Edit This Menu
Monday, September 24, 2012
ပါတီဝင်အချို့ မညီညွတ်ခြင်း အပေါ်လမ်းညွှန်မှု ပေးခြင်းသည် မှားယွင်းသည့် လမ်းစဉ် မဟုတ်ဟု ဦးဋ္ဌေးဦး ဆို
ပြည်ခိုင်ဖြိုးပါတီတွင်း ပါတီ ဝင်အချို့အချင်းချင်း မညီညွတ်ဖြစ် နေခြင်းအပေါ် ဗဟိုအလုပ်အမှု ဆောင် အဖွဲ့ဝင် ဆုံးဖြတ်ချက်ဖြင့် လမ်းညွှန်မှုသွားရောက် ပြုပေးခဲ့ ခြင်းသာဖြစ်ကြောင်း ပြည်ခိုင်ဖြိုး ပါတီအထွေထွေ အတွင်းရေးမှူး ဦးဋ္ဌေးဦးက ပြောသည်။
သတ်မှတ် ၂၁ ရက်အတွင်း နိုင်ငံကူးလက်မှတ် ထုတ်ယူခွင့်မရသူများ အသနားခံစာတင်ပြ၍ ထုတ်ယူနိုင်ဟု ဆို"
သတ်မှတ် ၂၁ ရက်အတွင်း နိုင်ငံကူးလက်မှတ် ထုတ်ယူခွင့်မရရှိသူများအနြေ ဖင့် နိုင်ငံတော် သမ္မတရုံးနှင့် လူဝင်မှုကြီးကြပ်ရေနှင့် ပြည်သူ့အင်အားဦးစီးဌာနသို့ အသနားခံစာတင်ပြတောင်းခံနိုင်ကြောင်း နိုင်ငံကူး လက်မှတ် စိစစ်ထုတ် ဝေပေးရေးဌာန တာဝန်ရှိသူတစ်ဦးက စက်တင်ဘာလ တတိယပတ်အတွင်းကပြောသည်။
အိမ်မြေဖယ်ရှားပေးရမယ့် ပုသိမ်ကြီးဒေသခံတွေ အသနားခံ
မန္တလေး၊ ပုသိမ်ကြီးမြို့နယ် ကျူးကျော် ရပ်ကွက်မှာ နေထိုင်သူတွေ နေရာကနေ ချက်ချင်းဖယ်ရှားဖို့ မြို့တော်ဝန်က ပြောဆိုခဲ့အပြီး အသနားခံ ဆန္ဒပြခဲ့ကြသူများ။ |
မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်တွင်းမှာရှိတဲ့ အစိုးရပိုင် မြေနေရာတွေမှာ
ကျူးကျော် ၀င်ရောက် နေထိုင်သူတွေကို ဖယ်ရှားပေးဖို့ မနေ့က မန္တလေး
မြို့တော်ဝန် ကိုယ်တိုင် ပြောဆိုခဲ့ပြီးနောက် ၁၀၀ နီးပါး
ကျူးကျော်နေထိုင်သူတွေကနေ မြို့တော်ဝန်ကားကို ပိတ်ဆို့ပြီး
ဆန္ဒပြခဲ့ကြပါတယ်။ ကျူးကျော်နေထိုင်သူတွေ
သန်လျင် နည်းပညာ တက္ကသိုလ်၌ ရေနံ မေဂျာတတိယနှစ် ဘာသာရပ် စာမေးပွဲမေးခွန်းမှားယွင်း ဝေငှမှု ဖြစ်ပေါ်
သန်လျင် နည်းပညာ တက္ကသိုလ်၌ ရေနံမေဂျာ တတိ ယနှစ်မှ ဘာသာရပ်စာမေး ပွဲတစ်ခု
မေးခွန်းမှားယွင်းဝေငှမှု အပေါ် ဖြေဆိုသူ ကျောင်းသားတို့ နစ်နာမှု မရှိစေရန်
စီစဉ်ပေးသွား မည်ဟု သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာန တာဝန်ရှိသူတစ်ဦးက
ပြောသည်။
မုံရွာ ကြေးနီစီမံကိန်းကြောင့် အဖမ်းခံရသော ၀က်မှေးရွာသူ သုံးဦး အမှုကွင်းလုံးကျွတ် လွတ်ပြီ
လက်ပံတန်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက် စက်တင်ဘာ ၁၀ ရက်နေ့တွင်
မုံရွာဆုတောင်းပြည့်ဘုရားတွင် ၀တ်ပြုဆုတောင်းနေစဉ်အဖမ်းခံခဲ့ရ သော ၀က်မှေးရွာသူ ၃ဦး ၏အမှုကို ယနေ့တွင် ကွင်းလုံးကျွတ်လွတ်ပေးလိုက်ပြီ ဖစ်ကြောင်း အဖမ်းခံရသူမအေးနက် ကပြောသည်။
အဖမ်းခံရသော ၀က်မှေးရွာသူ မသွဲ့သွဲ့ဝင်း၊မအေးနက်နှင့် မဖြုဖြုဝင်းတို့သည်
မုံရွာအကျဉ်းထောင်တွင်း ၅ ရက်ကြာထိမ်းသိမ်းခံခဲံ့ရပြီး အာမခံဖြင့်
လွှတ်ပေးထားရာမှ့ ယနေ့မှ့သာ ကွင်းလုံးကျွတ်လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း သိ့ရသည်။
From- Popular Myanmar News Journal
ရခိုင်ဒေသ တည်ငြိမ်ရေးနှင့်ဖွံ့ဖြိုးရေး လမ်းပြမြေပုံ လို
ရခိုင်ပြည်နယ် ရေရှည်တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက်
ပြည်တွင်း ပြည်ပမှ အတွေ့အကြုံများနှင့်ပေါင်းစပ်၍ လမ်းပြ မြေပုံတခု
ရေးဆွဲနိုင်ရန် ကြိုးပမ်းသွားမည်ဟု သိရသည်။
သဘာဝ အရင်းအမြစ် ပေါကြွယ်ဝသော်လည်း ဖွံ့ဖြိုးမှုနောက် ကျနေသည့် ရခိုင်ပြည်နယ်တွင် တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးရေးလုပ် ငန်းစဉ်များ ပေါ်ထွန်းလာရေးအ တွက် နိုင်ငံတကာအတွေ့အကြုံ များနှင့်ပေါင်းစပ်၍
လမ်းပြမြေပုံ ရေးဆွဲနိုင်ရန် ဒု သမ္မတ ဒေါက် တာ စိုင်မောက်ခမ်း က
ပြောကြားခြင်း ဖြစ်ကြောင်း ယမန်နေ့ထုတ် အစိုးရ သတင်းစာများက ဖော်ပြထားသည်။
ပါတီထောင်ရန် ၈၈ အဖွဲ့ စဉ်းစားနေ
၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့အနေဖြင့် အနာဂတ် အခင်းအကျင်းတွင် နိုင်ငံရေး ပါတီတရပ် ထူထောင်ရန် အလေးအနက် စဉ်းစားနေကြောင်း သိရသည်။
“လွတ်ပြီးခါစ သတင်းစာရှင်းလင်းပွဲတွေက စပြီး တောက်ေ လျှာက်
ပြောပြီး သား ပါ။ တရားဝင် ဆုံးဖြတ်ပြီးတဲ့ အခါကျရင် အားလုံး သိရမှာပါ။ အခု
အချိန်အထိကတော့ ကျနော်တို့ လေးလေးနက်နက် စဉ်းစားနေတုန်းပါ” ဟု ၈၈
မျိုးဆက်ကျောင်းသား ခေါင်းဆောင် တဦးဖြစ်သူ ဦးကိုကိုကြီး က ဧရာဝတီသို့
ပြောသည်။
အင်္ဂလန် ဘောလုံး နည်းပြဟောင်း အဲရစ်ဆင် မြန်မာပြည် ရောက်
မြန်မာဘောလုံးလောက ဖွံဖြိုးရေးနှင့် လက်ရွေးစင် ဘောလုံးအသင်း
တိုးတက်ရေးအတွက် အကြံဉာဏ်ကောင်းများပေးရန် အင်္ဂလန်လက်ရွေးစင်အသင်း
နည်းပြဟောင်း ဆွီဒင်လူမျိုး ဆဗန်ဂိုရန် အဲရစ်ဆင်သည် ယနေ့ နေ့လည် ၂
နာရီခန့်က ရန်ကုန်မြို့ သို့ ရောက်ရှိလာသည်။
အဲရစ်ဆင်သည် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ ဖိတ်ကြားချက်နှင့်
ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်း (YUFC) ၏ အစီအ စဉ်ဖြင့်
ရောက်ရှိလာခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် တရက် တာ နေထိုင် မည်ဟု
ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်း တာဝန်ခံ ကိုဇွဲက ဆိုသည်။
တရုတ်နိုင်ငံတွင် စိတ်ရောဂါသည်များကို အတင်းအဓမ္မစေခိုင်းသည့် စက်ရုံတစ်ရုံကို တရားစွဲ
တရုတ်နိုင်ငံ အတွင်း၌ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်း သူများကို မတရား ခိုင်းစေသော အင်္ဂတေ စက်ရုံ တစ်ရုံကို အာဏာပိုင် များက တရားစွဲဆို ခဲ့ကြောင်း သိရသည်။
အဆိုပါ စက်ရုံ၌ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းသူ များကို နံနက် ၆ နာရီမှ စတင်၍
အန္တရာယ် ရှိသော စက်များဖြင့် အလုပ် ခိုင်းစေလျက် ရှိကြောင်း၊ ၎င်းတို့အား အခြား အစားအစာ မပါသော ခေါက်ဆွဲများ ကိုသာ ကျွေးမွေး လျက်ရှိကြောင်း
သိရသည်။
ဧရာဝတီမြစ်တွင် ကသာမြို့၌ စိုးရိမ်ရေ မှတ်ရောက် ရှိနိုင်ကြောင်း ထုတ်ပြန်(အရေးပေါ်သတိပေးချက်)
ဧရာဝတီမြစ်တွင် ကသာမြို့၌ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းရရှိပါသည်။
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန် တိုင်းတာချက်အရ
ဧရာဝတီမြစ်ရေသည် ကသာမြို့တွင် အဆိုပါမြို့၏ စိုးရိမ်ရေမှတ်အောက် ၄၅
စင်တီမီတာ(တစ်ပေခွဲခန့်)တွင် ရောက်ရှိေ နကြောင်း၊ လာမည့် ၄၈ နာရီအတွင်း
ယင်းမြို့၏ စိုးရိမ်ရေမှတ်ဖြစ်သော ၁၀၄၀ စင်တီမီတာသို့ ရောက်ရှိနိုင်ကြောင်း
မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။
မူးယစ်ဆေးဝါးနှင့် ဖောက်ခွဲရေးပစ္စည်းများ သိမ်းဆည်းရမိ
၂၀၁၂ စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၆ နာရီ ချိန်ခန့်တွင် မိုးကုတ်မြို့နယ်၊ ဘီးတောင်ရပ်ကွက်၊ အိမ်အမှတ်(ဆ/၁၂၄)နေ အောင်မြင့်(ခ) မောင်မြင့်(ဘ) ဦးအိုက်ဖူး (၄၂) နှစ်၊ ရှမ်း/ဗုဒ္ဓ နေအိမ်၌ မူးယစ်ဆေးဝါး ရောင်းဝယ်နေကြောင်း သတင်းရရှိသဖြင့် မန္တလေးမြောက်ပိုင်း မူးယစ်အထူးအဖွဲ့နှင့် မိုးကုတ်ရဲစခန်းမှ နယ်ထိန်း တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့မှ ၀င်ရောက်ရှာဖွေရာ နေအိမ်အောက်ထပ် ၎င်းနေသည့် အိမ်ခန်းရှေ့ ထင်းပုံအောက်မှ အောက်ပါပစ္စည်းများတွေ့ ရှိသိမ်းဆည်းရမိခဲ့သည် -
ကျောက်တော် ထွက်ပြေးတရားခံများ ပြန်လည် ဖမ်းဆီးရ၊ ရဲမှူးနှင့် စခန်းမှူး အရေးမယူရန် တည်ငြိမ် အေးချမ်းမူ ကော်မီတီက စာရေးမေတ္တာရပ်ခံ
ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် ထွက်ပြေးသွားသော လူသတ် တရား ခံ (၂) ဦးကို
ပြန်လည် ဖမ်းမိခဲ့ပြီးနောက် ကျောက်တော်မြို့နယ် တည်ငြိမ်အေး ချမ်းမူ
ဖေါ်ဆောင်ရေး မြို့မိ မြို့ဖများမှ ယာယီ ပြောင်းရွှေ့ ခံထား ရသော
ကျောက်တော်မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် စခန်းမှူးတို့အား ပြန်လည် တာဝန်ချထားပေးပါရန် အတွက် အထက်သို့ စာရေး မေတ္တာရပ်ခံလိုက်သည်ဟု သိရသည်။
အဆိုပါ စာအား ကော်မီတီဝင် ၁၉ ဦးက လက်မှတ် ထိုး ရေးသား ကာ ပေးပို့လိုက်ခြင်း ဖြစ်ပြီး စာပါ အကြောင်းအရာမှာ အောက်ပါ အတိုင်း ဖြစ်သည်။
ဒီကနေ့ လတ်တလောမှာ ပြောစရာ ကိုးချက် (၂၄ ၊ စက်တင်ဘာ၊ ၂၀၁၂)
(၁) တိုင်းရင်းသားရခိုင် နှင့် ဘင်္ဂါလီခိုးဝင်သူ
များကို တန်းတူ သဘောထား၍ ခေါ်
ယူဆွေးနွေးခြင်း၊ ကြားဝင်ညှိနှိုင်းပေးခြင်း
မှန်သမျှသည် အခြေခံ အနှစ်သာရအားဖြင့်
မှားယွင်းသည်။ အဘယ်ကြောင့်ဆိုသော် ရခိုင်လူမျိုးများမှာ ပြည်သူများဖြစ်ကြပြီး ဘင်္ဂါလီခိုးဝင် သူများမှာ နိုင်ငံခြားသားများ ဖြစ်ပြီးသကာလ တန်းတူရပိုင်ခွင့်ရှိသူများ
မဟုတ်ကြချေ။
တရုတ်နိုင်ငံမှ နာမည်ကောင်းသည့် ကုမ္ပဏီများ မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံရေး တွန်းအားပေး ဆောင်ရွက်
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် တရုတ်
ဒုတိယ သမ္မတ တို့တွေ့ဆုံ ဆွေးနွေး
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဒုတိယ သမ္မတ မစ္စတာ ရှီကျင့်ဖျင် တို့သည် စက်တင်ဘာ ၂၁ ရက် ညနေ ၄ နာရီ ၂၅ မိနစ်က နန်နင်းမြို့ရှိ လိယွမ် ဧည့်ဂေဟာ International Conference Centre(ICC) ၌ တွေ့ဆုံ ဆွေးနွေး ကြသည်။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် တရုတ်
ဒုတိယ သမ္မတ တို့တွေ့ဆုံ ဆွေးနွေး
အင်ဒိုနီးရှား ရှေးဟောင်း ဘိုရိုဘိုဒါ ဘုရားကျောင်း ခြိမ်းခြောက်ခံနေရ
အင်ဒိုနီးရှား နိုင်ငံရှိ ဘိုရိုဘူဒါ (Borobodur) ရှေးဟောင်း ဘုရားကျောင်း အဆောက်အဦးကို တိုက်ခိုက်ရန် အကြမ်း ဘက်သမား များက ခြိမ်းခြောက်နေသည်ဟု အင်ဒိုနီးရှား ထောက်လှမ်းရေး အဖွဲ့က ထုတ်ဖေါ် ပြောကြားလိုက်သည်။
အင်ဒိုနီးရှားမှ Military Commander Brig. Gen. Adi Widjaja သောကြာနေ့က ပြောကြားရာတွင် နိုင်ငံခြာသားများ အများ ဆုံး လာရောက်သည့် အဆိုပါ အဆောက်အဦးကို အဓိက ပစ်မှတ်ထား တိုက်ခိုက်ရန် ကြံရွယ်နေသည်ဟု ပြောသည်။
မည့်သည့်တပ်ဖွဲ့နှင့်မှ ရန်စ တိုက်ခိုက် လိုသည့် ဆန္ဒမ ရှိဟု RCSS/SSA ပြော
သျှမ်းပြည်တပ်မတော်နှင့် တခြားတိုင်းရင်းသားတပ်ဖွဲ့များ ပူးပေါင်းစစ်ရေးလေ့ကျင့်စဉ်
ဒေါ်အောင်ဆန်းစုကြည် Kentucky ပြည်နယ် ရောက်ရှိ
DASSK speaking at Queens College, NYC. September 22, 2012.
အမေရိကန်ပြည်ထောင်စုကို
ရောက်ရှိနေတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်ုးကြည်ဟာ
ဝါရှင်တန်ဒီစီမြို့တော်နဲ့ နယူးယောက်မြို့တွေကို ခရီးလှည့်လည်ခဲ့ပြီးတော့၊
မနေ့က တနင်္ဂနွေနေ့မှာ Kentucky ပြည်နယ်က Louisville မြို့ကို
ရောက်ရှိလာခဲ့ပါတယ်။ မြန်မာ့အရေးကို တက်တက်ကြွကြွ ထောက်ခံအားပေးသူ Kentucky
ပြည်နယ်ကိုယ်စားပြု ရီပက်ပလီကန် အထက်လွှတ်တော်အမတ် Micth McConell ရဲ့
ဖိတ်ခေါ်မှုနဲ့ Louisville
ကုလညီလာခံတက်ဖို့ သမ္မတ ဦးသိန်းစိန် အမေရိကန်ကို ထွက်ခွာ
မြန်မာသမ္မတ ဦးသိန်းစိန်။ (ဇန်န၀ါရီလ ၁၂ ရက်၊ ၂၀၁၂)။
မြန်မာသမ္မတ ဦးသိန်းစိန် ဟာ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်ဖို့ အမေရိကန် ပြည်ထောင်စုကို ဒီကနေ့ တနင်္လာနေ့မှာ
ထွက်ခွာမှာ ဖြစ်တဲ့အကြောင်း သမ္မတရုံးက ပြောပါတယ်။ ဒီသီတင်းပတ်ထဲ
ကျင်းပမယ့် နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်ပြီး ၂၇
ရက်နေ့မှာ မိန့်ခွန်းစကား ပြောဆိုဖို့လည်း စီစဉ်ထားတာပါ။
Subscribe to:
Posts (Atom)