အထွေထွေ လွတ်ငြိမ်းချမ်းသားခွင့်အမိန့် ထုတ်ပြန်နိုင်ရေးအတွက် မိမိအနေနဲ့
အတတ်နိုင်ဆုံး ကြိုးစားသွားမယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက
ဒီကနေ့ မတ်လ ၆ ရက် လွှတ်တော် အစည်းအဝေးမှာ လွှတ်တော်အမတ်တစ်ဦးရဲ့
မေးမြန်းချက်ကို ပြန် လည်ဖြေကြားခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအင်အားစုပါတီက
ရန်ကုန်တိုင်း အလုံမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်ရဲ့
မေးမြန်းချက်အပေါ် လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက အခုလို ဖြေကြား ခဲ့တာ
ဖြစ် ပါတယ်။
"လွှတ်တော် ဥက္ကဌ ပြည်သူ့ကိုယ်စားလှယ်
တစ်ယောက်အနေနဲ့ အမျိုးသားကာကွယ်ရေး လုံခြုံရေးကောင်စီအဖွဲ့ဝင်
တစ်ယောက်အနေနဲ့ မိမိတို့ဆောင်ရွက်တဲ့နေရာမှာ စာနာထောက် ထားခြင်း ၊ ကျေးဇူး
သိတတ်ခြင်း၊ ကျေးဇူးကို အသိအမှတ်ပြုခြင်း၊ ခွင့်လွှတ် စာနာခြင်းများ ဟာ
ကောင်းတဲ့ အရာများဖြစ်တယ်လို့ခံယူပြီး
ယခု ဦးခိုင်မောင်ရည် မေးမြန်းတဲ့ မေးခွန်းအပေါ် မိမိစွမ်းအားရှိသရွေ့
ဆက်လက်ဆောင်ရွက်မှာဖြစ်ကြောင်း ဦးခိုင်မောင်ရည်နဲ့တကွ
လွှတ်တော် ကိုယ်စားလှယ်များကို တင်ပြ အပ်ပါတယ်"
ဦးခိုင်မောင်ရည်ရဲ့
အထွေထွေ လွတ်ငြိမ်းချမ်းသားခွင့် အမိန့်တစ်ရပ် ထုတ်ပြန်နိုင်ရေး
မေးမြန်းချက် အပေါ်ခွင့်ပြုပေးဖို့ အခုချိန်မှာအစီအစဉ်မရှိသေးဘူးလို့
နိုင်ငံတော် သမ္မတရုံး အမှတ်(၂) ပြည်ထောင်စု ဝန်ကြီး ဦးစိုးမောင်ကလည်း
ပြန်လည်ဖြေကြားခဲ့ပါတယ်။
RFA
အထွေထွေ လွတ်ငြိမ်းချမ်းသားခွင့်အမိန့် ထုတ်ပြန်နိုင်ရေးအတွက် မိမိအနေနဲ့ အတတ်နိုင်ဆုံး ကြိုးစားသွားမယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက ဒီကနေ့ မတ်လ ၆ ရက် လွှတ်တော် အစည်းအဝေးမှာ လွှတ်တော်အမတ်တစ်ဦးရဲ့ မေးမြန်းချက်ကို ပြန် လည်ဖြေကြားခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအင်အားစုပါတ
"လွှတ်တော် ဥက္ကဌ ပြည်သူ့ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ အမျိုးသားကာကွယ်ရေး လုံခြုံရေးကောင်စီအဖွဲ့ဝင် တစ်ယောက်အနေနဲ့ မိမိတို့ဆောင်ရွက်တဲ့နေရာမှာ စာနာထောက် ထားခြင်း ၊ ကျေးဇူး သိတတ်ခြင်း၊ ကျေးဇူးကို အသိအမှတ်ပြုခြင်း၊ ခွင့်လွှတ် စာနာခြင်းများ ဟာ ကောင်းတဲ့ အရာများဖြစ်တယ်လို့ခံယ
ဦးခိုင်မောင်ရည်ရဲ့ အထွေထွေ လွတ်ငြိမ်းချမ်းသားခွင့် အမိန့်တစ်ရပ် ထုတ်ပြန်နိုင်ရေး မေးမြန်းချက် အပေါ်ခွင့်ပြုပေးဖို့ အခုချိန်မှာအစီအစဉ်မရှိသေးဘူးလို့ နိုင်ငံတော် သမ္မတရုံး အမှတ်(၂) ပြည်ထောင်စု ဝန်ကြီး ဦးစိုးမောင်ကလည်း ပြန်လည်ဖြေကြားခဲ့ပါတယ်။
RFA
No comments:
Post a Comment