စီအင်န်ဂျီ ရရှိသည့်ပမာဏမလောက်ငသဖြင့် အစားထိုးယာဉ်သစ်များ ခရီးသည်ပြေးဆွဲနိုင်မှု မရှိကြောင်း မေတ္တာလှိုင်းမော်တော်ယာဉ် အသင်းမှ သိရသည်။
ယာဉ်အို၊ ယာဉ်ဟောင်း အပ် နှံပြီး တင်သွင်းလာသော အစား ထိုးယာဉ်များကို မူလယာဉ်၏ စီအင်န်ဂျီ Capacity ထက်ပိုမို သော
စီအင်န်ဂျီ ၆ဝ၅ လီတာပေးခြင်းကြောင့် ယာဉ်သစ်များ အစားထိုးတင်သွင်းလာကြောင်း၊ သို့သော် စွမ်းအင်ဝန်ကြီးဌာနမှ ဖေဖော်ဝါရီ ၁၄ ရက်တွင် မူလယာဉ်ဟောင်းရှိ စီအင်န်ဂျီ Capacity အတိုင်းသာ
ပေးသွားမည် ဖြစ်ပြီးပိုနေသော စီအင်န်ဂျီအိုးများကို ဖြုတ်ထားရန်မထသ(ဗဟို)သို့ ညွှန်ကြားလာကြောင်း၊ ယင်းအကြောင်းအရာများကို ကြိုတင်အသိပေးခြင်းမျိုးမရှိဘဲ ဖေဖော် ဝါရီ ၁၅ ရက်မှသာ မထသ(ဗဟို) မှတစ်ဆင့် သိရှိရခြင်းဖြစ်ကြောင်း သိရသည်။
မေတ္တာလှိုင်း မော်တော်ယာဉ်အသင်းမှ မန်နေဂျင်း ဒါရိုက်တာ ဦးကျော်သီဟက ''အရင်ယာဉ်အို၊ ယာဉ်ဟောင်း အတိုင်း စီအင်န်ဂျီ ၂ဝဝ၊ ၂၈ဝ၊ ၃ဝဝ လီတာ ပေးရင် ကျွန်တော်တို့ အစားထိုးဝယ်ယူတင်
သွင်းထားတဲ့ ယာဉ်သစ်တွေအနေနဲ့ ဘယ်လိုမှ ပြေးဆွဲလို့ မရဘူး။
အခုပြေးဆွဲမယ့်ယာဉ်တွေရဲ့ လမ်း ကြောင်းကလည်း ရှည်တယ်။ အဲဒီ စီအင်န်ဂျီပမာဏက အသွား အပြန် ခရီးတစ်ခေါက်နဲ့တောင်မညီမျှပါဘူး။ အဲဒီအတွက် ကျွန် တော်တို့ မေတ္တာလှိုင်းယာဉ်သစ် တွေ ထပ်မံပြေးဆွဲနိုင်ခြင်း မရှိပါ ဘူး'' ဟု ပြောသည်။
အဆိုပါကုမ္ပဏီမှမေတ္တာလှိုင်း (၁) ယာဉ်လိုင်းအတွက် စီအင်န်ဂျီ ၆ဝ၅ လီတာရရှိရန် စီးရေ ၂ဝ ဖြင့် ခရီးသည် ပြေးဆွဲပေးမှုရှိကြောင်း၊ ထပ်မံပြေးဆွဲမည့် မေတ္တာလှိုင်း ၂၊ ၃၊ ၄ မှ ယာဉ်စီးရေ စုစုပေါင်း ၇ဝ
မှာမူလယာဉ်အို၊ ယာဉ်ဟောင်း စီအင်န်ဂျီ Capacity ကြောင့် ပြေးဆွဲနိုင်ခြင်း မရှိကြောင်း၊ ၎င်းယာဉ်များ ပြေးဆွဲရန် စီစဉ်ထားသည့်လမ်းကြောင်းများမှာ အရှေ့ဒဂုံ (ကျောက်လမ်းဆုံ)မှ လမ်းမတော် ကျုံးကြီး၊အရှေ့ဒဂုံ(ကျောက်လမ်း ဆုံ)မှ လှိုင်သာယာ ဒဂုံဧရာအဝေး ပြေးနှင့် လှိုင်သာယာ (တူးချောင်း)မှ သာကေတ(အဝိုင်း)ထိ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ယာဉ်လိုင်းမှ ယာဉ်ပိုင်ရှင် ဦးနေဝင်းက''ကျွန်တော်တို့ ယာဉ်သစ်တွေဝယ်တယ်ဆိုတာက ပိုက်ဆံရှိလို့ ဝယ်ယူခဲ့တာ မဟုတ်ဘူး။ ကုမ္ပဏီကနေ ဘဏ်နဲ့ချိတ်ဆက်ပြီး ဝယ်ယူခဲ့တာ။ ပြေးဆွဲနိုင်
မှုမရှိရင်လည်း စာချုပ်အရဘဏ်ကို လစဉ်ကြေးသွင်းငွေ ၉ သိန်း ၂ သောင်းနဲ့ သွင်းလာခဲ့တာ ၃ လရှိပါပြီ။ အခုလိုသာဆက်ပြီး ခရီးသည်ပြေးဆွဲမှုမရှိရင် လစာပေးစနစ်နဲ့ ခေါ်ယူထားတဲ့ ယာဉ် လုပ်သားတွေအတွက်လည်း အာ မခံချက် မရှိတော့ဘူး''ဟု ပြော သည်။
ယခုနှစ် ဇန်နဝါရီလမှ စကာ မေတ္တာလှိုင်း မော်တော်ယာဉ် အသင်းမှ ယာဉ်လုပ်သား ၅၃၅ ဦးကို လစာပေးစနစ်ဖြင့် ခေါ်ယူ ကာ ခန့်ထားပေးခဲ့ပြီး ယာဉ်ပြေးဆွဲနိုင်မှု မရှိခြင်းကြောင့် တစ် နေ့လျှင် ခရီးစရိတ်အနေဖြင့်ကျပ် ၂ဝဝဝ သာပေးနိုင်ကြောင်း၊ ယာဉ်မောင်း တစ်ဦးလျှင် လစာ ကျပ် ၄ သိန်း ၅ သောင်း၊ ယာဉ် နောက်လိုက်တစ်ဦးလျှင် နှစ်သိန်း နှစ်သောင်း ငါးထောင်ကျပ်ဖြင့် ခေါ်ယူထားပြီး ယာဉ်ပြေးဆွဲမှ သာလျှင်လစာငွေကို ပေးမည်ဖြစ် ကြောင်း ယင်းကုမ္ပဏီမှ သိရ သည်။
အစားထိုးပြေးဆွဲမည့် ယာဉ် သစ်များအနေဖြင့် စီအင်န်ဂျီ ၆ဝ၅ လီတာရရှိမှသာ အသွား အပြန် လေးခေါက်ပြေးဆွဲနိုင်မည် ဖြစ်ကြောင်း၊ အကယ်၍ မူလ စီအင်န်ဂျီလီတာအတိုင်း ပြေးဆွဲ မည်ဆိုပါက စီအင်န်ဂျီ မလောက် ငမှုကြောင့် လမ်းပေါ်တွင် ယာဉ်ရပ်နားရခြင်းများကြောင့် ယာဉ် လမ်းကြော ပိတ်ဆို့မည့် အနေအထားများရှိကြောင်း ၎င်းတို့က သုံးသပ်သည်။
Popular Myanmar News Journal
No comments:
Post a Comment