Monday, August 6, 2012

ကြားဖြတ်သတင်းတိုများ

 

ဂျပန်၏အကြီးဆုံး ပို့ဆောင်ရေး လုပ်ငန်းစုကြီးဖြစ်သည့် NYK Group က ယခုနှစ်အကုန်တွင် မြန်မာနိုင်ငံနှင့် တိုက်ရိုက် ဆက်သွယ်ဆောင်ရွက်နိုင်ရန် ရုံးခန်းဖွင့်မည်

ဂျပန်နိုင်ငံ၏ အကြီးဆုံး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းစုကြီးဖြစ်သည့် NYK (Nippon Yusen K
aisha) Group က မြန်မာနိုင်ငံနှင့် တိုက်ရိုက်ဆက်သွယ်ကာ လုပ်ငန်းများဆောင်ရွက်ရန် ယခုနှစ်အကုန်တွင် မြန်မာနိုင်ငံ၌ ရုံးခန်း လာရောက်ဖွင့်လှစ်ရန် စီစဉ်နေပြီဖြစ်ကြောင်း အဆိုပါကုမ္ပဏီအဖွဲ့မှ အုပ်ချုပ်မှုအဖွဲ့ဝင်အချို့က ပြောကြားခဲ့သည်။



ကုန်းပိုင်းလုပ်ကွက်များတွင် နိုင်ငံခြားကုမ္ပဏီများနှင့် ပူးပေါင်းရန် ပြည်တွင်း
ကုမ္ပဏီ ၆၀ ကျော်ကမ်းလှမ်း

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၏ ကျန်ရှိနေသေးသော ကုန်းပိုင်းလုပ်ကွက် ၃၀ ၀န်းကျင်တွင် နိုင်ငံခြား ကုမ္ပဏီများနှင့် အကျိုးတူပူး ပေါင်းဆောင်ရွက်နိုင်ရန် ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီ ၆၀ ကျော် လာရောက်ကမ်း လှမ်းထားကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။





ပဲခူးမြို့တွင် ပဲခူးမြစ်ရေကြီးမှုများ ဆက်လက်ဖြစ်ပေါ်နေပြီး စိုးရိမ်ရေမှတ်သို့ ရောက်ရှိလုနီးပါး အခြေအနေတွင်ရှိ

ပဲခူးမြို့တွင် ပဲခူးမြစ်ရေသည် ဇူလိုင်လ ၂၆ ရက်နေ့မှစ၍ မြစ်ရေ ကြီးမှုများ ဖြစ်ပေါ်နေခဲ့ပြီး သြဂုတ်လ ၅ ရက်နေ့တွင် စိုးရိမ်ရေအမှတ်သို့ ရောက်ရှိလုနီးပါးအခြေနေတွင်ရှိနေသဖြင့် ပဲခူးမြို့၊ ခေါင်းဆေးကျွန်းတွင် ရန်ကုန်-မန္တလေး အဝေးပြေး ကား လမ်းမကြီးအား ရေကျော်လုဆဲ အခြေအနေတွင် ရှိနေသည်။

နေပြည်တော်မှာ မူယစ်ဆေးဝါးဖမ်းမိ

 
 
မန္တလေးတောင်းပိုင်းခရိုင် မူးယစ်အထူးအဖွဲ့မှ 
ပန်းရောင်စိတ်ကြွဆေးဝါးများအား နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြည်စံအောင်ရပ်ကွက် (ရန်ကုန်-မန္တလေးလမ်းမကြီး)တွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပါသည်။ ဖြစ်စဉ်မှာ တရားခံများသည် တပ်ကုန်းမှပျဉ်းမနားသို့ မူးယစ်ဆေးဝါးများ သယ်ဆောင်လာရာ ကြိုတင်သတင်းအရ မူးယစ်အထူးအဖွဲ့သည် ပြည်စံအောင်ရပ်ကွက်၊ ရာအိမ်မှူးများနှင့်အတူ ဖမ်းဆီးခဲ့ခြင်း ဖြစ်ပါသည်

ဒေါ်အောင်ဆန်းစုကြည် အား ရိုဟင်ဂျာ ခေါင်းဆောင် နှစ်ဦးက ဝေဖန် ပြောဆို





ကာတာ နိုင်ငံ အခြေစိုက် အယ်(လ)ဂျာဇီးယား ရုပ်သံ နဲ့  အင်္ဂလန် နိုင်ငံ လန်ဒန် အခြေစိုက် မြန်မာ
မာ ရိုဟင်ဂျာ အစည်း အရုံး (ယူကေ) နဲ့  တွေ့ ဆုံ မှု မှာ BROUK က ထွန်းခင် က မြန်မာ့ ဒီမိုကရေစီ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ဗြိတိသျှ ပါလီမန် မှာ စကား ပြော ခဲ့ ပေမယ့် ရိုဟင်ဂျာ
အကြောင်း ထည့် သွင်း ပြောကြား ခဲ့ တာ မရှိ ဘူး ၊ ဘီဘီစီ မြန်မာ ပိုင်း ဘာသာ အစီအစဉ် မှာ ရို
ဟင်ဂျာ ဘာသာ စကား အစီအစဉ် ပါ ရှိပေမယ့် သူက ရိုဟင်ဂျာ ဆို တာ ကျွန်မ မသိဘူး လို့  ပြော
သွား ခဲ့ တယ် လို့  သူက ဝေဖန် ပြောကြားခဲ့ ပါတယ်။

ရိုဟင်ဂျာ တွေ ကို တိုင်းရင်းသား အဖြစ် အခွင့် အရေး ပေး ဖို့  ၊ နိုင်ငံ သား အဖြစ် တန်းတူ အခွင့်
အရေး ပေး ဖို့  ကို လဲ လွှတ်တော် မှာ ဒေါ်အောင်ဆန်းစုကြည် က အဆို တင် သွင်း သင့် ကြောင်း
သူက ပြောပါတယ်။

ရခိုင်ဒေသ မှာ ရှိ တဲ့ ရိုဟင် ဂျာ တွေ ရဲ့  အိမ် တွေ ဖျက်ဆီးခံ ရတယ် ၊ မီးရှို့  ခံရတယ်။ ရိုဟင်ဂျာ
ပြည်သူ တွေ ဟာ နှိပ်စက် ခံရတယ်။ ရေနဲ့  အစား အသောက် တွေ မရ ဘူး အဲဒီ အတွက် ကုလ
လုံခြုံရေး ကောင်စီ ၊ ကုလ အထွေထွေ ညီလာခံ တို့  က ဒါ ကို အရေး တကြီး နဲ့  ကိုင် တွယ် သင့်
တယ် လို့ သူက မေးမြန်း တဲ့ အစီ အစဉ် မှာ ပြောကြား ခဲ့ ပါတယ်။

မေ လ နှောင်း ပိုင်း နဲ့  ဇွန်လ အတွင်း က ဖြစ်ပွား ခဲ့ တဲ့ ရခိုင် ပြည်နယ် အတွင်း မငြိမ် သက် မှု
တွေ မှာ မြန်မာ နိုင်ငံ တွင်း ကို ကျုးကျော် ၀င်ရောက် နေ ထိုင် တဲ့ ရိုဟင်ဂျာ တွေ ဟာ ရခိုင်လူ
မျိုး တွေ ကို သတ်ဖြတ် မှု နဲ့  နေအိမ် မီး ရှို့  မှု တွေ ပြု လုပ် ခဲ့ တယ် လို့  မြန်မာ သတင်းဌာန တွေ
က ရေးသား ဖော်ပြ ခဲ့ ကြ ပါတယ်။

အမေရိကန် အခြေစိုက် ရိုဟင်ဂျာ ခေါင်းဆောင် ဒေါက်တာ ၀ါကာ အူဒင် ကိုလည်း အယ်(လ)
ဂျာဇီးယား Stream အစီအစဉ် က နေ တွေ့ ဆုံ မေးမြန်း ခဲ့ ပါတယ်။

ဒီတွေ့ ဆုံ မေးမြန်း မှု မှာ ဒေါက်တာ ၀ါကာ အူဒင် က ပါလီမန် ဒီမိုကရေစီ ခောတ် ၀န်ကြီးချုပ်
ဦးနု လက်ထက် တုန်း က ရိုဟင်ဂျာ တွေ ကို နိုင်ငံ သား ဖြစ်ခွင့် ပေး ခဲ့ ပြီး ဗိုလ်ချုပ်ကြီး ဦးနေ၀င်း
ဦးဆောင် တဲ့ စစ်အာဏာ သိမ်းမှု စတင် တဲ့ အချိန်မှာ အဲဒီ အခွင့် အရေး တွေ ဟာ ၁၈၀ ဒီဂရီ 
ပြောင်းလဲ သွား တယ် လို့  သူက ထောက်ပြ ပြော ဆို ပါတယ်။

ရခိုင်ဒေသ မှာ ဖြစ်နေတယ့် လူမျိုး တုံး သတ်ဖြတ်မှု တွေ ကို ကုလ နဲ့  နိုင်ငံ တကာ အဖွဲ့  အစည်း
တွေ ပါဝင်ဆောင် ရွက် ခြင်း မရှိ ဘဲ ဖြေရှင်း နိုင်မှာ မဟုတ် ဘူး လို့  သူက ဆို ပါတယ်။

၁၉၈၂ ခုနှစ် နိုင်ငံ သား ဖြစ်မှု ဆိုင်ရာ ဥပဒေ ကို လည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် ပြီး
လွှတ်တော် မှာ ဆွေးနွေး သင့်တယ် လို့  သူ က ဆိုပါတယ်။

မြန်မာ နိုင်ငံ ရခိုင် ပြည်နယ် ဒေသ မှာ စုံစမ်းစစ်ဆေးမှု တွေ ပြု ပြီး ပြန်လည် ထွက်ခွာ သွား
ပြီ ဖြစ်တဲ့ ကုလသမဂ္ဂ လူ့ အခွင့် အရေး အထူးသံ မစ္စတာ အိုဟေး ကင်တာနား ကျယ်ပြန့် တဲ့
စုံစမ်း စစ်ဆေး မှု တွေ ပြု လုပ် ဖို့  ပြော ကြား ခဲ့ ပါတယ်။

၈၈ မျိုး ဆက် ကျောင်းသား ခေါင်းဆောင် ကိုကိုကြီး ကတော့ ဒေသခံ ရခိုင် တွေ ရဲ့  အရေး ကို
ထည့် သွင်း ပြောကြား ခြင်း မရှိ ဘဲ ရိုဟင်ဂျာ အရေး ကို ဘဲ အာ ရုံစိုက် ပြော ကြားတာ ဟာ မေး
ခွန်း ထုတ် စရာ ဖြစ်တယ် လို့  ဘီဘီစီ သတင်း ဌာန နဲ့  မေးမြန်း မှု မှာ ပြောကြား ခဲ့ ပါတယ်။

FNG

တစ်ကမ္ဘာလုံးမှာရှိတဲ့ ကုလားတွေကိုရှင်းပစ်ဖို့လိုနေပြီလား?

 

ပညာသင်ကြားနေသော အာဖကန်ကျောင်းသူများအားနေ့စဉ်တိုက်ခိုက်။
အာဖဂန်နိုင်ငံတွင်အမျိုးသမီ
းများပညာသင်ကြားရေးကိုခွင့်မပြုသောအစွန်းရောက်အကြမ်းဖက်များက ကျောင်းပညာသင်ကြားသောအာဖဂန်ကျောင်းသူများအားအက်ဆစ်ဖြင့်ပက်ခြင်း၊ သောက်ရေတွင်အဆိပ်ခတ်ခြင်း၊ စာသင်ကြောင်းအတွင်းလက်ပစ်ဗုံးပစ်သွားခြင်းစသောတိုက်ခိုက်မှုများ အဆက်မပြတ်ဖြစ်ပေါ်နေကြောင်း CNN တသင်းတပုဒ်တွင်ဖေါ်ပြထားသည်။
ကုလသမဂ္ဂ၏ယမန်နှစ်ကရရှိသောအစီခံစာအရမိန်းကလေးများစာသင်
ကျောင်းကိုတိုက်ခိုက်မှုပေါင်း၁၈၅ မှုရှိကြောင်းဖေါ်ပြထားသည်။ "မိန်းကလေးများပညာသင်ကြားခြင်းကို ခွင့်မပြုသော အစွန်းရောက်အကြမ်းဖက်တို့သည် ကျောင်းသူများအားအက်ဆစ်ဖြင့်ပက်ခြင်း၊ သောက်ရေတွင်အဆိပ်ခတ်ခြင်းတိုက်ခိုက်မှုများသည်ကဘူးမြို့တော်အပြင်ဘက်ဒေသများတွင် နေ့စဉ်လိုလိုဖြစ်ပွားနေကြောင်းနှင့်မိန်းကလေးစာသင်ကျောင်းတကျောင်းလက်ပစ်ဗုံးဖြင်တိုက်ခိုက်မှုကြောင့် ကျောင်းသူ၁၀၀ကျော် သေဆုံးခဲ့ရကြောင်းကို အခမဲ့ ပညာရေးစာသင်ကျောင်းတည်ထောင်ထားသူ Razia Jan မှ ပြောကြားခဲ့သည်။

ပြည်ပရောက် မြန်မာ့ဒီမိုကရေစီ အင်အားစု ၈ လေးလုံး အခမ်းအနားကျင်းပ



ပြည်ပရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုတွေက ၂၄ နှစ်မြောက် ၈ လေးလုံး အခမ်းအနားကို သြစတြေးလျ၊ အမေရိကန် ပြည်ထောင်စုနဲ့  ကနေဒါ နိုင်ငံတွေမှာ မနေ့က ကျင်းပခဲ့ကြပါတယ်။

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် အုတ်ကလန်မြို့မှာ ကျင်းပတဲ့ ၈ လေးလုံး အခမ်းအနားကို ရွှေည၀ါ ဆရာတော်လည်း ကြွရောက်ခဲ့ပါတယ်။ ဆရာတော်က ပြည်ပမှာ အတတ်ပညာ အတွေ့အကြုံ လေ့လာ ဆည်းပူးခွင့် ရသူတွေအနေနဲ့ ပြည်တွင်းက သံတိုင်ကြားမှာ အချိန်တွေ ပေးဆပ်ပြီး တိုင်းပြည်နဲ့ လူမျိုးအတွက်
နေ့စဉ်နဲ့အမျှ ကြိုးပမ်း ရုန်းကန် အားထုတ်နေသူတွေကို တန်ဖိုးထား အလေးထားကြဖို့ ဟောပြော မိန့် ကြားခဲ့တယ်လို့ သိရပါတယ်။

အလားတူ Sydney မြို့မှာလည်း ABSDF အဖွဲ့က ဦးစီးတဲ့ ၈ လေးလုံး အခမ်းအနားကို ကျင်းပခဲ့ရာမှာ ABSDF ဥက္ကဋ္ဌ ကိုသံခဲက ဗီဒီယိုနဲ့ အမှာစကား ပြောကြားပြီး မြန်မာ့ ဒီမိုကရေစီအရေးကို ထောက်ခံ အားပေးနေတဲ့ Australia အထက်လွှတ်တော် အမတ် Dr.John Kaye နဲ့  Burma Office တာဝန်ခံ ဒေါက်တာ မြင့်ချိုတို့ အမှာစကား
ပြောကြားခဲ့ပါတယ်။

Perth မြို့မှာကျင်းပတဲ့ အခမ်းအနားမှာတော့ ‘ကျွန်ုပ်တို့ရဲ့လူ့ ဘောင်’ အမည်နဲ့ စကားဝိုင်း တစ်ခုလည်း ဆွေးနွေးခဲ့ကြတယ်လို့  လူ့ဘောင်သစ် ပါတီဝင် ဦးသိန်းလွင်က ပြောပါတယ်။ ကနေဒါနိုင်ငံ တိုရွန်တိုမြို့ မှာလည်း BSDO မြန်မာကျောင်းသားများ ဒီမိုကရက်တစ်အဖွဲ့ (ကနေဒါ) က ဦးဆောင်ပြီး ၈ လေးလုံးနေ့ အခမ်းအနား ကျင်းပခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသ အိန္ဒိယ မြန်မာနယ်စပ်က မိုရေးမြို့မှာတော့ ရှစ်လေးလုံး အထိမ်းအမှတ် အခမ်းအနားနဲ့  ဒေါ်အောင်ဆန်းစုကြည် ရုပ်တုဖွင့်ပွဲ အခမ်းအနားကို သြဂုတ်လ ၈ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။ ဒီအခမ်းအနားကို မြန်မာ့ ဒီမိုကရေစီရေးကို ထောက်ခံ အားပေးတဲ့ The Solidarity Communities for Burma မြန်မာနိုင်ငံ
သွေးစည်း ညီညွတ်ရေး အဖွဲ့က ဦးဆောင်ပြီး မိုရေးမြို့
အိုင်ရာဝမ်လမ်းမှာရှိတဲ့ လူမှုရေးသိပ္ပံ လေ့လာရေးဌာနမှာ ကျင်းပမယ်လို့ သိရပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အိန္ဒိယသမ္မတနိုင်ငံ သမ္မတ Mr. Pranab Mukherjee အား ဂါရဝပြုတွေ့ဆုံ



တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်သည် သြဂုတ် ၃ ရက် ညနေပိုင်း က အိန္ဒိယသမ္မတနိုင်ငံသမ္မတ Pranab Mukherjee အား သွားရောက်ဂါရဝပြုတွေ့ဆုံသည်။

ပထမအကြိမ်အမျိုးသာ့းလွတ်တော် စတုတ္ထပုံမှန် အစည်းအဝေး၂၀ ရက်မြောက်နေ

 
ယနေ့ကျင်းပသော လွှတ်တော် အစည်းအဝေးမှ စ၍ လွှတ်တော် ကိုယ်စားလှယ်တော် ကြီးများ၏ လုံခြုံရေး အတွက် လွှတ်တော် အ၀င်တွင်သာ မက လွှတ်တော် အစည်းအဝေး အဆောက်အအုံ အတွင်းပိုင်းတွင်ပါ မီဒီယာသမားများအပါအ၀င် လွှတ်တော် ကိုယ်စားလှယ် များကိုပါ လုံခြုံရေး တိုးမြင့် စစ်ဆေးနေ ကြောင်းသိရသည်။ ယင်းကိစ္စအား မီဒီယာများ၏တွင် ရေးသားဖော်ပြကြသည့်သတင်းအချို့ကြောင့်ဖြစ်နိုင်ကြာင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တို့က ထင်ကြေးပေးကြသည်။ — 

မြန်မာနိုင်ငံဝန်ထမ်းလောက

ရှစ်လေးလုံးလူထုလှုပ်ရှားမှုနဲ့ လူငယ်တွေရဲ့အခန်းကဏ္ဍ



မြန်မာ့သမိုင်းမှာ ဖျောက်ဖျက်မရနိုင်တဲ့ ရှစ်လေးလုံး လူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ လူငယ်တွေရဲ့ အခန်းကဏ္ဍအပေါ် ဒီကနေ့ခေတ်လူငယ်တွေရဲ့ အမြင် စုစည်းတင်ပြထားပါတယ်။

ဒီမိုကရေစီလွတ်လပ်ခွင့်တွေ အတွက် မြန်မာပြည်သူ တရပ်လုံး လမ်းပေါ်ထွက် ဆန္ဒပြတောင်းဆိုခဲ့တဲ့ ၈၈ လူထုလှုပ်ရှားမှုကြီးဖြစ်ခဲ့တာ လာမယ့် သြဂုတ်လ ၈ ရက်နေ့ဆိုရင် ၂၄နှစ်ပြည့်ပါပြီ။

လက်ရှိမြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ် စတင်လျှောက်လှမ်းစပြုလာတဲ့ အခြေအနေတွေဟာ ဒီရှစ်လေးလုံးလူထု လှုပ်ရှားမှုကနေ မြစ်ဖျားခံလာတယ်လို့သုံးသပ်ကြပါတယ်။

ရှစ်လေးလုံးလှုပ်ရှားမှုမှာ တနိုင်ငံလုံး အတိုင်းအတာအရ ရဟန်း ရှင်လူကျောင်းသားပြည်သူ စုစုပေါင်း သုံးထောင်နီးပါး အသတ်ခံခဲ့ ရတယ်လို့ နိုင်ငံတကာသတင်းဌာနတွေက ဖေါ်ပြခဲ့ကြပါတယ်။

၁၉၆၀ ခုနှစ်တ၀ိုက်က စစ်အာဏာသိမ်းပြီး မဆလ တပါတီ အာဏာရှင် အဖြစ်အုပ်ချုပ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးနေ၀င်းရဲ့ ၁၉၈၈ခုနှစ် သြဂုတ်လ (၈)ရက်နေ့ ရှစ်လေးလုံးလူထုလှုပ်ရှားမှု မတိုင်ခင် ပါတီဥက္ကဋ္ဌ အဖြစ် ကနေနှတ်ထွက်မယ်လို့ပြောဆိုတဲ့ မိန့်ခွန်းမှာ ဆန္ဒပြသူတွေကို ပစ်ခတ် နှိမ်နင်းမှာဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

လူပေါင်းထောင်နဲ့ချီ အသက်သွေးတွေပေးဆပ်ခဲ့တဲ့ ရှစ်လေးလုံး လူထုလှုပ်ရှားမှုမှာပါဝင်ခဲ့ကြတဲ့ ကျောင်းသားလူငယ်တွေရဲ့အခန်းကဏ္ဍကို ဒီနေ့ခေတ်လူငယ်တွေရဲ့အမြင်တွေဘယ်လိုရှိမလဲ။ နာမည်ကျော်လူငယ် MTV ဒါရိုက်တာရဲမြင့်သူကတော့ ရှစ်လေးလုံးလူထုလှုပ်ရှားမှုဟာ ဦးနေ၀င်း ဦးဆောင်တဲ့ တပါတီ အာဏာရှင်စနစ်ကို တိုက်ဖျက်ခဲ့တဲ့ သမိုင်းဝင် အရေးတော်ပုံကြီးဖြစ်တယ်လို့ပြောပါတယ်။

၁၉၉၁ ခုနှစ်မှာမွေးဖွားခဲ့တဲ့ ထားဝယ် နည်းပညာတက္ကသိုလ် လျှပ်စစ် အင်ဂျင်နီယာနောက်ဆုံးနှစ်ကျောင်းသူလည်းဖြစ် ကျောင်းသားသမဂ္ဂအရေးလှုပ်ရှားနေတဲ့ မနေသက်သက်နွေးကတော့ ရှစ်လေးလုံး လူထုလှုပ်ရှားမှု ကိုသိခဲ့တာဟာ သူ့ဖခင် ၈၈မျိုးဆက်ကျောင်းသားကြောင့်လည်း ပါတယ် လို့ဆိုပါတယ်။

ရှစ်လေးလုံးနဲ့အတူမွေးဖွားခဲ့တဲ့ မြင်းခြံခရိုင်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုမိုးစက်လည်း ဒီမိုကရေစီစနစ်ရှင်သန်ရေး ရှစ်လေးလုံးလူထုလှုပ်ရှားမှု ကာလ ကျောင်းသားလူငယ်တွေတာဝန်ကျေခဲ့သလို ဒီနေ့ခေတ်လူငယ်တွေ အနေ နဲ့လည်း တာဝန်ကျေပွန်ဖို့ကြိုးစားနေကြတယ်လို့လည်း ဆိုပါတယ်။

ရုပ်ရှင်မင်းသားကျော်သူ နာရေးကူညီမှုအသင်းဦးဆောင်ရှင် သေလွန်လျှင်ပင်ရုပ်ထုအမှတ်တရကျန်ရစ်တော့မည်


နာရေးကူညီမှုအသင်း ဦးဆောင်သူ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူကို ဂုဏ်ပြုတဲ့အနေနဲ့ မြန်မာနိုင်ငံ ရိုးရာ ပန်းပညာရှင်များ အစည်းအရုံး (မြောက်ဥက္ကလာပမြို့နယ်)က ပန်းချီ၊ ပန်းပုပညာရှင် (၄၀) က ဦးကျော်သူရဲ့ ပုံတူရေးဆွဲ ထုလုပ်တဲ့ အခမ်းအနားတစ်ရပ်ကို မနေ့က ကျင်းပခဲ့ပါတယ်။

ရန်ကုန်တိုင်း ဒဂုံမြို့သစ် မြောက်ပိုင်းက နာရေးကူညီရေး အသင်းရုံးချုပ်မှာ မနေ့ မနက် (၉) နာရီ ကနေ ညနေ (၅) နာရီအထိ ကျင်းပခဲ့တာပါ။ အခုလို အနုပညာသည်တွေ လာရောက်ပြီး အနုပညာနဲ့ ဂုဏ်ပြုတာဟာ
မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ ဦးကျော်သူက RFA ကို ပြောပါတယ်။

အနုပညာရှင်တွေ ရေးဆွဲထုလုပ်ခဲ့တဲ့ ဦးကျော်သူရဲ့ ပုံတူ လက်ရာအများစုကို နာရေးကူညီမှုအသင်း ရုံးခန်းမှာ ချိတ်ဆွဲ ပြသထားမှာဖြစ်ပြီး တချို့ကိုတော့ တခြားရန်ကုန်မြို့က အနုပညာပြခန်းနဲ့ ပြပွဲတွေမှာ ပြသမှာ ဖြစ်တယ်လို့ သိရပါတယ်။

အနုပညာရှင်တွေဟာ လူမှုရေး ပရဟိတလုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေတဲ့ ဦးကျော်သူရဲ့ မွန်မြတ်တဲ့ စိတ်ဓာတ်ကို ထင်ဟပ်ပြီး ပုံဖော် ရေးဆွဲကြတာလို့ ပန်းချီဆရာတစ်ဦးက  ပြောပါတယ်။

နာရေးကူညီမှုအသင်း အနေနဲ့ မျက်စိ ဝေဒနာရှင်တွေကို ဆေးဝါး အခမဲ့ ခွဲစိတ်ကုသရေး လုပ်ငန်းအပြင် အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းကိုပါ တိုးချဲ့လုပ်ကိုင်သွားဖို့ စီစဉ်နေတယ်လို့ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူက ပြောပါတယ်။

မွတ်စလင် ဟက်ကာများမှ မြန်မာနိုင်ငံအားCyber Attack ပြုလုပ်မည့်အစီအစဉ်ကို ၁၀.၈.၂၀၁၂ ရက်နေ့သို့ ပြောင်းရွှေ့လိုက်ခြင်း


မြန်မာနိုင်ငံတွင်းသို့ ကျူးကျော်ဝင်ရောက်လာသည့် ဘင်္ဂါလီ များကို ထောက်ခံသည့် မွတ်စလင် ဟက်ကာများ စုပေါင်းကာမြန်မာနိုင်ငံအား Cyber Attack ပြုလုပ်ရန် Operation Myanmar Hacker Group ဖွဲ့စည်းခဲ့ကြောင်း၊ ဒီလိုတိုက်ခိုက်ရန်အတွက် Hacker ၄၀၀၀ ကျော်ကို ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်ခဲ့ရာ မွတ်စလင်  Hacker ၁၀၀၀ ကျော်က   ပူးပေါင်းပါဝင်မည်ဟု ကတိပြုခဲ့ကြောင်း သိရပါသည်။။ တိုက်ခိုက်မှု့ကို  တနင်္လာနေ့  (၆.၈.၂၀၁၂) ရက်နေ့တွင် စတင်တိုက်ခိုက် ရန် ပြင်ဆင်ထားသော်လည်း  ပိုမိုထိရောက်စွာ တိုက်ခိုက်နိုင်ရန်အတွက် (၁၀.၈.၂၀၁၂)  သောကြာနေ့ သို့  ပြောင်းရွှေ့သတ်မှတ် တိုက်ခိုက်သွားမည် ဖြစ်ကြောင်းသိရသည်။  တာဝန်ရှိသူတွေ အနေဖြင့် မပေါ့ဆကြရန် နှင့်  မိမိတို့၏ ၀ဘ်ဆိုက်များအား စောင့်ကြည့် ကာကွယ်သွားရန် လိုအပ်ကြောင်း သိရသည်။

ကင်တင်နား၏ ရခိုင်အရေးကိစ္စ သုံးသပ်ပြောဆိုချက်များ ကို ရန်ကုန်တိုင်းမ် အယ်ဒီတာ မှ လုံးဝလက်မခံ ဟု ဆို




From : ရန်ကုန်တိုင်း
မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာတင်သွင်းသူ ကုလသမဂ္ဂအထူးကိုယ်စားလှယ် သောမတ်စ် အိုဂျီယာ ကင်တင်နားသည် မြန်မာနိုင်ငံသို့ ခြောက်ရက်ကြာမျှ လာရောက်ပြီးနောက် သြဂုတ်၎ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံမှမထွက်ခွာမီ ရန်ကုန်နိုင်ငံတကာလေဆိပ်၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး သတင်းထုတ်ပြန်ချက်တစ်ရပ် ဖတ်ကြားခဲ့သည်။

In this respect, I have, throughout my mandate, consistently highlighted concerns regarding systematic discrimination against the Rohingya community. Such concerns include the denial of citizenship or legal status to Rohingyas, restrictions on their freedom of movement, marriage restrictions, and other discriminatory policies. I hope that steps will be taken to address these issues, including a review of the 1982 Citizenship Act to ensure that it is in line with international human rights standards.

ကင်တင်နား၏ သတင်းထုတ်ပြန်ချက်တွင် လတ်တလောဖြစ်ပေါ်နေသော ရခိုင်အရေးကိစ္စကို အထူးအလေး ပြောဆိုသွားခဲ့ရာ အထက်ဖော်ပြပါအပိုဒ်၌ ရိုဟင်ဂျာနှင့်ပတ်သက်ပြီး ကာကွယ်ဘက်လိုက်ပြောဆိုသွား ခဲ့သည်ကို ကျွန်ုပ်တို့လေ့လာမှတ်သားလိုက်ရပါသည်။

ရိုဟင်ဂျာများကိုစနစ်တကျခွဲခြားနှိမ့်ချဆက်ဆံနေခြင်းများအပေါ်စိုးရိမ်မကင်းဖြစ်ကြောင်း ကုလအထူး ကိုယ်စားလှယ်က ထုတ်ဖော်ပြောဆိုသည်။ထို့အပြင် သူတို့အား နိုင်ငံသားဖြစ်မှုသို့မဟုတ် တရားဝင်တည်ရှိမှု ငြင်းပယ်ခြင်း၊ လွတ်လပ်စွာသွားလာမှုများကို ကန့်သတ်ခြင်း၊အိမ်ထောင်ပြုမှုကန့်သတ်ခြင်းနှင့် အခြားသော ခွဲခြားနှိမ့်ချဆက်ဆံမူဝါဒများအပေါ် စိုးရိမ်မကင်းဖြစ်ကြောင်း အသေးစိတ်ပါဖော်ပြထားသည်။ထိုမှတစ်ဖန် နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းများနှင့်ကိုက်ညီအောင် ၁၉၈၂ခုနှစ် နိုင်ငံသားဖြစ်မှုအက်ဥပဒေကို ပြန်လည်သုံးသပ်ရန်လည်း ကင်တင်နားက တိုက်တွန်းခဲ့သည်။

ထိုတစ်ပိုဒ်လုံးသည် ရခိုင်ပြည်နယ်တွင် အမှန်တကယ်ဖြစ်ပျက်နေသည့်ပကတိအခြေအနေနှင့်ကင်းကွာ နေသည့်အပြင် သန်း၆၀လူဦးရေ၏အများစုကြီး၏ လိုလားချက်၊ဆန္ဒများနှင့်လည်း ဆန့်ကျင်နေပေသည်။အထူး သဖြင့် နိုင်ငံတိုင်းသည် မိမိနိုင်ငံ၏ပကတိအခြေအနေ၊သမိုင်းကြောင်း၊ပထ၀ီအနေအထားတို့နှင့်ကိုက်ညီမည့် မိမိနိုင်ငံသားများ၊တိုင်းရင်းသားများအကျိုးစီးပွားကို ကာကွယ်ပေးရမည့် နိုင်ငံသားဥပဒေများရေးဆွဲပြဌာန်းရ စမြဲဖြစ်သည်ကို ကုလအထူးကိုယ်စားလှယ်ကင်တင်နား သိရှိပြီးဖြစ်မည်ဟု ကျွန်ုပ်တို့ယုံကြည်ပါသည်။
ယင်းအတွက် မြန်မာနိုင်ငံ၏ နိုင်ငံသားဖြစ်မှုဥပဒေအပေါ် လူ့အခွင့်အရေးအကြောင်းပြကာ တရားမ၀င်ဝင် ရောက်နေသူများအား တရားဝင်ဖြစ်ရေး တိုက်တွန်းပြောကြားသုံးသပ်ခိုင်းမှုကို ကျွန်ုပ်တို့လက်မခံနိုင်ဟု အတိအလင်းပြော ကြားလိုပေသည်။

နိုင်ငံတော်သမ္မတကြီးအပါအ၀င် ပြည်ထောင်စုဝန်ကြီးများကလည်း နိုင်ငံသားဖြစ်မှုနှင့်ပတ်သက်၍လည်း ကောင်း၊ တရားမ၀င် ၀င်ရောက်လာသူများအား လူသားချင်းစာနာထောက်ထားသောအားဖြင့် ဒုက္ခသည်စခန်း ဖွင့်လှစ်ပေးပြီး ကုလအပါအ၀င်နိုင်ငံတကာအသိုင်းအ၀န်းက ၀ိုင်းဝန်းကူညီရေးနှုင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းစွာပြောကြားပြီးဖြစ်သည်။ ထိုပြောကြားချက်များသညှ်အလွန်မျှတမှုရှိပြီး ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် အထူးအရေးကြီးသည့် ရပ်တည်ချက်မှန်လည်း ဖြစ်ပေသည်။မကြာသေးမီက ပြည်သူ့လွှတ်တော်အစည်းအဝေးတစ်ခုအတွင်း လွှတ်တော်ကိုယ်စားလှယ်တစ် ဦးက နိုင်ငံသားဖြစ်မှုကိစ္စပြောသည့်အခါ လူ့အခွင့်အရေးဆိုပြီး ကဗျာမဆန်ကြရန် ပွင့်ပွင့်လင်းလင်းဆွေးနွေးသွားခဲ့သည်ကို ပြန်လည် ညွှန်းဆိုပြသလိုပေသည်။

ထို့အတွက်ကြောင့် လူ့အခွင့်အရေးကျွမ်းကျင်သူဟုဆိုသည့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ကင်တင်နား၏ ရခိုင်အရေးကိစ္စပြောဆိုသုံးသပ်မှုများသည် သန်း၆၀မျှသော မြန်မာပြည်သူအများစုကြီး၏ ဆန္ဒကိုဆန့်ကျင်ပြီး ထိုပြည်သူအများစုကြီး၏ အခွင့်အရေး တစ်နည်းဆိုရသော် မြန်မာပြည်သူအများစုကြီး၏ လူ့အခွင့်အရေးကို ချိုးဖောက်ပြောဆိုနေခြင်းဖြစ်သည့်အတွက် ကျွန်ုပ်တို့က လုံးဝလက်မခံနိုင်ကြောင်းနှင့် ကုလသမဂ္ဂအနေဖြင့် လည်း မျှတစွာသုံးသပ်ပြောဆိုနိုင်သည့် ကိုယ်စားလှယ်တစ်ဦးအား အသစ်လဲလှယ်ခန့်ထားပေးပါရန် ကျွန်ုပ်တို့ကတောင်းဆိုပါသည်။


အယ်ဒီတာ
၅၊သြဂုတ် ၂၀၁၂

ရိုဟင်ဂျာကိုသနားတဲ့ BBC တဲ့ (ရုပ်/သံ)














ရွှေပြည်သာမြို့နယ် ရပ်ကွက်အချို့တွင် ရေလွှမ်းမိုးမှုများဖြစ်ပေါ်


မိုးတွင်းကာလ မြစ်ရေ၊ ချောင်းရေ ကြီးမြင့်ခြင်းနှင့်အတူ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရန်ကုန်တိုင်းဒေသ ကြီး ရွှေပြည်သာမြို့နယ် လိပ်ပုတ်ချောင်း နှင့်ဆက်စပ်လျက်ရှိသော အမှတ် (၁၆) ရပ်ကွက်နှင့် အမှတ်(၁၇)ရပ်ကွက်အတွင်းရှိ လူနေအိမ်အချို့နှင့် တာလမ်းမ ရေနစ်မြုပ်ခြင်း၊ ရေလွှမ်းမိုးခြင်းများ သြဂုတ် ၃ ရက် နံနက်ပိုင်းက စတင်ဖြစ်ပွားလျက် ရှိကြောင်း သိရသည်။

တရုတ်Hacker နဲ့ မြန်မာ Hacker တွေပေါင်တိုက်ကြပြီ

 




မြန်မာနှင့် တရုတ်ဟက်ကာများ စုပေါင်း၍
"ရခိုင်ပြည်သူများအား သတ်ဖြတ်နေမှု့  ချက်ချင်းရပ်"
ဟူသော ကြွေးကြာ်သံဖြင့် ပါကစ္စတန်တို့  ထက်ဦးစွာ
ယနေ့  ညနေမှ စတင်၍ ဆိုက်ဘာတိုက်ခိုက်မှု့  ကို
စတင်လိုက်ကြပါပြီ.....


နှစ်ဖက်တိုက်ခိုက်မှု့ တွေဟာ ယခု အကြိမ်မှာ ပိုမို ပြင်းထန်နိုင်ကြောင်း
နှင့် အင်တာနက်ကွန်ယက်ဆက်သွယ်မှု့ တွေ နှေးကွေးနိုင်ပြီး
ပြတ်တောက်မှုတွေပင် ဖြစ်ပေါ်နိုင်ကြောင်းသိရှိ ရပါတယ်။

လိုအပ်ပါက မြန်မာဖက်မှ ရပ်တည်ပေးမည့်
ကမ္ဘာကျော် ဟက်ကာ အဖွဲ့ များလည်း ဆက်သွယ်လာကြောင်း
နောက်ဆက်တွဲ သိရပါတယ်။

ယခု နှစ်ဖက်တိုက်ခိုက်မှုကို တစ်ကမ္ဘာလုံးက စောင့်ကြည့်လျှက်ရှိပြီး
စိတ်ပူလျှက်ရှိကြပါတယ်။

ရတနာပုံနေ့စဉ်သတင်းစာ (၆-၈-၂၀၁၂)


ပျော်ဘွယ်မြို့တွင် အစ္စလာန် ဘာသာဝင်များမှ မြန်မာ မိန်းကလေးတစ်ဦးအား မုဒိန်းကျင့်စော်ကားခြင်း


  မန္တလေးတိုင်းဒေသကြီး။ ရမည်သင်းခရိုင်၊ပျော်ဘွယ်မြို့နယ် မြို့သစ်ရပ်ကွက်တွင်နေထိုင်သော မြန်မာအမျိုးသမီးတစ်ဦးအား အစ္စလာမ်ဘာသာဝင်လူငယ်(၂)ဦးမှ မုဒိန်းကျင့်မှုဖြစ်ပွားခဲ့ကြောင်း၊ ဖြစ်စဉ်မှာ မြို့သစ်ရပ်ကွက်တွင်နေထိုင်သော မမြင့်မြင့်စန်း(၁၇)နှစ်(ဘ)ဦးနီတွတ် (အိမ်ထောင်ရှိ)သူသည် ပျော်ဘွယ်မြို့နယ် ဗလီရှေ့တွင် ရောင်းချသော အစ္စလာမ်ဘာသင်ဝင် မူစလင်လူမျိုး ဇော်မျိုးဦးဆိုင်တွင် ပုံဂံဆေး သန့်ရှင်ရေးအလုပ်အား နေ့စားလုပ်ကိုင်ကြောင်း၊
ပိုင်ရှင် အစ္စလာမ်ဘာသာဝင် မူစလင်လူမျိုး ဇော်မျိုးဦး(မြန်မာအမည်)သည် ၄င်းနေထိုင်ရာ မြို့သစ်ရပ်ကွက် နေအိမ်တွင် အ၀တ်အစားများလျှော်ဖွတ်ရန်အတွက် မမြင့်မြင့်စန်းအား (၃-၇-၂၀၁၂)ရက်နေ့ နံနက်ပိုင်း တွင် အိမ်သို့သွားရန် စေခိုင်းလိုက်ပါတယ်။ မမြင့်မြင့်စန်းလည်း သွေးရိုးသားရိုး အလုပ်ခိုင်းစေမှုဖြစ်သဖြင့် ၄င်းဇော်မျိုးဦးနေအိမ် ဘေးရှိ ရေတွင်းတွင် ၄င်းကုလားလူမျီုးများ၏အ၀တ်အစားများကို လျှေ
ာဖွတ်ပေးနေကြောင်း၊ထိုအချိန်တွင် ဇော်မျိုးဦးနေအိမ်သို့ မူစလင်လူမျိုး(အစ္စလာမ်ဘာသာဝင်) (အရပ်အခေါ် ဘောကြီး) ရာဇာကျော်ဝင်း ရောက်နှင်နေပြီး ၄င်းက မမြင့်မြင့်စန်းအား ပါးစပ်ပိတ် တွန်းလှဲပြီး သားမယား အဖြစ် အတင်းအဓမ္မပြုကျင့်ကြောင်း၊ ဇော်မျိုးဦး ကုလားမှလည်း မမြင့်မြင့်စန်းနောက်မှ နောက်ယောက်ခံလိုက်လာပြီး ရာဇာကျော်ဝင်း(ဘောကြီး)ပြုကျင့်သည့်ကို အားပေး အနေဖြင့် မမြင့်မြင့်စန်းအား ချုပ်နှောင်ထားကြောင်း၊ မမြင့်မြင့်စန်းသည် ၄င်းတို့ (၂)ဦးအား တွန်းလှန်ကာကွယ် ရုန်းကန်သည့် အတွက် ထွက်ပြေးလွတ်မြောက်သွားပြီး သူမနေအိမ်သို့ ပြန်လည်ရောက်ရှိကာ မိဘများအား တိုင်ကြားခဲ့ကြောင်း၊(၁၄၀၀)ချိန်တွင် မိဘဆွေးမျိုးများနှင့် ၄င်းဇော်မျိုးဦး၏ မိဘဆွေမျိုး (အစ္စလာမ်ဘာသာဝင် )မူစလင်ကုလားများနှင့် စကားများ ခိုက်ရန် ဖြစ်ပွားကာ (၁၈၀၀)ချိန်ခန့်တွင် (၂)ဖက်စလုံးအား ရဲစခန်းမှ လာရောက်ဖြန်ဖြေပေးကာ ရဲစခန်းတွင် ပထမသတင်းပေးတိုင်ကြားချက်အမှတ်(က-၁၃၀/၂၀၁၂)ဖြင့် အမှုဖွင့်ကာ ဇော်မျိုးဦးနှင့် ဘောကြီးတို့ (၂)ဦး အရေးယူရန်ပြင်ဆင်လျှက်ရှိကြောင်း၊၄င်းကိစ္စအား မြို့နယ်အုပ်ချုပ်ရေးမှူး၊မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ဌာနဆိုင်ရာမှ သွားရောက်ဖျောင်းဖျပြောဆို လူစုခွဲရကြောင်း သိရှိရပါသည်

မြေဈေးနှုန်းအမှန်တကယ် လျော့ကျမည့် ကာလကို ရင်းနှီးမြှုပ်နှံလိုသည့် နိုင်ငံသားလုပ်ငန်းရှင်များအပြင် နိုင်ငံခြားသား လုပ်ငန်းရှင်များပါ စောင့်မျှော်နေ

မြန်မာနိုင်ငံ၏ အိမ်၊ ခြံ၊ မြေဈေးနှုန်းမှာ အာရှတိုက်တွင် ဈေးနှုန်း အမြင့်ဆုံးဖြစ်နေသောကြောင့် စက်မှုဇုန်မြေဈေးနှုန်းများအားကားဈေးကွက်ကဲ့သို့ဈေးနှုန်းလျော့ကျသွားအောင်ပြုလုပ်မည်ဟုရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြော ကြားခဲ့ခြင်းကြောင့် အမှန်တကယ် ရင်းနှီးမြှုပ်နှံ လိုသည့် နိုင်ငံသားလုပ်ငန်းရှင် များအပြင် နိုင်ငံခြားသား လုပ်ငန်းရှင်များပါ စောင့်မျော်နေကြကြောင်း၊ ထို့ပြင် သြဂုတ်လတွင် သက်တမ်း ကုန်ဆုံးတော့မည့် အခွန်စနစ်သစ်ကြောင့် မြေရောင်းဝယ်မှုများ ရပ်တန့်သွားကြောင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်းများမှ သိရှိရပါသည်။
ထို့ပြင် သြဂုတ်လတွင် သက်တမ်းပြည့်မည့် ၁၅ ရာခိုင်နှုန်း အခွန်စနစ် ဆက်လက်ကျင့်သုံးခြင်း ရှိ မရှိ အပေါ်တွင်မူတည်ပြီး အိမ်ခြံမြေဈေးကွက်အပြောင်းအလဲ ထပ်မံဖြစ်ပေါ်လာနိုင်ကြောင်းလည်း အိမ်ခြံမြေ အကျိုးဆောင်များမှ သုံးသပ်ခဲ့ကြပြီး လတ်တလော ထွက်ပေါ်နေသည့်သတင်းများအရ အိမ်ခြံမြေအခွန် စနစ်သစ်မှာ သက်တမ်းတိုးဖွယ်မရှိကြောင်းလည်း သိရှိရသည်။
''အိမ်၊ ခြံ၊ မြေနဲ့ဆိုင်တဲ့ နိုင်ငံတကာပွဲတွေမှာကျွန်တော်တို့သွားတက်ရင်လာရောက်ဆွေးနွေးတဲ့ သူအားလုံးရဲ့ မှတ်ချက်ကမြေဈေးနှုန်း မြင့်လွန်းတယ် မှတ်ချက်ပေးကြတယ်။ သူတို့ရဲ့ မှတ်ချက်က နိုင်ငံတကာမှာ သတင်းဖြစ်သွားတော့ အမှန်တကယ် မြှုပ်နှံမယ့်သူတွေ လက်တွန့်သွားတယ်။ ဒီလိုလက်တွန့် သွားတော့ မြှုပ်နှံမယ့်သူတွေ ၀င်လာတာနည်းတယ်။ ဒီတော့ မြန်မာ့စီးပွားရေး ရင်းနှီးမြှုပ်နှံမှုက အမှန် တကယ် ယှဉ်ပြိုင်နိုင်တဲ့ လုပ်ငန်းရှင်တွေ မလာတော့ဘဲ ဖွံ့ဖြိုးမှု နောက်ကျလာ ပါတယ်၊ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးမှုအတွက် အဓိကကျတဲ့ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေကလည်း ဈေးနှုန်းတွေ ကျဆင်းမယ့် ကာလကို စောင့်မျှော်နေကြပါတယ်''ဟု မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
ငွေဝင်လမ်းပြစရာမလိုဘဲ ရောင်းသူဝယ်သူနှစ်ဦးမှ ၁၅ ရာခိုင်နှုန်းသာ အခွန်ဆောင်ရသည့် အိမ်ခြံမြေ အခွန်စနစ်သစ်မှာ ၅ နှစ်တာ သက်တမ်းတွင် ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း၏ ပြောကြားချက်အရ အခွန်စနစ်သစ် သက်တမ်းတိုးဖို့ မဖြစ်နိုင်တော့ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ထို့ပြင် ပြည်တွင်းအခွန်များဦးစီးဋ္ဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်မိုးကြည်ကလည်း အခွန်သက်တမ်းတိုး မတိုးအား တရားဝင် ထုတ်ပြန်မှသာ သိရှိရ မည်ဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။
အခွန်စနစ်သစ် သက်တမ်းတိုးမှု ရပ်ဆိုင်းလိုက်ပါက ငွေဝင်ရလမ်း ပြသရခြင်း၊ ပြည်တွင်းအခွန်များ ဦးစီးဋ္ဌာနသို့ ပေးဆောင်ရမည့် အခွန် ၂ဆ တိုးလာခြင်းစသည့် အချက်များကြောင့် အိမ်ခြံမြေ အား ဈေးကစားရန် ၀ယ်ယူသူများအတွက် အခွန်စနစ် သစ်ကဲ့သို့ လွယ်ကူမှုမရှိနိုင်ကြောင်းလည်း သုံးသပ်မှု များ ရှိနေသည်။
''အခွန်စနစ်သစ်ကလည်း ဦးစိုးသိန်း ပြောစကားအရ သက်တမ်းတိုးဖို့ မဖြစ်နိုင်တော့ဘူး။ ပုံမှန်ဆိုရင်တော့ အခွန်စနစ်သစ် သက်တမ်းကုန်ခါနီးရင် အရောင်းအ၀ယ် ကောင်းလေ့ရှိတယ်။ ဒီနှစ်မှာတော့ ဦးစိုးသိန်း ပြောစကားကြောင့် အားလုံးက တကယ် ဈေးကျအောင် လုပ် မလုပ် စောင့်ကြည့်နေကြပါတယ်။ ဒီနှစ်ထဲဇုန်မြေကွက်တွေ အရောင်းအ၀ယ်ဖြစ်တာဆိုလို့ သီလ၀ါစက်မှုဇုန်မြေပဲ ရှိတယ်။ သီလ၀ါစက်မှု ဇုန်မြေကလည်း စက်မှုမြို့တော် အကောင်အထည်ဖော်မယ်လို့ သတင်းထွက်တဲ့ အချိန်မှာတစ်ဧကကို ကျပ်သိန်း ၂၅၀၀ လောက်အထိ ရှိခဲ့ပေမယ့် အခုဆိုကျပ်သိန်း ၁၅၀၀ ၀န်းကျင်ပဲရှိတယ်။ အမှန်တကယ် ရင်းနှီးမြှုပ်နှံသူတွေကတော့ ၀ယ်ယူဖို့ ကြိုးစားကြပါတယ်''ဟု ယူနတီမှ ဦးဇော်ဇော်က ပြောကြားခဲ့သည်။

အခွန်စနစ်အရ ၀င်ငွေရ လမ်းဖော်ပြနိုင်စရာမလိုဘဲ ၁၅ ရာခိုင်နှုန်း အခွန်ဆောင်ခြင်းဖြင့် ၀ယ်ယူခွင့်ရှိသောကြောင့် ငွေကြေးခ၀ါချလိုသူများအတွက် အခွင့်အလမ်းကောင်း တစ်ရပ်အဖြစ် ရရှိနေသည် . . .

ယခင်အစိုးရ လက်ထက်တွင် စီးပွားရေးလုပ်ငန်းကြီးအချို့အား မြေနေရာများ၊ စက်မှုဇုန်များနှင့် မြို့ပြစီမံကိန်းများအပါအ၀င် လုပ်ပိုင်ခွင့် အများအပြားအား လက်ရှိဒီမိုကရေစီ အစိုးရသစ် လက်ထက် တွင် ပြန်လည်စိစစ်၍ လုပ်ကိုင်နိုင်စွမ်းမရှိဘဲ လုပ်ပိုင်ခွင့် ရယူထားခြင်း၊ နိုင်ငံတကာ အဆင့် မီအောင်ဆောင်ရွက်နိုင်မှုမရှိခြင်း စသည့်အချက်များအား စိစစ်၍ ဆက်လက်ဆောင်ရွက်နိုင်စွမ်း မရှိကြောင်း တွေ့ရှိပါက လက်ရှိအစိုးရလက်ထက်တွင် လုပ်ပိုင်ခွင့် ပြန်လည်ရုပ်သိမ်းသည်အထိ အရေး ယူဖွယ်ရှိကြောင်းလည်း အစိုးရအဖွဲ့နှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့် စီးပွားရေး ပညာရှင် အချို့မှ ပြောကြားခဲ့ကြသည်။
''အိမ်၊ ခြံ၊ မြေဈေးနှုန်းတွေ အာရှမှာ အမြင့်ဆုံးဖြစ်နေတာက မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မရှိလို့ပါ။ ဒီလိုဖွံ့ဖြိုးမှု မရှိတော့ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ မြှုပ်နှံစရာကဏ္ဍ နည်းပါးတဲ့အတွက်  အိမ်၊ ခြံ၊ မြေမှာပဲ စုပြုံမြှုပ်နှံနေလို့ပါ။ တခြားစီး ပွားရေးကဏ္ဍတွေမှာ ဖွံ့ဖြိုးတိုးတက်မှု များလာတာနဲ့အမျှ တခြားစီးပွားရေး ကဏ္ဍတွေမှာ ပြန်လည်မြှုပ်နှံမယ်ဆိုရင် အာရှမှာ ဈေးအမြင့်ဆုံး ဖြစ်နေတဲ့ မြန်မာ့ အိမ်၊ ခြံ၊ မြေဈေးနှုန်းတွေ ပြန်လည် ကျဆင်းသွားပါမယ်''ဟု နိုင်ငံတော်သမ္မတ၏ စီးပွားရေး အကြံ ပေးဖြစ်သူ ဒေါက်တာ ဇော်ဦးက သုံးသပ်ပြောကြားသည်။
ယင်းကဲ့သို့ အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်မှုကြောင့် မြန်မာနိုင်ငံတွင် မြေယာနှင့်ပတ်သက်သည့် အရှုပ်အထွေးများလည်းနေ့စဉ်ကြားသိနေရကြောင်းနှင့်လယ်မြေသိမ်းယူမှုများ၊စက်မှုဇုန် မြေနေရာ ဖော်ထုတ်ခြင်း များကြောင့် အိမ်ခြံမြေဈေးကွက်တွင် သိသိသာသာ ရိုက်ခတ်မှု ရှိနေကြောင်းလည်း သိရှိရသည်။
''အိမ်ခြံမြေပိုင်ဆိုင်မှုနဲ့ ပတ်သက်လို့ရှိရင် အစိုးရအနေနဲ့ အခွန်ကောက်သင့်တယ်လို့မြင်တယ်။ ဥပမာ-အိမ်ခြံမြေပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးအိမ်တစ်လုံးပိုင်တဲ့အနေအထားကနေ နောက်ထပ်အိမ်တစ်လုံးဖြစ်လာပြီဆိုရင် ဒီအပေါ်မှာ အခွန်တိုးပြီး ကောက်သင့်တယ်။ နောက်ပြီး တန်ဖိုးအရလည်း သိန်းတစ်ထောင်အထက် ပိုင်ဆိုင်မှုဆိုရင် ဘယ်လောက်၊ သိန်းတစ်သောင်းအထက် ပိုင်ဆိုင်မှုဆိုရင် ဘယ်လောက်ဆိုပြီး property tax ကို ကောက်သင့် တယ်လို့ မြင်တယ်။ အဲဒါဆို အိမ်ခြံမြေဈေး ကွက်မှာ အမြတ်ရလိုမှုနဲ့ ၀င်ရောက်မြှုပ်နှံတာမျိုးကို ကာကွယ်ပြီးသား ဖြစ်သွားမယ်။ မူဝါဒတစ်ခုက ဈေးကစားချင်တဲ့သူတွေကို အကာအကွယ်ပေးတဲ့မူဝါဒ မဖြစ်သင့်ဘူး''ဟု စီးပွားရေးပညာရှင် ပါမောက္ခဦးမော်သန်းက ပြောကြားခဲ့သည်။
လက်ရှိလည်ပတ်နေသော စက်မှုဇုန်မြေကွက်များတွင် စက်မှုလုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရန် အချိန်ကာလသတ်မှတ်ထားပြီးသတ်မှတ်ကာလအတွင်းအကောင်အထည်မဖော်နိုင်ပါက မြေကွက်များ ပြန်လည်သိမ်းဆည်းမည်ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဋ္ဌုာနမှ ထုတ်ပြန်ခဲ့ဖူးပြီး လက်ရှိကာလတွင်လည်း သတ်မှတ်ကာလအတွင်း အမြန်ဆုံး အကောင်အထည်ဖော်ရန် ထပ်ဆင့်ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။
''မြန်မာ အိမ်ခြံမြေဈေးက အာရှမှာ အမြင့်ဆုံး ဖြစ်နေပါပြီ။ ဒါပေမဲ့ ဈေးနှုန်းမြင့်တက်လာမှုက တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာလို့ စနစ်တကျ ဈေးနှုန်းတက်လာတဲ့ပုံစံ မဟုတ်ဘူး။ စီမံကိန်းတွေရှိရင် ပုံပြီးဝယ်၊အကောင်အထည်မဖော်ဘဲလှောင်ထား၊ပြီးရင်ထုတ်ရောင်းနဲ့ ဈေးတွေတက်လာသလို၊ ငွေကြေး ဈေးကစားဖို့အတွက် နာမည်ခံဝယ်တဲ့ အိမ်နီးချင်း နိုင်ငံသားတွေကြောင့် မြန်မာ့မြေဈေးနှုန်းက ပုံပျက်ပန်းပျက် တိုးတက်လာ တာပါ။ ဒီလိုမဖြစ်သင့်ဘဲ မြင့်တက်နေတဲ့ဈေးနှုန်းတွေကို ထိန်းချုပ်နိုင်ဖို့ လိုနေပါပြီ''ဟု မဏ္ဍိုင်အိမ်ခြံ မြေ အကျိုးဆောင်မှ ဦးသန်းဦးက သုံးသပ်ပြောကြားသည်။
မြန်မာနိုင်ငံရှိစီးပွားရေးလုပ်ငန်းရှင်အများစုမှာအာဆီယံဒေသနှစ်ခုတွင်ရင်းနှီးမြှုပ်နှံမှုများပြားသည့် နိုင်ငံခြားသား လုပ်ငန်းရှင်များအား ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ရန် ပြည်တွင်းရှိ မြေကွက်များအား လက်ဦးမှုရယူ၍ သိုလှောင်ထားပြီး နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာချိန်တွင် မြေကွက်ပိုင်ဆိုင်မှုနှင့် အကျိုးတူပူးပေါင်းနိုင်ရန်မြေကွက်များတွင်အားစိုက်မြှုပ်နှံနေခြင်းဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက အာဆီယံစီးပွားရေး အသိုက်အ၀န်း အလုပ်ရုံဆွေးနွေးပွဲတွင် သုံးသပ်ပြောကြားသည်။
''မြန်မာ့စီးပွားရေး လုပ်ငန်းရှင်တွေ FDI (နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု)ကို အသာရနိုင်တာ  မြေကွက်တစ်ခုပဲရှိတယ်၊ ကျန်တဲ့ ထုတ်ကုန်၊ ပစ္စည်းအရည်အသွေး၊ ဈေးကွက်ပြိုင်ဆိုင်မှု၊ ရင်းနှီးမြှုပ်နှံနိုင်မှု၊ ဘာတစ်ခုမှ FDI ကို ပြိုင်နိုင်ဖို့ မရှိဘူး။ ဒီတော့ အသေချာဆုံးအလုပ်က အချက်အခြာကျတဲ့ မြေကွက်တွေ၊ ဖွံ့ဖြိုးလာနိုင်တဲ့မြေကွက်တွေကို လက်ဦးမှုရယူပြီး ၀ယ်ထားတာက အသေချာဆုံး ဈေးကွက်ပြိုင်ဆိုင်မှုဆိုတာ အားလုံး သဘောပေါက်ထားတယ်လေ။ ဒီတော့မြေကွက်တွေကိုပဲ စုပြုံမြှုပ်နှံပြီး ဈေးကစားနေကြတာပေါ့''ဟု စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောကြားသည်။
အိမ်ခြံမြေ ရောင်းဝယ်မှုနှင့် လက်ရှိကျင့်သုံးလျက်ရှိသော ၁၅ ရာခိုင်နှုန်း အခွန်စနစ်သည် ၂၀၀၇ ခုနှစ်မှစ၍ တစ်နှစ်လျှင် တစ်ကြိမ် နှစ်စဉ်သက်တမ်းတိုးခဲ့ခြင်းဖြစ်ကြောင်းနှင့် သြဂုတ်လဆန်းပိုင်းတွင် သက်တမ်း ကာလပြည့်မည်ဖြစ်ပြီး မည်သည့် အခွန်စနစ်သစ်ဖြင့် အစားထိုးမည်ဆိုသည်ကိုမူ မသိရသေးကြောင်း သိရသည်။
ယင်းအခွန်စနစ်အရ ၀င်ငွေရ လမ်းဖော်ပြနိုင်စရာမလိုဘဲ ၁၅ ရာ ခိုင်နှုန်းအခွန်ဆောင်ခြင်းဖြင့် ၀ယ်ယူ ခွင့်ရှိသောကြောင့် ငွေကြေးခ၀ါချ လိုသူများအတွက် အခွင့်အလမ်း ကောင်းတစ်ရပ်အဖြစ်ရှိနေသည်ဟု လည်း သုံးသပ်ကြသည်။

ကုန်းပိုင်းလုပ်ကွက်များတွင် နိုင်ငံခြားကုမ္ပဏီများနှင့် ပူးပေါင်းရန် ပြည်တွင်းကုမ္ပဏီ ၆၀ ကျော်ကမ်းလှမ်း

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၏ ကျန်ရှိနေသေးသော ကုန်းပိုင်းလုပ်ကွက် ၃၀ ၀န်းကျင် တွင် နိုင်ငံခြား ကုမ္ပဏီများနှင့် အကျိုးတူပူး ပေါင်းဆောင်ရွက်နိုင်ရန် ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီ ၆၀ ကျော် လာရောက်ကမ်း လှမ်းထားကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

လက်ရှိမြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ခြင်းလုပ်ငန်းများအတွက် ယခင်ကတည်းက ရင်းနှီးမြှုပ်နှံထားသည့် ကုမ္ပဏီများနှင့်အတူ အမေရိကန်၊ အီးယူ၊ ကနေဒါတို့ အပါအ၀င် ကမ္ဘာနိုင်ငံ အသီးသီးမှ ကုမ္ပဏီ အမြောက်အများ လာရောက်ဆွေးနွေး လျက်ရှိပြီး ကုန်းပိုင်းလုပ်ကွက်များ သာမက ကမ်းလွန် လုပ်ကွက်၂၈ ကွက်အနက် ၂၃ ကွက်ကို ဈေးပြိုင်တင်ဒါ ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရပါသည်။

၂၀၁၂ ခုနှစ် ဇန်န၀ါရီလ စာရင်းများအရ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၏ ကုန်းပိုင်း လုပ်ကွက် ၁၀ခု တွင် နိုင်ငံခြားကုမ္ပဏီ၈ခု၊ ကမ်းလွန်လုပ်ကွက် ၂၇ ခုတွင် နိုင်ငံခြားကုမ္ပဏီ ၁၂ခု ရင်းနှီးမြှုပ်နှံလျက်ရှိသည်။
 

ရခိုင်အရေးကိစ္စ မြန်မာအစိုးရကိုင်တွယ်ဖြေရှင်းပုံအပေါ် ကမ္ဘာ့မူဆလင်အများဆုံးနိုင်ငံ အင်ဒိုနီးရှာသမ္မတကဒီလိုမြင်တယ်

 
ကမ္ဘာမှာ မူစလင်ဘာသာဝင်အများဆုံးရှိရာ နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ သမ္မတ ဆူဆီလို ယူဒိုယူနို က ရခိုင်ပြည်နယ်မှာဖြစ်ပေါ်နေတဲ့ ပဋိပက္ခ နဲ့ပတ်သက်လို့  မြန်မာနိုင်ငံ အစိုးရဟာ အကောင်းဆုံးဖြစ်အောင် ကိုင်တွယ်ဖြေရှင်းနေကြောင်း ပြောကြားလိုက်ပါတယ်။

အနောက်ဂျားဗား ရှိသူ့ ရဲ့နေအိမ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတ ယူဒိုယူနို က သူ့ အနေနဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က အခြေအနေ ကို တတ်နိုင်သမျှ မှန်မှန်ကန်ကန် ပြည့်ပြည့်စုံစုံ နဲ့ ဘက်မလိုက်ဘဲ ကြိုးစား ရှင်းပြနေတာဖြစ်ကြောင်းလည်း သတင်းထောက်တွေကို ပြောပါတယ်၊

ရခိုင်- ရိုဟင်ဂျာ ပဋိပက္ခ ဟာ ဘာသာရေးပဋိပက္ခ မဟုတ်ဘဲ ဒေသတွင်း လူုအုပ်စုကြားဖြစ်ပွါးတဲ့ ပဋိပက္ခ သာဖြစ်ပြီး အကြောင်းတိုက်ဆိုင်လို့ ရိုဟင်ဂျာ တွေက မူဆလင်ဖြစ်ပြီး ရခိုင်တွေက ဗုဒ္ဓဘာသာ ဖြစ်နေတာ သာ ဖြစ်ကြောင်းလည်း အင်ဒိုနီးရှားသမ္မတ ကပြောပါတယ်

ရိုဟင်ဂျာတွေဟာ ဘင်ဂလားဒေ့ရှ် ဇာတိဖြစ်ကြောင်း၊ ဒါပေမဲ့ မျိုးဆက်
လေးဆက်လောက်နေထိုင် လာတဲ့ သူတို့ ကို မြန်မာ အစိုးရက တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ ထဲ့သွင်းမှု မရှိသေးဘူး လို့  လည်းပြော ပါတယ်။

ဒီပဋိပက္ခမှာ ရိုဟင်ဂျာ ဒုက္ခသည် ၂၈၀၀၀ ကနေ ၅၃၀၀၀ ထိ များပြားလါကြောင်း၊ စာရင်းအရ ရခိုင် ဒုက္ခသည် ၂၄၀၀၀ ရှိနေကြောင်း ၊ဝေဖန်သူတွေက မြန်မာအစိုးရ ဟာ ရခိုင်တွေကို ဦးစားပေး နေတယ်လို့ 
ဆိုကြပေမဲ့ တဖက်မှာလည်း ရိုဟင်ဂျာတွေဟာ ကုလသမဂ္ဂ ရဲ့ အကူအညီ အထောက်အပံ့ ပိုရနေတယ်လို့ ရခိုင်တွေက သတိမူ သဘောပေါက် ထားကြောင်းလည်း ပြောဆိုပါတယ်၊

မြန်မာနိုင်ငံက ပြဿနာဖြေရှင်းရေးအတွက် အင်ဒိုနီးရှားနိုင်ငံ အနေနဲ့ သံတမန် လမ်းကြောင်း က တတ်နိုင်သမျှဆောင်ရွက်ခဲ့ပြီး သမ္မတ ဦးသိန်းစိန် ထံလည်း အင်ဒိုနီးရှားနိုင်ငံ ရဲ့မျှော်လင့်မှုတွေ နဲ့ပတ်သက် လို့ စာစောင်ပေးမို့ မယ်ဖြစ်ကြောင်း သတင်းထောက်တွေကို ရှင်းပြသွားပါတယ်။

ဂျပန်၏ အကြီးဆုံး ပို့ဆောင်ရေး လုပ်ငန်းစုကြီးဖြစ်သည့် NYK Group က ယခုနှစ်အကုန်တွင် မြန်မာနိုင်ငံနှင့် တိုက်ရိုက် ဆက်သွယ်ဆောင်ရွက်နိုင်ရန် ရုံးခန်းဖွင့်မည်

ဂျပန်နိုင်ငံ၏ အကြီးဆုံး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းစုကြီးဖြစ်သည့် NYK (Nippon Yusen Kaisha) Group က မြန်မာနိုင်ငံနှင့် တိုက်ရိုက်ဆက်သွယ်ကာ လုပ်ငန်းများဆောင်ရွက်ရန် ယခုနှစ်အကုန်တွင် မြန်မာနိုင်ငံ၌ ရုံးခန်း လာရောက်ဖွင့်လှစ်ရန် စီစဉ်နေပြီဖြစ်ကြောင်း အဆိုပါကုမ္ပဏီအဖွဲ့မှ အုပ်ချုပ်မှု အဖွဲ့ဝင် အချို့က ပြောကြားခဲ့သည်။ 
''မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို စီးပွားရေး ဆက်သွယ်ဆောင်ရွက်ဖို့ မြန်မာနိုင်ငံမှာ ကိုယ်စားလှယ် ရုံးခန်း ဖွင့်လှစ်သွားပါမယ်။ NYK အနေနဲ့ မြန်မာနိုင်ငံကို ကားပို့တာ သုံး၊ လေးကြိမ်တော့ ရှိသွားပါပြီ''ဟု NYK Group မှ တာဝန်ရှိသူတစ်ဦးက တိုက်ရိုက်ပြောကြားခဲ့သည်။
NYK လုပ်ငန်းစုသည် ကုန်စည်သင်္ဘောလိုင်းကြီးများ၊ လေယာဉ်များ၊ ကွန်တိန်နာကားကြီးများနှင့် ကမ္ဘာအနှံသို့ ကုန်စည်ပို့ဆောင်ပေးလျက်ရှိသော ကုမ္ပဏီလုပ်ငန်းစုကြီးဖြစ်ပြီး ယခင်ကမြန်မာနိုင်ငံနှင့် ကုန်စည် ပို့ဆောင်ရေး လုပ်ငန်းများ ဆက်သွယ်လုပ်ကိုင်ရန် အေဂျင်စီများမှတဆင့် လုပ်ကိုင်ခဲ့ရသည်ဟု ဆိုသည်။ 
၎င်းတို့အနေနှင့် ယခင်က မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုများကြောင့် လာရောက်၍မရခဲ့ဟု ဆိုသည်။ ယခုအခါ မြန်မာနိုင်ငံအတွင်းရှိ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများအပေါ် စိတ်ဝင်စားလျက်ရှိနေပြီး မြန်မာနိုင်ငံ သားများ၏ စီးပွားရေးနှင့် ပက်သတ်သည့် စိတ်ဝင်စားမှုများကိုလည်း သိရှိလိုကြသည်။
''ကျွန်တော်တို့ရဲ့ ဂျပန်ဖောက်သည်အချို့က မြန်မာပြည်မှာ ထုတ်လုပ်တဲ့ ရှူးဖိနပ်ကို တင်သွင်းတာရှိပြီး အရည်အသွေးပေါ်မှာလည်း ကျေနပ်မှုရှိကြပါတယ်။ ဂျပန်နိုင်ငံကို အ၀တ်အထည် အများဆုံး တင်ပို့တာကတော့ တရုတ်နိုင်ငံကဖြစ်ပေမယ့် အခု အ၀တ်အထည် ထုတ်လုပ် တဲ့ဈေးကွက်က မြန်မာနိုင်ငံ အပါအ၀င် အရှေ့တောင်အာရှနိုင်ငံတွေကို ပြောင်းသွားပါပြီ''ဟု ၎င်းက ပြောသည်။

ပဲခူးမြို့တွင် ပဲခူးမြစ်ရေကြီးမှုများ ဆက်လက်ဖြစ်ပေါ်နေပြီး စိုးရိမ်ရေမှတ်သို့ ရောက်ရှိလုနီးပါး အခြေအနေတွင်ရှိ

ပဲခူးမြို့တွင် ပဲခူးမြစ်ရေသည် ဇူလိုင်လ ၂၆ ရက်နေ့မှစ၍ မြစ်ရေ ကြီးမှုများ ဖြစ်ပေါ်နေခဲ့ပြီး သြဂုတ်လ ၅ ရက်နေ့တွင် စိုးရိမ်ရေအမှတ်သို့ ရောက်ရှိလုနီးပါးအခြေနေတွင်ရှိနေသဖြင့် ပဲခူးမြို့၊ ခေါင်းဆေးကျွန်းတွင် ရန်ကုန်-မန္တလေး အဝေးပြေး ကား လမ်းမကြီးအား ရေကျော်လုဆဲ အခြေအနေတွင် ရှိနေသည်။
ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် မြစ်ရေကြီးမှု စတင်ဖြစ်ပေါ်ချိန်မှ စတင်၍ မြစ်ရေကြီးအမှတ်ဖြစ်သည့်(၈၆၀) စင်တီမီတာအထက်တွင်သာ တည်ငြိမ်နေခဲ့သည်။ မြစ်ရေသည် စိုးရိမ်ရေအမှတ်ဖြစ်သည့်  ၉၁၀ စင် တီမီတာသို့ရောက်ရှိခြင်းမရှိသော်လည်းပြန်လည်ကျဆင်းခြင်းမရှိဘဲရေကြီးမှုရက်ရှည်ဖြစ်ပေါ်နေသည်။ သို့သော် သြဂုတ်လ ၃ ရက်နေ့ ညနေပိုင်းမှစတင်၍ သိသာစွာ ပြန်လည်မြင့်တက်လာခဲ့ပြီး သြဂုတ်လ ၃ ရက်နေ့ ည ၉း၃၀ နာရီအချိန်တွင် မြစ်ရေအမှတ် ၈၈၆ စင်တီမီတာအထိ မြင့်တက်လာခဲ့ပြီးနောက် ဆက်လက်မြင့်တက်ခဲ့ရာ သြဂုတ်လ ၄ ရက်နေ့ နံနက် ၆း၃၀ နာရီ အချိန်တွင် ၈၉၅ စင်တီမီတာ၊ ညနေ ၆း၃၀ နာရီအချိန်တွင် ၉၀၁ စင်တီမီတာနှင့် ည ၉း၃၀ နာရီအချိန်တွင် ၉၀၂ စင်တီမီတာအထိ ရောက်ရှိခဲ့သည်။
အဆိုပါမြစ်ရေအမှတ်မှာ သြဂုတ်လ ၅ ရက်နေ့ ညနေ ၅း၃၀ နာ ရီအချိန်ထိ တည်ငြိမ်နေပြီး စိုးရိမ်ရေအမှတ်သို့ ရောက်ရှိရန် ၈ စင်တီမီတာသာ လိုတော့သည်။ ထို့ကြောင့် ပဲခူးမြို့၊ ခေါင်းဆေးကျွန်းတွင် ရန်ကုန်-မန္တလေး အဝေးပြေးကားလမ်းမကြီးအား ရေအနည်းငယ်ကျော်နေပြီဖြစ်ပြီး စိုးရိမ်ရေအမှတ် သို့ ရောက်ရှိပါက ရေလုံးဝကျော်မည်ဖြစ်သည်။
ပဲခူးမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် ၃၂ ပေသာမြင့် ပြီးပဲခူးမြို့တွင် ပဲခူးမြစ်၏ မြစ်ရေကြီးအမှတ်မှာ ၈၆၀ စင်တီမီတာ ဖြစ်ပြီး၊ စိုးရိမ်ရေအမှတ်မှာ ၉၁၀ စင်တီမီတာဖြစ်သည်။

 
သြဂုတ်လ ၅ ရက်နေ့က ပဲခူးမြို့ပေါ်၌ ရေကြီးနေသဖြင့် လှေများဖြင့် သွားလာနေရစဉ်

Memorial of Marilyn Monroe

လွန်ခဲ့တဲ့ နှစ် ၅၀ က ယနေ့ (သြဂုတ်လ ၅ ရက်) မှာ ကမ္ဘာပေါ်က ရုပ်ရှင်ချစ် ပရိသတ် အများအပြားဟာ အထူးပင် ဝမ်းနည်း ပူဆွေးခဲ့ကြရပါတယ်။ အဲဒီနေ့မှာ သူတို့ သိပ်ချစ်ကြတဲ့ ကမ္ဘာကျော် အလှဘုရင်မ တစ်ပါးဖြစ်သူ ဟောလိဝုဒ်ရဲ့ ညှို့မင်းသမီး မာရီလင် မွန်ရိုးတစ်ယောက် ကွယ်လွန်သွားခဲ့လို့ပါပဲ။ သူမရဲ့ သေဆုံးမှုနောက်မှာ ပဟေဠိသဖွယ် ဖြစ်ရပ်များကြောင့် သူမရဲ့ ပရိသတ်များဟာ သို့လောသို့လော အတွေးပွားခဲ့ရမှုများလည်း ဖြစ်ခဲ့ရပါတယ်။ အချို့ကတော့ နှစ်အတန်ကြာသည်အထိ သူမဟာ မသေသေးဘဲ လူမသိ သူမသိ တစ်နေရာမှ ပုန်းရှောင်နေခဲ့တာပါလို့ ယုံကြည်နေခဲ့ကြပါတယ်။ ယနေ့အခါမှာတော့ သူမ ကွယ်လွန်သွားခဲ့တာ နှစ်ပေါင်း ၅၀ တိုင်ခဲ့ပြီဖြစ်ပြီး နှစ်ပေါင်း မည်မျှပင် ကြာစေ ကမ္ဘာ့ရုပ်ရှင်ချစ် ပရိသတ်တွေရဲ့ ရင်ထဲမှာ ရှင်သန်ဆဲဖြစ်တဲ့ သူမအား အမှတ်ရတဲ့အနေနဲ့ ယနေ့မှာ သူမရဲ့ ဓါတ်ပုံတွေကို စုစည်း ဖော်ပြပေးလိုက်ပါတယ်။
 
ဒါကတော့ မွန်ရိုး အမှတ်တရအဖြစ် ပြုလုပ်ထားတဲ့ အမြင့် ၁၆ မီတာ ရှိ ရုပ်တုကြီး ဖြစ်ပါတယ်။ ဒီရုပ်တုကြီးကို လအလိုက် အမေရိကန် မြို့ကြီးများမှာ လှည့်လည် ပြသလေ့ ရှိတယ်လို့ သိရပါတယ်။ ရုပ်တုဟာ မွန်ရိုးရဲ့ ကမ္ဘာကျော် ဓါတ်ပုံဖြစ်တဲ့ မြေအောက်ရထား ဘူတာရဲ့ လေထွက်ပေါက် အပေါ် ရပ်နေတဲ့ဟန် ဖြစ်ပြီး သူမရဲ့ လန်နေတဲ့ စကပ်အောက်မှာ အတွင်းခံများအထိ ထည့်သွင်း ထုလုပ်ထားတာ ဖြစ်တဲ့အတွက် အချို့ကတော့ မနှစ်မြို့ကြဘူးလို့ ဆိုပါတယ်။
ဒီဓါတ်ပုံလေးကတော့ ၁၉၆၂ ခုနှစ်အတွင်းက ရိုက်ကူးခဲ့တာ ဖြစ်ပြီး သူမရဲ့ နောက်ဆုံး ဓါတ်ပုံများထဲက တစ်ပုံလို့ ပြောလို့ ရပါတယ်။