အသက် အန္တရာယ်ကို ခြိမ်းခြောက်နိုင်သော မတော်တဆ မှုများကို ကာကွယ်
တားဆီးရာတွင် အထောက်အကူ ပေးနိုင်သည့် အန္တရာယ် အချက်ပေး ဘရိတ်ဖမ်း နည်းပညာ
သစ်တစ်မျိုးကို Volvo မော်တော် ကား ကုမ္ပဏီက ထုတ်လုပ်ခဲ့ကြောင်း ၎င်းကုမ္ပဏီက
ထုတ်ဖော်ပြော ကြားခဲ့သည်။
အဆိုပါစနစ်ကို တပ်ဆင်ထားသည့်ကားများသည် ယာဉ်သွားရာလမ်းကြောင်းတွင်းသို့
ရုတ်တရက် ချိုးကွေ့ ဝင်လာသော ဆိုင်ကယ်စီးသူများအပါအဝင် အသက်အန္တရာယ်ကို
ခြိမ်းခြောက်နိုင်သည့် အခြား မတော် တဆမှုများကို ထောက်လှမ်းနိုင်စွမ်းရှိကြောင်း ၎င်းကုမ္ပဏီက ပြောကြားခဲ့သည်။
၎င်းစနစ်ကိုတပ်ဆင်ထားသည့်
မော်တော်ယာဉ်များသည် ယာဉ်တိုက်မှု ဖြစ်ပွားနိုင်သည့် အန္တရာယ် ကို ထောက်လှမ်းတွေ့ရှိပါက အချက်ပေးသံထွက်ပေါ်လာ၍ အလိုအလျောက် ကားဘရိတ်ဖမ်း
ရပ်တန့် သွားမည် ဖြစ်သည်။
ဂျီနီဗာမြို့တွင် ပြုလုပ်သော မော်တော်ကား ပြပွဲတွင် အဆိုပါ နည်းပညာ သစ်ကို Volvo ကုမ္ပဏီက စတင်မိတ်ဆက် ခဲ့သည်ဟု သိရသည်။
၎င်းနည်းပညာ သစ်သည် ၂ဝ၁ဝ ပြည့်နှစ်က ထုတ်လုပ်ခဲ့သည့်ခြေကျင်လျှောက် လမ်းသွားလမ်းလာ သူများ ထောက်လှမ်းသည့် အချက်ပြစနစ်ကို
အဆင့်တိုးမြှင့် ထုတ်လုပ်ထားခြင်း ဖြစ် ပြီး၊ ခြေကျင်လျှောက်
လမ်းသွားလမ်းလာ ထောက်လှမ်းရေး စနစ်တွင် ယာဉ်တိုက်မှု အန္တရာယ်ကို
ထောက်လှမ်း ရန် မော်တော် ကား လေကာမှန်နှင့်နောက်ကြည့်မှန်ကြားတွင်
ကင်မရာတစ်လုံး တပ်ဆင်ထားပြီး ကားရှေ့ရှိ လေဝင်စေ သည့် ဆန်ခါကွက်တွင်
ရေဒါတစ်ခုကို တပ်ဆင်အသုံးပြုထားသည်ဟု သိရသည်။
ယခုထုတ်လုပ်သည့်
နည်းပညာသစ်ကို မော်တော်ကားများတွင် တပ်ဆင်ရန်လိုအပ် ကြောင်း Volvo ကား
ကုမ္ပဏီကထုတ်လုပ်ရန် လျာထားသောကားမော်ဒယ် ၁၁ မျိုးအနက် ခုနစ်မျိုး တွင်သာ
တပ်ဆင်သွား မည် ဖြစ်သည်။ Volvo ကုမ္ပဏီမှ ထုတ်လုပ်ခဲ့သည့် အလို အလျောက်
အချက်ပေး၊ ဘရိတ်ဖမ်း စနစ်ကို အသုံးပြု ထားသော ပစ္စည်းသစ်ကို အနည်းဆုံး
စတာလင်ပေါင် ၁၈၅ဝ ဖြင့် ရောင်းချမည်ဖြစ်သည်ဟု သိရသည်။
မြ၀တီ
အသက် အန္တရာယ်ကို ခြိမ်းခြောက်နိုင်သော မတော်တဆ မှုများကို ကာကွယ် တားဆီးရာတွင် အထောက်အကူ ပေးနိုင်သည့် အန္တရာယ် အချက်ပေး ဘရိတ်ဖမ်း နည်းပညာ သစ်တစ်မျိုးကို Volvo မော်တော် ကား ကုမ္ပဏီက ထုတ်လုပ်ခဲ့ကြောင်း ၎င်းကုမ္ပဏီက ထုတ်ဖော်ပြော ကြားခဲ့သည်။
အဆိုပါစနစ်ကို တပ်ဆင်ထားသည့်ကားများသည် ယာဉ်သွားရာလမ်းကြောင်းတွင်းသို့ ရုတ်တရက် ချိုးကွေ့ ဝင်လာသော ဆိုင်ကယ်စီးသူများအပါအဝင် အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်သည့် အခြား မတော် တဆမှုများကို ထောက်လှမ်းနိုင်စွမ်းရှိကြောင်း ၎င်းကုမ္ပဏီက ပြောကြားခဲ့သည်။
၎င်းစနစ်ကိုတပ်ဆင်ထားသည့် မော်တော်ယာဉ်များသည် ယာဉ်တိုက်မှု ဖြစ်ပွားနိုင်သည့် အန္တရာယ် ကို ထောက်လှမ်းတွေ့ရှိပါက အချက်ပေးသံထွက်ပေါ်လာ၍ အလိုအလျောက် ကားဘရိတ်ဖမ်း ရပ်တန့် သွားမည် ဖြစ်သည်။
ဂျီနီဗာမြို့တွင် ပြုလုပ်သော မော်တော်ကား ပြပွဲတွင် အဆိုပါ နည်းပညာ သစ်ကို Volvo ကုမ္ပဏီက စတင်မိတ်ဆက် ခဲ့သည်ဟု သိရသည်။
၎င်းနည်းပညာ သစ်သည် ၂ဝ၁ဝ ပြည့်နှစ်က ထုတ်လုပ်ခဲ့သည့်ခြေကျင်လျှောက် လမ်းသွားလမ်းလာ သူများ ထောက်လှမ်းသည့် အချက်ပြစနစ်ကို အဆင့်တိုးမြှင့် ထုတ်လုပ်ထားခြင်း ဖြစ် ပြီး၊ ခြေကျင်လျှောက် လမ်းသွားလမ်းလာ ထောက်လှမ်းရေး စနစ်တွင် ယာဉ်တိုက်မှု အန္တရာယ်ကို ထောက်လှမ်း ရန် မော်တော် ကား လေကာမှန်နှင့်နောက်ကြည့်မှန်ကြားတွင် ကင်မရာတစ်လုံး တပ်ဆင်ထားပြီး ကားရှေ့ရှိ လေဝင်စေ သည့် ဆန်ခါကွက်တွင် ရေဒါတစ်ခုကို တပ်ဆင်အသုံးပြုထားသည်ဟု သိရသည်။
ယခုထုတ်လုပ်သည့် နည်းပညာသစ်ကို မော်တော်ကားများတွင် တပ်ဆင်ရန်လိုအပ် ကြောင်း Volvo ကား ကုမ္ပဏီကထုတ်လုပ်ရန် လျာထားသောကားမော်ဒယ် ၁၁ မျိုးအနက် ခုနစ်မျိုး တွင်သာ တပ်ဆင်သွား မည် ဖြစ်သည်။ Volvo ကုမ္ပဏီမှ ထုတ်လုပ်ခဲ့သည့် အလို အလျောက် အချက်ပေး၊ ဘရိတ်ဖမ်း စနစ်ကို အသုံးပြု ထားသော ပစ္စည်းသစ်ကို အနည်းဆုံး စတာလင်ပေါင် ၁၈၅ဝ ဖြင့် ရောင်းချမည်ဖြစ်သည်ဟု သိရသည်။
မြ၀တီ
No comments:
Post a Comment