တရုတ် နိုင်ငံသည် ကာကွယ်ရေးအသုံးစရိတ်ကို ၁ဝ ဒသမ ၇ ရာခိုင်နှုန်းအထိ တိုးမြှင့် သုံးစွဲသွားမည် ဖြစ်ကြောင်းနှင့် နိုင်ငံ၏ စစ်ဘက်ဆိုင်ရာကဏ္ဍတွင် စုစုပေါင်းအသုံးစရိတ် စတာလင်ပေါင် ၇၆ ဒသမ ၄ ဘီလီယံကို သုံးစွဲသွားမည် ဖြစ်ကြောင်း တရုတ်အစိုးရ အဖွဲ့ က ကြေညာခဲ့သည်။
အသုံးစရိတ်များကို စစ်ဘက်ဆိုင်ရာအရာရှိများနှင့် အခြားအဆင့် တပ်ဖွဲ့ဝင်များ၏ ဘဝ နေထိုင်မှုနှင့် အလုပ်လုပ်ကိုင်မှုကို တိုးမြှင့်ရာတွင် အထောက်အပံ့ ပေးရေး ကြိုးပမ်း ဆောင်ရွက်မှုများနှင့် လက်နက်ကိုင် တပ်ဖွဲ့ဝင်များအား ခေတ်မီလက် နက်များပိုမိုတပ်ဆင်ပေးရန် သတင်းအချက်အလက် အပေါ်အခြေခံ၍ လုံခြုံစိတ်ချရသောအမျိုးသား လုံခြုံရေး အခြေအနေတို့ ဖြစ်လာစေရေး တို့တွင် အသုံးပြု သွားမည်ဖြစ်ကြောင်း ကြေညာချက် တွင် ပြောကြားထားသည်။
အဆိုပါ ကြေညာချက်သည် တရုတ်အမျိုးသား ပြည်သူ့လွှတ်တော် (NPC) ၏ အစည်းအဝေး ပထမနေ့တွင် ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း၊ အာဏာရကွန်မြူနစ်ပါတီ၏ ဆယ်စုနှစ်တစ်ခုလျှင် တစ်ကြိမ် သာ ခေါင်းဆောင် အပြောင်းအလဲ ပြုလုပ်သော အချိန်ဖြစ် သောကြောင့် ယခုနှစ်တွင် ကျင်းပသော နှစ် ပတ်လည်အစည်းအဝေးသည် ပိုမို ထူးခြားမှုရှိသည်။
ကာကွယ်ရေးအသုံးစရိတ်တိုးမြှင့်မှုသည် ဒေသတွင်းတင်းမာမှုများ ဖြစ်ပွားချိန်တွင် ပေါ်ထွက်လာ ခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံသည် အရှေ့တရုတ်ပင်လယ်အတွင်းရှိ ကျွန်းနှင့်စပ်လျဉ်း၍ ဂျပန်နိုင်ငံနှင့် ပိုင်နက်အငြင်းပွားမှု အခြေအနေမှာ ဆက်လက်တည်ရှိနေဆဲဖြစ် သည်။
တရုတ်နိုင်ငံသည် ၎င်း၏စစ်အင်အားကို နိုင်ငံနယ်နိမိတ်ကို ကျော်လွန်၍ ပိုမိုအင်အား တိုးတက် အောင်ဆောင်ရွက် ရေးသဘောထားကိုလျှို့ဝှက်ထားခြင်းမရှိဘဲ လုပ်ဆောင်ခဲ့သည်။ ဂျပန် ဝန်ကြီးချုပ်သစ် ရှင်ဇိုအာဘေးကလည်း ဇန်နဝါရီလက ၎င်း၏ ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့် လုပ်ဆောင်ခဲ့ကြောင်း နှင့်အမေရိကန်ကလည်း လာမည့်ဆယ်စုနှစ်ကျော်တွင် အာရှ- ပစိဖိတ်ဒေသ သို့ ဦးတည်၍ ပြန်လည် အင်အားထိန်းညှိရန် ကတိပြုထားခဲ့သည်။
၂ဝ၁၂ ခုနှစ်တွင် အမေရိကန်၏ နှစ်စဉ် ကာကွယ်ရေး အသုံးစရိတ်သည် စတာလင်ပေါင် ၄၁၈ ဘီလီယံရှိခဲ့ကြောင်း၊ ယင်းအသုံးစရိတ်သည် တရုတ် နိုင်ငံက ထုတ်ပြန် ကြေညာထားသည့် တိုးမြှင့် သုံးစွဲသွားမည့် ကာကွယ်ရေး အသုံးစရိတ် စတာလင်ပေါင် ၇၆ ဘီလီ ယံထက် များစွာ ကျော်လွန်နေ ပါသည်။
မြ၀တီ
No comments:
Post a Comment