ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို နောက်ပြန်လန်ကျသွားစေနိုင်ေ
အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မိမိတို့မြန်မာနိုင်ငံ၌ အလွန် အရေး ကြီးသော နိုင်ငံ၏ အလှည့်အပြောင်းဟု ဆိုရမည့် အသွင်ကူးပြောင်းရေးကို လုပ်ဆောင်နေချိန်၊ စစ် အုပ်ချုပ်ရေးစနစ်မှ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်သို့ စတင်ကူးပြောင်းချိန်၊ ဗဟိုဦးစီး စီးပွားရေးစနစ်မှ လွတ်လပ်သော ဈေးကွက်စီးပွားရေးစနစ်သို့
မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ထွန်းတိုးတက်
မြန်မာနိုင်ငံ၏ နိုင်ငံရေး အပြောင်းအလဲကိုဖွဲ့စည်းပုံ အခြေခံဥပဒေ၊ရွေးကောက် ပွဲများ၊ နိုင်ငံရေးပါတီများနှင့် လွှတ်တော်များ၏ အခန်းကဏ္ဍ စသည်တို့အပေါ်၌သာ အာရုံစိုက်ပြီး အသားပေး ပြောဆိုနေကြ သည်ကို တွေ့ရပါကြောင်း၊ မိမိအနေဖြင့် ယင်းကိစ္စများထက် သာမန်ပြည်သူ တစ်ဦး၏ အခက်အခဲနှင့် အကျပ်အတည်းများမှ လွတ်မြောက်ပြီး ပိုမိုကောင်းမွန်သော ဘ၀များ တည်ဆောက်နိုင်ရေးနှင့် လူတန်းစေ့ ဘ၀ရပ်တည်နိုင်ရေးကို ဦးစားပေးအာရုံစိုက်ကြောင်း၊ မိမိဆိုလိုသည့် သာမန်ပြည်သူဆိုသည်မှာ ပညာရေးချို့တဲ့မှုကြောင့် ကာယကို အသုံးပြုပြီး ၀င်ငွေရှာရသော ထွန်ယက်စိုက်ပျိုး စားသောက်ရန်အတွက် လယ်မြေတစ်ကွက်တောင် မပိုင်ဆိုင်ဘဲ အကြွေးနွံနစ်ပြီး မိသားစုကို ၀လင်အောင် မကျွေးနိုင်သည့် မိသားစု၊ ဆွေမျိုးနှင့် မိတ်ဆွေများကို စွန့်ခွာပြီး အိမ်နီးချင်းနိုင်ငံများတွင်နှစ်ပေါင်းရှည်ကြာ လုပ်ကိုင်နေကြသော လုံလောက်သည့် ကျန်းမာရေး စောင့်ရှောက်မှု၊ ရေကောင်းရေသန့်နှင့် လျှပ်စစ်မီးစသည်တို့ မရရှိနိုင်သေးသော သန်းပေါင်းများစွာသော ပြည်သူများကို ရည်ညွှန်းခြင်းဖြစ်ပါကြောင်း
၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက မြန်မာနိုင်ငံတွင်ပေါ်ပေါက်ခဲ့ရသည့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ဓမီးကို အဆုံးသတ်ပြီး ရေရှည်တည်တံ့ တရားမျှတသော ငြိမ်းချမ်းရေး ရရှိရန် အတွက် နိုင်ငံရေး ဆွေးနွေးပွဲများမှတစ်ဆင့် အားလုံးသဘောတူ လက်ခံသည့် ရလဒ်တစ်ခု ထွက်ပေါ်လာ သည်အထိ ကြိုးပမ်း သွားမည်ဖြစ်ကြောင်း၊ လွန်ခဲ့သည့် ၁၈ လအတွင်း တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့နှင့် အပစ်အခတ်ရပ်စဲနိုင်ခဲ့ပြီး ကျန်ရှိသည့် အဓိကလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သော KIO အဖွဲ့နှင့်လည်း ဆွေးနွေးညှိနှိုင်းမှုများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါကြောင်းလ
ဥရောပသမဂ္ဂ၏ စီးပွားရေး ပိတ်ဆို့မှုများကို ဖြေလျှော့ပေးခြင်းနှင့်အတူ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်း မှုများကို တိုးမြှင့်ပေးခဲ့သည့် အတွက် ကျေးဇူးတင်ရှိကြောင်းနှင့် အကူအညီ အထောက်အပံ့များ အပေါ်၌သာ ရပ်တည်နေမည်မဟုတ်ဘဲ ရေရှည်တွင် ကိုယ့်ခြေထောက်ပေါ် ရပ်တည်နိုင်သည့် ဂုဏ်သိက္ခာရှိသော နိုင်ငံဖြစ်အောင် ကြိုးပမ်းမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
Eleven Media Group
No comments:
Post a Comment