Monday, September 24, 2012

မန်း မြို့တော်ဝန်ကို အယုံအကြည် မရှိကြောင်း သမ္မတထံစာပို့ရန် ပြည်သူလူထုဆန္ဒလက်မှတ်ရယူမည်

မန်းမြို့တော်ဝန်အား အယုံအကြည်မရှိကြောင်းကို နိင်ငံတော်သမ္မတ ထံစာတင်ရန် ပြည်သူလူထု ဆန္ဒမဲလက်မှတ်များရယူသွားမည်ဟု ဦးဆောင်ပြုလုပ်မည့်သူတဦးဖြစ်သူ ABSDF ကျောင်းသားရဲဘော်ဟောင်း ကိုညီညီကျော် ကပြောသည်။ဈေးချိုပျံကျကုန်စိမ်းညဈေး အပါအ၀င် လက်ရှိမန္တလေးတွင်ဖြစ်ပွားနေသော ကိစ္စရပ်တိုင်းတွင် ပြည်သူ့အသံနား မထောင်မှု၊မတရား တရားစွဲ ဆိုမှုများကြောင့်နိင်ငံတော်သမ္မတထံစာတင်ခြင်းဖြစ်ကြောင်း ကိုညီညီကျော် ကဆိုသည်။
မန်းမြို့တော်ဝန်က သူကိုယ်တိုင်မန္တလေးသားဖြစ်ခြင်းကြောင့် မန်းမြို့တော်ကြီးလူမှုရေး၊စီးပွားရေးဘ၀ဖွံဖြိုး တိုးတက်ရေးအတွက်လုပ်ဆောင်လျှက်ရှိပါကြောင်း၊ စာတင်ရန်လုပ်ဆောင်နေမှုအပေါ် အနည်းငယ် စိတ်လှုပ်ရှားပါကြောင်းစက်တင်ဘာ၂၂ရက်ကမြို့တော်ခန်းမတွင်ပြုလုပ်သေသတင်းစာရှင်းလင်းပွဲ တွင်ပြောသည်
 
 
From-From- Popular Myanmar News Journal

No comments:

Post a Comment