Thursday, March 7, 2013

ငွေစက္ကူအတုအား မည်ကဲ့သို့ထိန်းချုပ်မည်ကို သိရှိလို

ကချင်ပြည်နယ်အတွင် ၅၀၀၀တန်အတု ထုတ်လုပ်သည့် ကိစ္စဖြစ်ပွားပြီးနောက် ငွေကျပ် (၅၀၀၀)တန် အတုများ   မြန်မာ့စီးပွားရေး ဘဏ်နှင့် ပုဂ္ဂလိကဘဏ် အသီးသီးတွင် လည်ပတ်မှုရှိနေပါက မည်ကဲ့သို့ ထိန်းချုပ် မည်နည်းဆိုသည့်  စပ်လျဉ်းသည့်မေးခွန်းအား မိုးမောက် မဲဆန္ဒနယ်ဦးဇော်ထွန်း က ပြည်သူ့ လွှတ်တော်၌ ယနေ့ မေးမြန်းခဲ့သည်။
 

၎င်း၏ အဆိုပါမေးခွန်း၌ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှထုတ်သည့် ကျပ်(၅၀၀၀)တန်များ ရွက်ရေမည်မျှရှိ သည်ကိုလည်း ပထမ အကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ၂၃ ရက်မြောက်နေ မတ်လ(၇)့ ၌ မေးမြန်း ခဲ့ခြင်းဖြစ်သည်။
 
၅၀၀၀ တန်ငွေစက္ကူအတုမှာ စက္ကူသားမာ၍ ချောမွေရှိပြီး လက်ဝဲဘက်စာလုံးများ ထင်ရှားမှု မရှိကြောင်း  မြန်မာ့စီးပွားရေး ဘဏ်ဝန်ထမ်းထံမှ သိရှိရသည်။
 
ကချင်ပြည်နယ်ရှိတရားမ၀င်မှောင်ခိုလုပ်ငန်းများမှ မြန်မာ့စီးပွားရေးဘဏ်များသို့ ငွေအပ်နှံရာ၌  ငွေစက္ကူ (၅၀၀၀)တန် များ ပါရှိသည့်အပေါ်တွင်  မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းမှ ရှင်းပြပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။
 
ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်း၌ ငွေကျပ် ၅၀၀၀ တန် ငွေစက္ကူအတုများကို ၅၀၀၀ ကျပ်တန်ငွေစက္ကူအစစ် များဖြင့် ရောနှောသုံးစွဲကြောင်းနှင့်  အရောင်းအ၀ယ် လုပ်ငန်း အချို့ ၌လည်း ရောနှော သုံးစွဲထားသည်ကို တွေ့ရကြောင်း ၄င်းကဆိုသည်။
 
 ငွေစက္ကူ (၅၀၀၀)တန်အတုမှာ မြန်မာနိုင်ငံဗဟိုဘဏ်စာလုံးတွင်(ဘဏ်)အစား (တဏ်)ဟု  ရေး ထားကြောင်း ၊ ငွေစက္ကူလက်ဝဲအပေါ်ထောင့် အင်္ဂလိပ်စာလုံး 5000 အား လက်ဖြင့်ပွတ်ကြည့် လျင် ချောမွေ့ခြင်း၊ ငွေစက္ကူ လက်ယာဘက်ခြမ်းရှိ ရေစာဆင်ရုပ်ပုံနှင့် မြန်မာဂဏန်း ၅၀၀၀ စာလုံးမှာ ထင်ရှားမှုမရှိကြောင်း၊  ငွေစက္ကူလက်ယာ ဘက် အောက်ထောင့်ရှိ ဂဏန်းများ ညီညာဖြောင့် တန်းမှုမရှိကြောင်း၊  စက္ကူ ( အသားမာ၍ ချောမွေ့ခြင်း)   ငွေစက္ကူလက်ဝဲဘက်စာလုံးများ မထင် မရှားရှိခြင်း၊ “ CBM ” စာလုံးများ မထင်မရှားရှိကြောင်း သိရှိရသည်။
 
ပြီးခဲ့သည့် နှစ်အတွင်းကလည်း မြ၀တီနယ်စပ်၌ ကျပ်(၅၀၀၀)တန်အတုများ ဖဖ်းဆီးနိုင် ခဲ့ကြောင်း ကိုလည်း သိရသည်။
 
မတ်လ(၇)ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ထန်းတပင် မဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးသိန်းရီကလည်း  တရားဝင် သုံးစွဲလျက် ရှိသော ငွေစက္ကူများ ဆိုဒ်တူ၊ အရွယ် တူ ဆောင်ရွက်ပေးရန် ရှိမရှိဆိုသည့် မေးခွန်းအား မေးမြန်းခဲ့သည်။
 
ထိုကဲ့သို့ ငွေစက္ကူများအား ဆိုဒ်တူ၊ အရွယ်တူ ဆောင်ရွက်ပါက မသန်စွမ်းသူများအနေဖြင့် စက္ကူသုံး စွဲရာ၌ အခက်အခဲရှိနိုင်ကြောင်းနှင့် မြန်မာငွေစက္ကူများအတုရန်မှ ကာကွယ်ရန်နှင့် တာရှည်ခံရန်အတွက် ပလပ်စတစ်ငွေစက္ကူအဖြစ်သို့ပြောင်းလဲထုတ်လုပ်သင့်ကြောင်း ပြည်သူအချို့က အကြံပြုပြောဆိုကြ သည်။
(မြစ်မခ)

 

No comments:

Post a Comment