနဲ့ မတ်လ ၆ ရက် ဒီကနေ့ ဒဂုံမြို့နယ်တရားရုံးမှာ ဦးတိုက်လျှောက်ထား တရားစွဲဆိုလိုက်ပါတယ်။

မြန်မာအသင်းကို MFF ဥက္ကဋ္ဌနှင့်အဖွဲ့ ဆုကြေးငွေ ကျပ်သိန်း(၅၀၀) ဂုဏ်ပြုချီးမြှင့်

မြန်မာအသင်းကို MFF ဥက္ကဋ္ဌနှင့်အဖွဲ့ ဆုကြေးငွေ ကျပ်သိန်း(၅၀၀) ဂုဏ်ပြုချီးမြှင့်

2014 AFC Challenge Cup အုပ်စု(က) ခြေစစ်ပွဲကို အုပ်စုဗိုလ် နေရာဖြင့် ခြေစစ်ပွဲ အောင်မြင် သွားခဲ့သည့် မြန်မာ့ လက်ရွေးစင် အသင်းကို အားကစား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးတင့်ဆန်း၊ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် နာယက ဦးအောင်ကိုဝင်း၊ ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် ဆီးဂိမ်းစ် ပြိုင်ပွဲဝင် အသင်း အောင်နိုင်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်မိုးကျော် တို့က ဂုဏ်ပြုဆုကြေးငွေ ကျပ်သိန်း(၅၀၀) ချီးမြှင့်မည် ဖြစ်သည်။

"တိုင်းပြည် ဂုဏ်သိက္ခာ အတွက် ရေကုန်ရေခမ်း ကြိုးစားခဲ့ကြတဲ့ ကစားသမား တွေကို ဂုဏ်ပြုတဲ့ အနေနဲ့ ဆုကြေးငွေ ချီးမြှင့်ကြတာပါ။ ဒီနေ့ ကွင်းထဲကို လာရောက် အားပေးကြတဲ့ ပရိသတ်ကြီး ကိုရော ရုပ်မြင်သံကြား ကနေ အားပေး နေကြတဲ့ တစ်နိုင်ငံလုံးက ပရိသတ်တွေ ကိုရော အရမ်းပဲ ကျေးဇူးတင် မိပါတယ်။ ဒါ့အပြင် ဒီလက်ရွေးစင် အသင်းအတွက် ကစားသမားတွေ မွေးထုတ် ပေးနေတဲ့ MNL ကလပ်အသင်း ပိုင်ရှင် အားလုံးကိုလည်း ဒီနေရာကနေ ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ဒီနေ့နိုင်ပွဲဟာ ထိုက်တန်တဲ့ နိုင်ပွဲတစ်ခု ဖြစ်ပြီး အဲဒီအတွက် ပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့သူ အားလုံးကို ကျေးဇူးတင်ပါတယ်" ဟု မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ပွဲအပြီးတွင် ဂုဏ်ပြု ပြောကြား သွားခဲ့သည်။

မြန်မာ့ လက်ရွေးစင် အသင်းသည် အုပ်စု(က)တွင် ဂူအမ်ကို (၅-၀)ဂိုးဖြင့် အနိုင်ရရှိပြီး တရုတ် (တိုင်ပေ)နှင့် တစ်ဂိုးစီ သရေကျကာ နောက်ဆုံး ပွဲစဉ်တွင် အိန္ဒိယကို အကြိတ်အနယ် ကစားရင်း (၁-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး မော်လ်ဒိုက်စ်တွင် ကျင်းပမည့် ဖိုင်နယ်ပွဲ စဉ်များသို့ တက်ရောက် ကစားခွင့် ရရှိသွားခဲ့ခြင်း ဖြစ်သည်။ ၂၀၁၄ ချဲလင့်ဖလား ခြေစစ်ပွဲ အုပ်စု(၅)ခု ရှိသည့်အနက် အုပ်စု(က)တွင် မြန်မာ၊ အုပ်စု(ဂ)တွင် အာဖဂန် နစ္စတန်နှင့် အုပ်စု(ဃ)တွင် ပါလက်စတိုင်း အသင်းများ ခြေစစ်ပွဲ အောင်မြင် သွားကြပြီး ကျန်အုပ်စု(ခ)နှင့် (င)တို့မှာ မတ်လ တတိယ အပတ်မှသာ ယှဉ်ပြိုင် ကစားကြမည် ဖြစ်သည်။

>>http://themff.org/index.php/2011-08-04-23-47-02/myanmar-national-football-team-news/375-2013-03-06-22-36-24<<

2014 AFC Challenge Cup အုပ်စု(က) ခြေစစ်ပွဲကို အုပ်စု ဗိုလ် နေရာဖြင့်ခြေစစ်ပွဲ အောင်မြင်သွားခဲ့သည့် မြန်မာ့ လက်ရွေး စင်အသင်းကို အားကစားဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးတင့်ဆန်း၊ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် နာယက ဦးအောင်ကိုဝင်း ၊ ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် ဆီးဂိမ်းစ် ပြိုင်ပွဲဝင် အသင်း အောင်နိုင်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်မိုးကျော် တို့က ဂုဏ်ပြုဆုကြေးငွေ ကျပ်သိန်း(၅၀၀) ချီးမြှင့်မည် ဖြစ်သည်။