Monday, August 6, 2012

ကုန်းပိုင်းလုပ်ကွက်များတွင် နိုင်ငံခြားကုမ္ပဏီများနှင့် ပူးပေါင်းရန် ပြည်တွင်းကုမ္ပဏီ ၆၀ ကျော်ကမ်းလှမ်း

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၏ ကျန်ရှိနေသေးသော ကုန်းပိုင်းလုပ်ကွက် ၃၀ ၀န်းကျင် တွင် နိုင်ငံခြား ကုမ္ပဏီများနှင့် အကျိုးတူပူး ပေါင်းဆောင်ရွက်နိုင်ရန် ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီ ၆၀ ကျော် လာရောက်ကမ်း လှမ်းထားကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

လက်ရှိမြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ခြင်းလုပ်ငန်းများအတွက် ယခင်ကတည်းက ရင်းနှီးမြှုပ်နှံထားသည့် ကုမ္ပဏီများနှင့်အတူ အမေရိကန်၊ အီးယူ၊ ကနေဒါတို့ အပါအ၀င် ကမ္ဘာနိုင်ငံ အသီးသီးမှ ကုမ္ပဏီ အမြောက်အများ လာရောက်ဆွေးနွေး လျက်ရှိပြီး ကုန်းပိုင်းလုပ်ကွက်များ သာမက ကမ်းလွန် လုပ်ကွက်၂၈ ကွက်အနက် ၂၃ ကွက်ကို ဈေးပြိုင်တင်ဒါ ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရပါသည်။

၂၀၁၂ ခုနှစ် ဇန်န၀ါရီလ စာရင်းများအရ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၏ ကုန်းပိုင်း လုပ်ကွက် ၁၀ခု တွင် နိုင်ငံခြားကုမ္ပဏီ၈ခု၊ ကမ်းလွန်လုပ်ကွက် ၂၇ ခုတွင် နိုင်ငံခြားကုမ္ပဏီ ၁၂ခု ရင်းနှီးမြှုပ်နှံလျက်ရှိသည်။
 

No comments:

Post a Comment