Saturday, March 9, 2013

ယာယီဈေးနေရာသတ်မည်စိုး၍ ဈေးမဆောက်ရန် ဆန္ဒပြ

Photo: ယာယီဈေးနေရာသတ်မည်စိုး၍ ဈေးမဆောက်ရန်
ဆန္ဒပြ
Saturday, March 9, 2013

ရေကျော်ဈေးအား ဈေးသစ်အဖြစ် ပြန်လည်ပြုပြင် ရန်
အတွက် ယာယီဈေးနေရာအား ယခုချိန်ထိ သတ်မှတ်
နိုင်ခြင်း မရှိသေးသော်လည်း မင်္ဂလာတောင်ညွန့်မြို့နယ်၊
ကျီတော် ရပ်ကွက်တွင် နေထိုင်သူများက ၎င်းတို့၏ ရပ်
ကွက် အတွင်းရှိ ယာယီဈေးနေရာ သတ်မှတ်ခြင်းကို
ကန့်ကွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဇေယျာမြိုင် ပန်းခြံနှင့် ကလေးကစားကွင်း နေရာတွင်
ယာယီဈေးနေရာအား သတ်မှတ်ခဲ့ခြင်း ရှိခဲ့သော်လည်း ယခုချိန်ထိ ဈေးနေရာ ချထားမှုကို ညှိနှိုင်းလျက်ရှိပြီး ရပ်
ကွက်သူ၊ ရပ်ကွက်သားများက ၎င်းတို့အနေဖြင့် ဈေးနေရာ
သတ်မှတ်မည် ဆိုပါက လုံးလက်ခံမည် မဟုတ်ကြောင်း၊
ယာယီဈေး သတ်မှတ်ခြင်းကြောင့် ရပ်ကွက်အတွင်း ပတ်
ဝန်းကျင် ညစ်ညမ်းမှုများ ဖြစ်ပွားလာနိုင်ကြောင်းနှင့် အခြား
သောပြဿနာများဖြစ်ပွားလာနိုင်ခြင်းကြောင့် ယခုကဲ့သို့ ကန့်ကွက်ရခြင်းဖြစ်ကြောင်း ဆန္ဒထုတ်ဖော်သူ တစ်ဦးဖြစ်သူ ဦးသီဟဌေးမှပြောကြားသည်။

“အများကြီးဆုံးရှုံး နစ်နာမှုတွေ ဖြစ်နိုင်တာပေါ့။ ပန်းခြံအလှတွေ၊
သစ်ပင်တွေ ပြီးတော့ ဒီမှာ နှစ်ရှည်သစ်ပင်တွေ အများကြီး
ပါတယ်လေ။ ပြီးတော့ သေသေချာချာ စိုက်ပျိုးထားတဲ့ သစ်ပင်တွေ
ပါတယ်လေ။ ဒါတွေကို စည်ပင်ကပဲ စိုက်ခဲ့တာ။ သူတို့စိုက်တဲ့ သစ်ပင်တွေကို သူတို့ ဘာသာ သူတို့ ပြန်သတ်သလိုဖြစ်နေ
တာပေါ့။ ဒီရပ်ကွက်ထဲမှာ လာဆောက်မယ်ဆိုရင် ကျောင်း
လဲရှိတယ်။ ဝိုင်အမ်ဘီအေ ဗုဒ္ဓဘာသာ အသင်းလဲရှိတယ်။
ဒီရပ်ကွက်မှာ ပုဇွန်တောင်ဈေးကြီး တစ်ခုလုံး လဲရှိပြီးသားပါ။
အဲ့အတွက် အကျိုးကျေးဇူး တစ်စုံတရာ မရှိနိုင်ဘူး။” ဟု ရုပ်ရှင်သရုပ်ဆောင် ညောင်ညောင်က ပြောကြားသည်။

ရေကျော်ဈေးအား အသစ်ပြန်လည် တည်ဆောက်၍ ယာယီ
ဈေးတွင် ရွှေ့ပြောင်း ရောင်းချရမည် ဆိုပါက အခက်အခဲများစွာ
ရှိနိုင်ပြီး ပထမအနေဖြင့် အပြောင်းအရွှေ့ကြောင့် ကုန်ကျစရိတ်
များပြားလာနိုင်ခြင်း၊ နေရာသစ်တွင် ဈေးရောင်းချမှု မကောင်းပါက
ဈေးသူဈေးသားများထိခိုက်နစ်နာနိုင်ခြင်းများ ဖြစ်ပွားလာနိုင်
ကြောင်းနှင့် ဈေးသစ် တည်ဆောက်ပြီးချိန်တွင် ပြန်လည် ဝင်ရောက်ရောင်းချခွင့် မရမည်တို့ကို စိုးရိမ်ကြောင်း ဈေးအတွင်း
မှ အထည်ဆိုင်ပိုင်ရှင် တစ်ဦးက ပြောကြားသည်။ယာယီဈေး
နေရာအား အတိအကျ သတ်မှတ်ထားခြင်း မရှိသေးဟု စည်ပင်
မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသော်လည်း ကျီတော်ရပ်
ကွက်သားများမှ ယာယီဈေးအား ဇေယျာမြိုင် ပန်းခြံနေရာတွင်
လာရောက် တည်ဆောက်မည် ဆိုပါက လုံးဝ လက်ခံမည် မ
ဟုတ်ကြောင်းကို အင်အား ၁၀၀ ကျော်ခန့်ဖြင့် ရပ်ကွက်ပန်းခြံ
တွင် ယနေ့ နံနက် ၉နာရီကျော်မှ ၁၀ နာရီကျော်ထိ တနာရီကြာ ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြသည်။

ဝေယံ၊ရည်မွန်
The Myanma Age
ရေကျော်ဈေးအား ဈေးသစ်အဖြစ် ပြန်လည်ပြုပြင် ရန် အတွက် ယာယီဈေးနေရာအား ယခုချိန်ထိ သတ်မှတ် နိုင်ခြင်း မရှိသေးသော် လည်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ကျီတော် ရပ်ကွက် တွင် နေထိုင်သူ များက ၎င်းတို့၏ ရပ်ကွက် အတွင်းရှိ ယာယီဈေးနေရာ သတ်မှတ်ခြင်း ကိုကန့်ကွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဇေယျာမြိုင် ပန်းခြံနှင့် ကလေးကစားကွင်း နေရာတွင် ယာယီဈေးနေရာ အား သတ်မှတ်ခဲ့ခြင်း ရှိခဲ့သော်လည်း ယခုချိန်ထိ ဈေးနေရာ ချထားမှု ကို ညှိနှိုင်းလျက်ရှိပြီး ရပ်ကွက်သူ၊ ရပ်ကွက်သားများက ၎င်းတို့အနေဖြင့် ဈေးနေရာသတ်မှတ်မည် ဆိုပါက လုံးလက်ခံမည် မဟုတ်ကြောင်း၊ယာယီဈေး သတ်မှတ်ခြင်းကြောင့် ရပ်ကွက်အတွင်း ပတ်ဝန်းကျင် ညစ်ညမ်း မှုများ ဖြစ်ပွားလာနိုင်ကြောင်းနှင့် အခြားသောပြဿနာများဖြစ်ပွားလာနိုင်ခြင်းကြောင့် ယခုကဲ့သို့ ကန့်ကွက်ရခြင်းဖြစ်ကြောင်း ဆန္ဒထုတ်ဖော်သူ တစ်ဦးဖြစ်သူ ဦးသီဟဌေးမှပြောကြားသည်။

“အများကြီးဆုံးရှုံး နစ်နာမှုတွေ ဖြစ်နိုင်တာပေါ့။ ပန်းခြံအလှတွေ၊သစ်ပင်တွေ ပြီးတော့ ဒီမှာ နှစ်ရှည်သစ်ပင်တွေ အများကြီးပါတယ်လေ။ ပြီးတော့ သေသေချာချာ စိုက်ပျိုးထားတဲ့ သစ်ပင်တွေပါတယ်လေ။ ဒါတွေကို စည်ပင်ကပဲ စိုက်ခဲ့တာ။ သူတို့စိုက်တဲ့ သစ်ပင်တွေကို သူတို့ ဘာသာ သူတို့ ပြန်သတ်သလိုဖြစ်နေတာပေါ့။ ဒီရပ်ကွက်ထဲမှာ လာဆောက်မယ်ဆိုရင် ကျောင်းလဲရှိတယ်။ ဝိုင်အမ်ဘီအေ ဗုဒ္ဓဘာသာ အသင်းလဲရှိတယ်။
ဒီရပ်ကွက်မှာ ပုဇွန်တောင်ဈေးကြီး တစ်ခုလုံး လဲရှိပြီးသားပါ။အဲ့အတွက် အကျိုးကျေးဇူး တစ်စုံတရာ မရှိနိုင်ဘူး။” ဟု ရုပ်ရှင်သရုပ်ဆောင် ညောင်ညောင်က ပြောကြားသည်။

ရေကျော်ဈေးအား အသစ်ပြန်လည် တည်ဆောက်၍ ယာယီဈေးတွင် ရွှေ့ပြောင်း ရောင်းချရမည် ဆိုပါက အခက်အခဲများစွာရှိနိုင်ပြီး ပထမအနေဖြင့် အပြောင်းအရွှေ့ကြောင့် ကုန်ကျစရိတ် များပြားလာ နိုင်ခြင်း၊ နေရာသစ်တွင် ဈေးရောင်းချမှု မကောင်းပါကဈေးသူဈေးသား များထိခိုက်နစ်နာ နိုင်ခြင်း များ ဖြစ်ပွားလာနိုင်ကြောင်းနှင့် ဈေးသစ် တည်ဆောက်ပြီးချိန်တွင် ပြန်လည် ဝင်ရောက်ရောင်းချခွင့် မရမည်တို့ကို စိုးရိမ်ကြောင်း ဈေးအတွင်းမှ အထည်ဆိုင်ပိုင်ရှင် တစ်ဦးက ပြောကြားသည်။ ယာယီဈေးနေ ရာအား အတိအကျ သတ်မှတ်ထားခြင်း မရှိသေးဟု စည်ပင်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသော် လည်း ကျီတော်ရပ်ကွက်သားများမှ ယာယီဈေးအား ဇေယျာမြိုင် ပန်းခြံနေရာတွင်လာရောက် တည်ဆောက်မည်ဆိုပါက လုံးဝ လက်ခံမည် မဟုတ်ကြောင်းကို အင်အား ၁၀၀ ကျော်ခန့်ဖြင့် ရပ်ကွက်ပန်းခြံတွင် ယနေ့ နံနက် ၉နာရီကျော်မှ ၁၀ နာရီကျော်ထိ တနာရီကြာ ဆန္ဒ ထုတ်ဖော်မှု ပြုလုပ် ခဲ့ကြသည်။

ဝေယံ၊ရည်မွန်
The Myanma Age

No comments:

Post a Comment