Monday, September 24, 2012
နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား ကျေးဇူးတင်ကြောင်း အိတ်ဖွင့်ပေးစာ
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အခုလို
ကျေးဇူးတင်ကြောင်း အိတ်ဖွင့်ပေးစာကို  ရေးသားလိုက်ရခြင်းဟာ ဘယ်လိုမှမတွေ့ ဆုံနိုင်လိုက်တဲ့ အခြေအနေမျိုးမို့  ရေးသား ရခြင်းဖြစ်ပြီး အထူးဘဲရင်ထဲလှိုက် လှဲ ခံစားရမိတာကြောင့် ရေးသားလိုက်ရခြင်းဖြစ် ပါတယ် ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့  အမေရိကပြည်ထောင်စုကို လာတော့မယ် ဆိုက တည်းကကျွန်တော်တို့ ဟာ ကော်မီတီများဖွဲ့ စည်းပြီး စနေနေ့ တိုင်း ပြုလုပ်ခဲ့ ကြရပါတယ် ။
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ခမ်းမထဲမှာ ခန်းလုံးပြည့် ပရိတ်သတ်တွေကို မြင်တွေ့ သွားတော့ အံအားသင့်ကြီးစွာဖြင့် အပြုံးတွေ လှိုင်လှိုင်ပြုံးလို့ သိပ်ကိုတောင့်နေကြ ပါလား ဆိုပြီး ပြောရတဲ့ အထိ ဘဲ ဖြစ်နေခဲ့ ရတာပါဘဲ ။
တကယ်တော့ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်မြတ်နိုးတဲ့  ပြည်သူတွေရဲ့ ဒေါ်အောင်ဆန်းစုကြည်လိုချင်တဲ့  စည်းကမ်းနဲ့  မြန်မာနိုင်ငံသားတွေရဲ့ ဂုဏ်သိက္ခာမကျဆင်းစေရေးဆိုတဲ့  လေးစားလိုက်နာသော အချက်တွေကြောင့် ဖြစ်ပါတယ်။
 ဒီပရိတ်သတ်တွေထဲမှာ မိုင်ပေါင်း -၅၀၀- လောက်ဝေးတဲ့ မြောက်ကာရိုလိုင်းနားက ဒေါက်တာအောင်ထွန်းတို့  မိသားစုဆိုရင်စက်တင်ဘာလ-၂၁-ရက်နေ့ က တနေ့ လုံး ကားမောင်းလာပြီး ညဥ့်-၁၀- နာရီမှာကျွန်တော့်အိမ် ကို ရောက်ရှိလာပါတယ် ။
 အသက်-၆၀- ကျော်နေပြီဖြစ်တဲ့  သူတိုကို စောစောစီးစီး လာခဲ့ ပါလို့  မှာထားလို့ ဘဲ အခုလိုရောက်ရှိလာ တာဖြစ်ပါတယ် ။
စက်တင်ဘာလ-၂၂-ရက်နေ့  မနက်-၉-နာရီမှာကောလိပ်ကျောင်းခမ်းထဲသို့  လူဝင်ခွင့်ပေးမှာဖြစ်ပြီး ဦးရာလူစနစ်အရပထမရောက်ရှိသူကို ပထမ၀င်ခွင့် ပေးမယ်လို့   ကြေညာတော့ဒေါက်တာအောင်ထွန်းလို ခရီးဝေးကလာတဲ့  သက်ကြီးရွယ်အိုသူတွေ အဖို့ နားနားနေနေ ညအိပ်မှေးစက်ပြီး  သွားတာ အကောင်းဆုံးဖြစ်ပါတယ် ။
ဒါ့ကြောင့်မို့ လို ကျွန်တော့်အိမ်မှာ ညအိပ်နေပြီးမှ မနက်-ရ-နာရီမှာသွားကြပေါ့ ဆိုတဲ့  အစီ အစဉ် ရေး ဆွဲ ပြီး ဒေါ်အောင်ဆန်းစုကြည် ဟောပြောမဲ့ ကွင်းစ်ကောလိပ်ကျောင်းရှိရာ ကို သွားခဲ့ ကြရပါတယ် ။
 မနက်မိုးလင်း-ရ- နာရီမှာ ကောလိပ်ကျောင်းရှေ့ကို ရောက်တော့ လူတွေဟာတန်းစီ  ရောက်နေကြပါပြီ ။ တံခါးပေါက်ရှေ့ မှာ လူတွေစောင့်ဆိုင်းနေကြပြီဘဲဆိုတာ ချက်ချင်း သိလိုက်ရပါတယ် ။
 မနက်-၈-နာရီမှာ ကဗျာဆရာကြီးဦးမောင်စွမ်းရည်နဲ့  ဇနီးဖြစ်သူရောက်လာတော့ သွားရောက်ခေါ်ယူပြီး တံခါးပေါက်နား ရပ်နေကြဖြစ်ပါတယ် ။
 ဒေါက်တာအောင်ထွန်းတို့  မိသားစုကဦးရာလူစနစ်မို့  ကျွန်တော့်ကို စောင့်မနေဘဲ တန်းစီဖို့ သွားပါတယ် ။
ဆရာဦးမောင်စွမ်းရည်နဲ့  စကားစမည်ပြောပြီး ဒေါက်တာအောင်ထွန်းတို့ မိသား စုကို လိုက်ရှာတော့ မတွေ့ တော့မှ တန်းစီဖို့  သွားပြီဆိုတာသတိထားမိတာပါ ။ အဲဒီခါကျမှဘဲ လူတန်းရှည်ကြီးဟာ မျက်စေ့တဆုံးဖြစ်နေတာကိုတွေ့  ရပါတယ် ။
 မကြာမှီမှာ ဒေါက်တာသောင်းထွန်းကို မြင်တော့ သွားခေါ်ပြီတံခါးနားမှာ အမှတ်တရ ဓါတ်ပုံတွေ ရိုက်ဖြစ်ကြပါတယ် ။
 ဒီလိုနဲ့ မှတ်တန်းတင်ဓါတ်ပုံများရအောင် နောက်ရော-ရှေ့ ရော ထောင့်ပေါင်းစုံက ဓါတ်ပုံအနေအထားတွေ ရရှိအောင် ရိုက်ထားလိုက်ပါတယ် ။ ဒီနေရာမှာ ပြောချင် တာကလူတန်းရှည်တန်းစီနေကြတဲ့  သူတွေထဲမှာ ကာလီဖိုးနီးယားပြည်နယ်က လူတွေ-နယူးယောက်ပြည်နယ် အထက်ပိုင်းကလူတွေ နဲ့  အခြား အင်မတန်ဝေးကွာ
တဲ့ ပြည်နယ်ကလူတွေဟာ ညမအိပ်ဘဲ ကားမောင်းလာရင်း ကောလိပ်ကျောင်းနားမှာ  အခုလိုတန်း စီ စောင့်နေကြတာဖြစ်ပါတယ် ။
 ဒီလိုညမအိပ် လာခဲ့ ရတာကိုမပင်ပမ်းဘူးလားမေးတော့ သူတို့ တွေ သိပ်ပျော်ကြရ တယ်လို့  ပြောဆိုကြပါတယ် ။
 ဒေါ်အောင်ဆန်းစုကြည်ကို ချစ်သောပြည်သူများဟာ ညမအိပ် နေ့ မအိပ်ခရီးဝေးကနေ လာပြီး  ပြောမဲ့  စကားကို ကြားချင်လွန်းလို့ ဒေါ်စုမျက်နှာမြင်ချင်လွန်းလို့  မြန်မာ့ ဂုဏ်ဆောင်တဲ့  ဒေါ်စုကိုလေးစားချစ်ခင်လို့  အခုလို လာရောက်တွေ့ ဆုံကြ တာဖြစ်ပါတယ် ။
မေးခွန်းလေးတစောင်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အသက် ထောင်နဲ့  ချီလို ရှည်ပါစေလို့  ဆုတောင်းထားပါတယ်တဲ့  ။ ဘာဖြစ်လို့  ဒီလောက် ရှည်စေချင်သလဲ ဆိုတော့ မေးတဲ့အခါ အမေက အလုပ်တွေ အများကြီး လုပ်စရာရှိလို့  အသက်ကို ဒီလောက်ရှည်ချင်တာပေါ့လို့  ပြောတဲ့ စကားကို ဒေါ်စုကိုယ်တိုင်ပြောတော့
အပျော်တွေ ကူးစက်ကြရတာပါဘဲ ။
  ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့  ပဋိပက္ခတွေနဲ့  ပါတ်သက်လို့  ပြောသွားတဲ့ အခါ  ( တချို့ က ကျမကို မကြေနပ်ကြဘူး - တဖက် ကိုဘာလို့  မပြောလဲ နော်- တင်းတင်းမာမာ မပြောလဲ - ကျမကနေပြီးတော့ ပြင်းပြင်းထန်ထန် မပြောလို့  မကြေနပ်ရင်လဲ -ရတယ် ) ဆိုပြီး စိန်ခေါ်သံကို ကြားလိုက်ရတော့ ကျွန်တော်တို့  တတွေ ကြက်သီးတဖြန်းဖြန်း ထမိသားဖြစ်သွားရတယ် ။
 ဒေါ်အောင်ဆန်းစုကြည်ကို နိုဘယ်ငြိမ်းချမ်းရေးဆုနဲ့တောင် မတန်ဘူး- မွတ်ဆလင်ဘင်္ဂ လီမိန်းခလေး တထောင်ကျော်လောက်ကို စစ်တပ်နဲ့ ရဲတွေ မုဒိမ်းကျင့်တာ စာရင်း ရှိတယ် ။
ရခိုင်လူမျိုးတွေကမွတ်ဆလင်ဘင်္ဂလီတွေကို သတ်ဖြတ်နေတာ လူမျိုးတုံးသတ်ဖြတ်နေတယ် ။
တပါတ်ကိုမွတ်ဆလင်တွေ သောင်းနဲ့ ချီိလို့  သတ်ဖြတ်နေတယ် ။
ဘင်္ဂလီလူမျိုးတွေဟာရခိုင်ပြည်နယ်မှာ ရှေးဦး နေထိုင်ခဲ့ သူဖြစ်တယ်။ သမိုင်းမှာ အထင်အရှားရှိတယ် ။ ရခိုင်လူမျိုးတွေဟာ ဘင်္ဂလီမွတ်ဆလင်ကုလားလူမျိုးတွေထက်
နောက်ကျမှ လာရောက်နေထိုင်သူဖြစ်တယ် ။
ခုတော့ သူတို့  နိုင်ငံကိုရခိုင်လူမျိုးတွေက သိမ်းပိုက်ယူထားတာဖြစ်တယ် ။ အခုဆိုရင်ဒီဘင်္ဂလီလူမျိုးတွေဟာ နိုင်ငံမဲ့  ဖြစ်နေတယ် ။
 ဒါကို လူ့ အခွင့်အရေးအရဒေါ်အောင်ဆန်းစုကြည်က နိုဘယ်ငြမ်းချမ်းရေးဆုရင် တဦးမို့  စကားပြောရမှာကိုမပြောဘဲ နုတ်ဆိတ်နေတယ် ) Silience -လုပ်နေတယ် ။
ဒါကြောင့်နိုဘယ်ငြိမ်းချမ်းရေးဆုကိုတောင် ရုပ်သိမ်းသင့်တယ် ဆိုပြီး အင်္ဂလိပ်ဘာသာနဲ့  ရေးထားတဲ့  စာတွေ ကို ကုလသမ္မကို ပို့ တယ် ။
လူ့ အခွင့်အရေးအဖွဲ့ တွေကိုပို့ တယ် ။ အခြား နိုင်ငံတကာသတင်းစာတွေကို ပို့ တယ် ။ ယူတူးဗွီဒီိယိုတွေမှာ အသံလွှင့်တင်ပြနေကြတယ် ။လုပ်ကြံလှီဆယ်ပြီးရေးသားတိုက် ခိုက်နေကြတာဖြစ်တယ် ။
ဒါတွေကို ဒေါ်အောင်ဆန်းစုကြည်က သိတယ် ၊ကြားတယ် ။ ဘာမှမပြောခဲ့ ဘဲနေတယ် ။ မပြောဘဲနေတာကို နုတ်ဆိတ်နေတယ် ဆိုပြီးစွပ်စွဲလိုက်သေးတယ် ။  မြန်မာနိုင်ငံဒီမို ကရေစီခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီလို စွပ်စွဲရေးသား ပြော ဆိုနေကြတာကိုသိပါလျက်ကယ်နဲ့  ထုတ်ဖေါ်မပြောခဲ့ ဘဲ နေပေမဲ့  တကယ့်စိန်ခေါ်  ပြောဆိုရမဲ့ အချိန်မှာတော့ ပြောဆိုလိုက်ပါပြီ ။
 ဒါကတော့ မကြေနပ်လဲ ရတယ် ၊ ဆိုပြီး သူတို့ ကို စိန်ခေါ်လိုက်တာပါဘဲ ။မြန်မာနိုင် ငံတိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့  တည်ဆောက်ထားတဲ့ နိုင်ငံကို ဘယ်လိုလှပအောင် တည်ဆောက်သင့်သလဲဆိုတာကို စဉ်းစားကြဖို့ တိုက်တွန်းထားတာကြည့်ရင် သိ သာနိုင်ပါတယ် ။
 ပြီးတော့ ဒါနဲ့  တဆက်ထဲ ဘဲနိုင်ငံတော်ကို ဖျက်လိုဖျက်ဆီး ပြုလုပ်ကြမဲ့  အစီအစဉ်နဲ့  လုပ်နေကြတဲ့  (တို့ မီးရို့ မီး ) လုပ်နေကြသူများကိုလဲ အဲဒီလို နိုင်ငံပျက်စီးအောင် မစဉ်းစားကြပါနဲ့ လို့  ပြောလိုက်တာဟာ ကျွန်တော်တို့  ရင်ကို ထိစေခဲ့ တာပါဘဲ ။
ဗုဒ္ဒဘာသာဝင်များကိုးကွယ်တဲ့  မြန်မာနိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်စေဖို့   ဗုဒ္ဒဘာသာဝင်တိုင်းမှာ တာဝန်ရှိတယ်ဆိုတာကို  (တို့ မီးရို့ မီး  ) မလုပ်ကြပါနဲ့ လို့   ဗြောင်ပြောလိုက်တာဟာကျွန်တော်တို့  ရဲ့ အနာဂါတ်အမျိုးသား ကာကွယ်ရေးဆိုတဲ့  စိတ်ဓါတ်ကိုမီးမောင်းထိုးပြလိုက်ခြင်းဖြစ်တယ်လို့  နားလည်လိုက်ရပါတယ် ။
 ဒါ့ကြောင့်မို့ လို့  သတင်းအလိမ်တွေ ဓါတ်ပုံအလိမ်တွေနဲ့  ကမ္ဘာကို လိမ်ညာနေတဲ့  ဘင်္ဂလီမွတ်ဆလင် ကုလားလူမျိုးတွေကို  နယူးယောက်မြို့ မှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ကြေညာပြောဆိုလိုက်တာဟာ
ဗုဒ္ဒဘာသာဝင်လူမျိုးအနေနဲ့ သော်၎င်း ၊မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးအနေနဲ့  သော်၎င်း အထူးလေးစား ဂုဏ်ပြု
ကျေးဇူးတင်ရမှာဖြစ်ပါတယ် ။ ဒီတော့ ကျွန်တော့်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အား အထူးကျေးဇူးတင်ပါကြောင်း အခုလို အိတ်ဖွင့်ပေးစာကိုပေးလိုက်ရပါကြောင်း အသိပေး အကြောင်းကြားလိုက်ရခြင်း ဖြစ်ပါတယ် ။
ခိုင်အောင်ကျော် ( နယူးယောက် )
No comments:
Post a Comment