Saturday, March 9, 2013

ယာယီဈေးနေရာသတ်မည်စိုး၍ ဈေးမဆောက်ရန် ဆန္ဒပြ

Photo: ယာယီဈေးနေရာသတ်မည်စိုး၍ ဈေးမဆောက်ရန်
ဆန္ဒပြ
Saturday, March 9, 2013

ရေကျော်ဈေးအား ဈေးသစ်အဖြစ် ပြန်လည်ပြုပြင် ရန်
အတွက် ယာယီဈေးနေရာအား ယခုချိန်ထိ သတ်မှတ်
နိုင်ခြင်း မရှိသေးသော်လည်း မင်္ဂလာတောင်ညွန့်မြို့နယ်၊
ကျီတော် ရပ်ကွက်တွင် နေထိုင်သူများက ၎င်းတို့၏ ရပ်
ကွက် အတွင်းရှိ ယာယီဈေးနေရာ သတ်မှတ်ခြင်းကို
ကန့်ကွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဇေယျာမြိုင် ပန်းခြံနှင့် ကလေးကစားကွင်း နေရာတွင်
ယာယီဈေးနေရာအား သတ်မှတ်ခဲ့ခြင်း ရှိခဲ့သော်လည်း ယခုချိန်ထိ ဈေးနေရာ ချထားမှုကို ညှိနှိုင်းလျက်ရှိပြီး ရပ်
ကွက်သူ၊ ရပ်ကွက်သားများက ၎င်းတို့အနေဖြင့် ဈေးနေရာ
သတ်မှတ်မည် ဆိုပါက လုံးလက်ခံမည် မဟုတ်ကြောင်း၊
ယာယီဈေး သတ်မှတ်ခြင်းကြောင့် ရပ်ကွက်အတွင်း ပတ်
ဝန်းကျင် ညစ်ညမ်းမှုများ ဖြစ်ပွားလာနိုင်ကြောင်းနှင့် အခြား
သောပြဿနာများဖြစ်ပွားလာနိုင်ခြင်းကြောင့် ယခုကဲ့သို့ ကန့်ကွက်ရခြင်းဖြစ်ကြောင်း ဆန္ဒထုတ်ဖော်သူ တစ်ဦးဖြစ်သူ ဦးသီဟဌေးမှပြောကြားသည်။

“အများကြီးဆုံးရှုံး နစ်နာမှုတွေ ဖြစ်နိုင်တာပေါ့။ ပန်းခြံအလှတွေ၊
သစ်ပင်တွေ ပြီးတော့ ဒီမှာ နှစ်ရှည်သစ်ပင်တွေ အများကြီး
ပါတယ်လေ။ ပြီးတော့ သေသေချာချာ စိုက်ပျိုးထားတဲ့ သစ်ပင်တွေ
ပါတယ်လေ။ ဒါတွေကို စည်ပင်ကပဲ စိုက်ခဲ့တာ။ သူတို့စိုက်တဲ့ သစ်ပင်တွေကို သူတို့ ဘာသာ သူတို့ ပြန်သတ်သလိုဖြစ်နေ
တာပေါ့။ ဒီရပ်ကွက်ထဲမှာ လာဆောက်မယ်ဆိုရင် ကျောင်း
လဲရှိတယ်။ ဝိုင်အမ်ဘီအေ ဗုဒ္ဓဘာသာ အသင်းလဲရှိတယ်။
ဒီရပ်ကွက်မှာ ပုဇွန်တောင်ဈေးကြီး တစ်ခုလုံး လဲရှိပြီးသားပါ။
အဲ့အတွက် အကျိုးကျေးဇူး တစ်စုံတရာ မရှိနိုင်ဘူး။” ဟု ရုပ်ရှင်သရုပ်ဆောင် ညောင်ညောင်က ပြောကြားသည်။

ရေကျော်ဈေးအား အသစ်ပြန်လည် တည်ဆောက်၍ ယာယီ
ဈေးတွင် ရွှေ့ပြောင်း ရောင်းချရမည် ဆိုပါက အခက်အခဲများစွာ
ရှိနိုင်ပြီး ပထမအနေဖြင့် အပြောင်းအရွှေ့ကြောင့် ကုန်ကျစရိတ်
များပြားလာနိုင်ခြင်း၊ နေရာသစ်တွင် ဈေးရောင်းချမှု မကောင်းပါက
ဈေးသူဈေးသားများထိခိုက်နစ်နာနိုင်ခြင်းများ ဖြစ်ပွားလာနိုင်
ကြောင်းနှင့် ဈေးသစ် တည်ဆောက်ပြီးချိန်တွင် ပြန်လည် ဝင်ရောက်ရောင်းချခွင့် မရမည်တို့ကို စိုးရိမ်ကြောင်း ဈေးအတွင်း
မှ အထည်ဆိုင်ပိုင်ရှင် တစ်ဦးက ပြောကြားသည်။ယာယီဈေး
နေရာအား အတိအကျ သတ်မှတ်ထားခြင်း မရှိသေးဟု စည်ပင်
မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသော်လည်း ကျီတော်ရပ်
ကွက်သားများမှ ယာယီဈေးအား ဇေယျာမြိုင် ပန်းခြံနေရာတွင်
လာရောက် တည်ဆောက်မည် ဆိုပါက လုံးဝ လက်ခံမည် မ
ဟုတ်ကြောင်းကို အင်အား ၁၀၀ ကျော်ခန့်ဖြင့် ရပ်ကွက်ပန်းခြံ
တွင် ယနေ့ နံနက် ၉နာရီကျော်မှ ၁၀ နာရီကျော်ထိ တနာရီကြာ ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြသည်။

ဝေယံ၊ရည်မွန်
The Myanma Age
ရေကျော်ဈေးအား ဈေးသစ်အဖြစ် ပြန်လည်ပြုပြင် ရန် အတွက် ယာယီဈေးနေရာအား ယခုချိန်ထိ သတ်မှတ် နိုင်ခြင်း မရှိသေးသော် လည်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ကျီတော် ရပ်ကွက် တွင် နေထိုင်သူ များက ၎င်းတို့၏ ရပ်ကွက် အတွင်းရှိ ယာယီဈေးနေရာ သတ်မှတ်ခြင်း ကိုကန့်ကွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ရာသီဥတုတွေက ပူပြင်းတဲ့ အတွက် သံပရာရည်၏ ကျန်းမာရေး အကျိုးကျေးဇူး



သံပရာရည်မှာ ဗီတာမင်စီနဲ့ အင်တီ အောက်ဆီးဒင့်တွေ အကောင်းဆုံးပါဝင်တာကြောင့် ခန္ဓာကိုယ် ထဲက မကောင်းတဲ့ ဖရီးရယ်ဒီကယ် တွေကို ဖယ်ရှားပေးကာ ခုခံအားစနစ်ကို ကောင်းမွန် စေပါတယ်။
သံပရာရည်ဟာပိုးဝင်ကူးစက်မှုတွေမဖြစ်အောင်ကာကွယ်ပေးပြီး ဓာတ်မတည့်မှုကို လျော့ကျ စေပါတယ်။ ပိုးသတ်ပေးနိုင်တဲ့အာနိသင်ရှိတာကြောင့်အနာကျက် မြန်စေပါတယ်။လည်ချောင်းနာတာ၊ အာသီး ရောင်

ကမ္ဘာ့ညို့ အားအပြင်းဆုံး အမျိုးသမီး ဟက်ကာ

ကမ္ဘာ့ညို့ အားအပြင်းဆုံး အမျိုးသမီး ဟက်ကာ
Saturday, March 9, 2013

အသက်က ၂၄ နှစ်ပါ။ ခုတောင် ထောင်နန်းဆံနေပြီထင် ပါတယ်။ ထောင် ဒဏ် နှစ် ၄၀ တောင် အချခံရတယ်လို့ သိရပါတယ်။

ရုရှားဖွား အမေရိကန်ရောက် ဟက်ကာ ဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်ဖွားဖြစ်ပြီး ယနေ့မှာဆိုရင် အသက် ၂၄ နှစ်ပဲ ရှိပါအုံးမယ်။ သူက အွန်လိုင်းကနေ တရားမဝင် ငွေလွဲပေးတဲ့ Money Mule အလုပ်လုပ်ခဲ့တာပါ။ ကိုယ်တိုင်ကလည်း အမေရိကန်နိုင်ငံက ဘဏ်တွေကို ဖောက်ခဲ့ပါတယ်။

Password အမှားတွေရိုက်၊ Zeus (Trojan horse) တွေသွင်းပြီး ငွေတွေ ယူလို့ ကြိုးစားတာ အမေရိဒေါ်လာ ၃ သန်းတန်ဖိုးရှိပါတယ်။ သို့ပေမယ့် သူတကယ် အလကားရသွားတာက အမေရိကန်ဒေါ်လာ ၃သောင်းခွဲ ပါ။ ဘဝ တစ်လျှောက်ကလည်း Money Mule အလုပ်မှာ Percentage နဲ့ ရပါတယ်။

မိသားစု ဆင်းရဲပြီး မိခင်တစ်ဦးတည်းရှိပါတယ်။ နယူးယောက်တက္ကသိုလ် တက်ပြီး Programming ကိုတော့ အပြင်မှာ သင်တာ ဖြစ်ပါတယ်။ ငွေ အလကားရတဲ့ နည်းလမ်းဆိုတော့ လုပ်ရင်းနဲ့ တစ်နေ့တော့ မိပါလေရော၊ မိတဲ့ အချိန်မှာ Money Mule လုပ်ငန်းနဲ့ တရားမဝင်ငွေ အလွဲအပို့လုပ်ထား တာ အတော်လေးများနေပါပြီ။ ဒါကြောင့် အမှုကြီးသွားခြင်း ဖြစ်ပါတယ်။

ထောင်ဒဏ်လည်းများ ဒဏ်ငွေလည်း များပါတယ်။ http://vk.com/svechinskaya_k ဒါကတော့ သူ့ရဲ့  Social account စာမျက်နှာလေးပါ။ သူမဟာ ယနေ့တိုင် ကမ္ဘာ့စွဲဆောင်မှုအရှိဆုံး (The World Sexiest Model) အဖြစ် အသိအမှတ်ပြု ခံထားရကြောင်း သိရပါတယ်။
---
Ref: wiki
Aung Kham (TSJ team)

--
TechSpace Journal
အသက်က ၂၄ နှစ်ပါ။ ခုတောင် ထောင်နန်းဆံနေပြီထင် ပါ တယ်။ ထောင်ဒဏ် နှစ် ၄၀ တောင် အချခံရတယ်လို့ သိရပါတယ်။
ရုရှားဖွား အမေရိကန်ရောက်ဟက်ကာ ဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ် ဖွားဖြစ်ပြီး ယနေ့မှာဆိုရင် အသက် ၂၄ နှစ်ပဲ ရှိပါအုံးမယ်။ သူက

ဘဏ်များတွင် ၅,၀၀၀ တန် အတုများ လက်ခံရရှိနိုင်ဟု ဒု-ဝန်ကြီးဆို

ဘဏ်များတွင် ၅,၀၀၀ တန် အတုများ လက်ခံရရှိနိုင်ဟု ဒု-ဝန်ကြီးဆို
Friday, March 8, 2013

နိုင်ငံအတွင်းရှိ ဘဏ်များတွင် ကျပ် ၅,၀၀၀ တန် ငွေစက္ကူအတုများ မလည်ပတ်စေနိုင်ရန် ကြပ်မတ်ဆောင်ရွက်လျက်ရှိသော်လည်း လည်ပတ်နေသော ငွေကြေးပမာဏအရ ဘဏ်များတွင် ငွေစက္ကူအတုများ လက်ခံရရှိနိုင်ကြောင်း ဘဏ္ဍာရေးနှင့် အခွန် ဒုတိယ ဝန်ကြီးက
ပြောဆိုလိုက်သည်။

“ကျပ် ၅,၀၀၀ တန် အတုများ နိုင်ငံအတွင်းရှိ ဘဏ်တွေမှာ မလည်ပတ်
စေနိုင်အောင် ငွေကြေးဆိုင်ရာ စည်းမျဉ်းတွေ လုပ်ထုံးလုပ်နည်းတွေနဲ့ 
ငွေစက္ကူအတု-အစစ် ခွဲခြားသည့် စက်တွေနဲ့ပါ ကြပ်မတ်ဆောင်ရွက်
လျှက်ရှိသော်လည်း လည်ပတ်နေသော ငွေကြေးပမာဏအရ ဘဏ်များ
တွင် ငွေစက္ကူအတုများ လက်ခံရရှိနိုင်ပါတယ်” ဟု မတ်လ ၆ ရက်နေ့က
ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စု
ဒု-ဝန်ကြီး ဒေါက်တာလင်းအောင် က ပြောဆိုသွားခြင်း ဖြစ်သည်။

ကျပ် ၅,၀၀၀ တန် ငွေစက္ကူ စတင်ထုတ်ဝေသည့် ၂၀၀၉ ခုနှစ်၊
အောက်တိုဘာ ၁ ရက်မှ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း ထိုငွေစက္ကူအတု ၃,၇၅၈ ရွက် (တန်ဖိုး ကျပ် ၁၈,၇၉၀,၀၀၀) စစ်ဆေး တွေရှိရှိခဲ့သည်ဟု ဆိုသည်။

ထို့ပြင် “ကျပ် ၅,၀၀၀ တန်အတုတွေက ဘဏ်တွေမှာ မလည်ပတ်
သော်လည်း စီးပွားရေးလောကမှာ လည်ပတ်နေနိုင်ပါတယ်”ဟု 
ဒု-ဝန်ကြီးက ဆက်လက်ပြောကြားသည်။

“ငွေစက္ကူအတုကိစ္စကတော့ (ကျပ်)၅,၀၀၀ တန်၊ ၁၀,၀၀၀ တန်မှ မဟုတ်ဘူး။ ဒေါ်လာမှာလည်း ရှိတာပဲ။ အချို့ဆို ၅,၀၀၀ တန်၊ ၁၀,၀၀၀ တန်ကို မမြင်ဖူးကြဘူး။ အထူးသဖြင့် နယ်က လူတွေပေါ့။ နယ်ဘက်တွေမှာ မိတ္တူကူးပြီး အတုသုံးကြတာမျိုးတောင် ကြားဖူးတယ်။ အတု ဆိုတာကို
သေချာကြည့်ရင် သိသာပါတယ်။ ဒါပေမယ့် ထိခိုက်လောက်တဲ့ အတိုင်းအတာအထိတော့ မဖြစ်နိုင်ပါဘူး” ဟု စီးပွားရေးပညာရှင် ခင်မောင်ညို (ဘောဂဗေဒ) က သုံးသပ်သည်။


ခင်မျိုးသွယ်
မဇ္ဈိမ
နိုင်ငံအတွင်းရှိ ဘဏ်များတွင် ကျပ် ၅,၀၀၀ တန် ငွေစက္ကူအတုများ မလည်ပတ်စေနိုင်ရန် ကြပ်မတ်ဆောင်ရွက်လျက်ရှိသော်လည်း လည်ပတ်နေသော ငွေကြေးပမာဏအရ ဘဏ်များ တွင် ငွေစက္ကူ အတုများ လက်ခံရရှိနိုင်ကြောင်း ဘဏ္ဍာရေးနှင့် အခွန် ဒုတိယ ဝန်ကြီးက ပြောဆိုလိုက်သည်။

ကားဈေးများပြန်တက်သော်လည်း ကားအရောင်းသွက်

Photo: ကားဈေးများပြန်တက်သော်လည်း ကားအရောင်းသွက်
Saturday, March 9, 2013

ယခုတစ်ပတ် ကားများ အရောင်း သွက်လျက်ရှိသလို
ကားဈေးများလည်း တက်လျက်ရှိကြောင်း ကားအရောင်း အ၀ယ်ပြုလုပ်နေသူများ၏ပြောကြားချက်အရသိရသည်။

“ဒီတစ်ပတ်ကို ကားဈေးနည်းနည်း ပြန်တက်တယ်။
အ၀ယ်လည်း နည်းနည်းလိုက်တယ်။ကားဈေးကွက်က
ခုထိတော့ နေရာ မကျသေးဘူး ဖြစ်နေတယ်။ ဟံသာဝတီကားဝင်းပိတ်ပြီး ပြောင်းကြရွှေ့ကြနဲ့ဆိုတော့။”
ဟု ကားရောင်းဝယ်ရေး ပြုလုပ်သူ ကိုသီဟကျော်က
ပြောကြားသည်။

ယခုအချိန်မှာ ကားလေလံ ဆွဲနေသည့်ကာလဖြစ်ပြီး
ကားတင်ဆောင်သော သဘောင်္များ မ၀င်သေးသောကြောင့်
ဈေးကွက်အတွင်း ကားဈေးများ တက်သွားခြင်းဖြစ်ကြောင်း၊
ယခုလေလံ ဆွဲထားသော ကားများ ဧပြီလတွင် ကားတင်
သဘောင်္များဖြင့်ရောက်လာရန်ရှိကြောင်း သိရသည်။

အင်ဂျင်ပါဝါနိမ့်သော ကားများဖြစ်သည့် Probox,Honda fit,
Suzuki Swift ကဲ့သို့ကားများ မှာ ၅သိန်းခန့်ဈေးတက်သွားပြီး၊ အင်ဂျင်ပါဝါမြင့်သော Prado,Harrier ကဲ့သို့ကားများမှာ ၁၀သိန်းနှင့်သိန်း၂၀ကြားဈေးတက်လျက်ရှိကြောင်း၊
အပ်ကားများမှာ ၈၅သိန်းခန့်ဈေးပေါက်ပြီး၊ စလစ်ဈေးမှာ သိန်း၉၀ခန့်ရှိကြောင်း၊ AAစလစ်များမှာ ၆၈သိန်းခန့်
ပေါက်ဈေးရှိကြောင်း ကားအရောင်းအ၀ယ်ပြုလုပ်သူ
ဦးဌေးကပြောကြားသည်။

“ကျွန်တော်ဆီမှာတော့ Probox အင်ဂျင်ပါဝါ 1.3ကို ၁၁၇သိန်း၊
အင်ဂျင်ပါဝါ 1.5ဆိုရင် သိန်း၁၂၀၊ Succeedဆိုရင်တော့
၁၄၅သိန်း နဲ့ရောင်းတယ်။ ယာယီနံပါတ်ကိုပေါ့” ဟုကားအရောင်းအ၀ယ်ပြုလုပ်သူ ကိုသီဟကျော်က
ပြောကြားသည်။

“Proboxတွေ အရောင်းသွက်တယ်။ ၀ယ်သူတွေက Probox
မေးတာ များတယ်။ ကျွန်တော်တို့ဆီမှာတော့ အင်ဂျင်ပါဝါ 1.3 Proboxတွေရောင်းတယ်။ ဈေးကတော့ ၁၂၅သိန်းပါ။ စလစ်က အမည်ပေါက်ကို ၉၁သိန်းပေါက်တယ်။” ဟုWin & S.P.A.M ကားအရောင်းပြခန်းမှ အရောင်းတာဝန်ခံတစ်ဦးက ပြောကြား
သည်။

ဆုဝေ
ဓာတ်ပုံ - အောင်သိုက်
The Myanma Age
ယခုတစ်ပတ် ကားများ အရောင်း သွက်လျက်ရှိသလို ကားဈေး များလည်း တက်လျက်ရှိကြောင်း ကားအရောင်း အ၀ယ်ပြုလုပ်နေသူ များ၏ပြောကြားချက်အရသိရသည်။

အန္တရာယ် အချက်ပေး ဘရိတ်ဖမ်း နည်းပညာ သစ်တစ်မျိုး Volvo ကားကုမ္ပဏီ ထုတ်လုပ်

အန္တရာယ် အချက်ပေး ဘရိတ်ဖမ်း နည်းပညာ သစ်တစ်မျိုး Volvo ကားကုမ္ပဏီ ထုတ်လုပ်
Saturday, March 9, 2013

အသက် အန္တရာယ်ကို ခြိမ်းခြောက်နိုင်သော မတော်တဆ မှုများကို ကာကွယ် တားဆီးရာတွင် အထောက်အကူ ပေးနိုင်သည့် အန္တရာယ် အချက်ပေး ဘရိတ်ဖမ်း နည်းပညာ သစ်တစ်မျိုးကို Volvo မော်တော်ကား ကုမ္ပဏီက ထုတ်လုပ်ခဲ့ကြောင်း ၎င်းကုမ္ပဏီက ထုတ်ဖော်ပြောကြား ခဲ့သည်။

အဆိုပါ စနစ်ကို တပ်ဆင်ထားသည့် ကားများသည် ယာဉ်သွားရာ လမ်းကြောင်း တွင်းသို့ ရုတ်တရက် ချိုးကွေ့ ဝင်လာသော ဆိုင်ကယ် စီးသူများ အပါအဝင် အသက် အန္တရာယ် ကို ခြိမ်းခြောက်နိုင်သည့် အခြား မတော်တဆ မှုများကို ထောက်လှမ်းနိုင်စွမ်း ရှိကြောင်း ၎င်းကုမ္ပဏီက ပြောကြားခဲ့သည်။ 

၎င်းစနစ်ကို တပ်ဆင်ထားသည့် မော်တော်ယာဉ် များသည် ယာဉ်တိုက်မှု ဖြစ်ပွားနိုင်သည့် အန္တရာယ်ကို ထောက်လှမ်း တွေ့ရှိပါက အချက်ပေးသံ ထွက်ပေါ်လာ၍ အလိုအလျောက် ကားဘရိတ်ဖမ်း ရပ်တန့်သွားမည် ဖြစ်သည်။ 

ဂျီနီဗာမြို့တွင် ပြုလုပ်သော မော်တော်ကား ပြပွဲတွင် အဆိုပါ နည်းပညာ သစ်ကို Volvo ကုမ္ပဏီက စတင်မိတ်ဆက် ခဲ့သည်ဟု သိရသည်။

၎င်းနည်းပညာ သစ်သည် ၂ဝ၁ဝ ပြည့်နှစ်က ထုတ်လုပ်ခဲ့သည့်
ခြေကျင်လျှောက် လမ်းသွားလမ်းလာ သူများ ထောက်လှမ်း သည့် အချက်ပြ စနစ်ကို အဆင့်တိုးမြှင့် ထုတ်လုပ်ထားခြင်း ဖြစ် ပြီး၊ ခြေကျင်လျှောက် လမ်းသွားလမ်းလာ ထောက်လှမ်းရေး စနစ်တွင် ယာဉ်တိုက်မှု အန္တရာယ်ကို ထောက်လှမ်းရန် မော်တော်ကား လေကာမှန်နှင့်
နောက်ကြည့်မှန် ကြားတွင် ကင်မရာ တစ်လုံး တပ်ဆင်ထားပြီး ကားရှေ့ရှိ လေဝင်စေသည့် ဆန်ခါကွက်တွင် ရေဒါတစ်ခုကို တပ်ဆင် အသုံးပြု ထားသည်ဟု သိရသည်။

ယခု ထုတ်လုပ်သည့် နည်းပညာ သစ်ကို မော်တော်ကား များတွင် တပ်ဆင်ရန် လိုအပ် ကြောင်း Volvo ကား ကုမ္ပဏီက ထုတ်လုပ်ရန် လျာထားသော ကားမော်ဒယ် ၁၁ မျိုးအနက် ခုနစ်မျိုး တွင်သာ တပ်ဆင်သွားမည် ဖြစ်သည်။ Volvo ကုမ္ပဏီမှ ထုတ်လုပ်ခဲ့သည့် အလို အလျောက် အချက်ပေး၊ ဘရိတ်ဖမ်း စနစ်ကို အသုံးပြု ထားသော ပစ္စည်းသစ်ကို အနည်းဆုံး စတာလင်ပေါင် ၁၈၅ဝ ဖြင့် ရောင်းချမည်
ဖြစ်သည်ဟု သိရသည်။

http://bit.ly/Z7GAY3
မြ၀တီ
အသက် အန္တရာယ်ကို ခြိမ်းခြောက်နိုင်သော မတော်တဆ မှုများကို ကာကွယ် တားဆီးရာတွင် အထောက်အကူ ပေးနိုင်သည့် အန္တရာယ် အချက်ပေး ဘရိတ်ဖမ်း နည်းပညာ သစ်တစ်မျိုးကို Volvo မော်တော် ကား ကုမ္ပဏီက ထုတ်လုပ်ခဲ့ကြောင်း ၎င်းကုမ္ပဏီက ထုတ်ဖော်ပြော ကြားခဲ့သည်။