Monday, September 24, 2012

မုံရွာ ကြေးနီစီမံကိန်းကြောင့် အဖမ်းခံရသော ၀က်မှေးရွာသူ သုံးဦး အမှုကွင်းလုံးကျွတ် လွတ်ပြီ


လက်ပံတန်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက် စက်တင်ဘာ ၁၀ ရက်နေ့တွင် မုံရွာဆုတောင်းပြည့်ဘုရားတွင် ၀တ်ပြုဆုတောင်းနေစဉ်အဖမ်းခံခဲ့ရသော ၀က်မှေးရွာသူ ၃ဦး ၏အမှုကို ယနေ့တွင် ကွင်းလုံးကျွတ်လွတ်ပေးလိုက်ပြီဖြစ်ကြောင်း အဖမ်းခံရသူမအေးနက် ကပြောသည်။

အဖမ်းခံရသော ၀က်မှေးရွာသူ မသွဲ့သွဲ့ဝင်း၊မအေးနက်နှင့် မဖြုဖြုဝင်းတို့သည် မုံရွာအကျဉ်းထောင်တွင်း ၅ ရက်ကြာထိမ်းသိမ်းခံခဲံ့ရပြီး အာမခံဖြင့် လွှတ်ပေးထားရာမှ့ ယနေ့မှ့သာ ကွင်းလုံးကျွတ်လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း သိ့ရသည်။
 
From-  Popular Myanmar News Journal

No comments:

Post a Comment