Sunday, September 30, 2012

ရခိုင်ပြည်နယ် ပဋိပက္ခ သတိရှိရှိကိုင်တွယ်ရန် ကုလအတွင်းရေးမှူးချုပ်ပြောကြား

မြန်မာနိုင်ငံရခိုင်ပြည်နယ်ကပဋိပက္ခဟာ  ပြည်တွင်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်း စဉ်တွေအပေါ် ထိခိုက်စေနိုင်တဲ့အပြင် တိုင်းပြည်နယ်နိမိတ် ကို ကျော်လွန်ပြီး တခြားနိုင်ငံတွေဆီအထိပါ သက်ရောက်မှုတွေ ရှိလာနိုင်တဲ့အတွက် သတိရှိရှိနဲ့ ကိုင်တွယ်ဖြေရှင်းဖို့ အရေးကြီးကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ပြောလိုက်ပါတယ်။

ဆန်ဖရန် Freedom Forum မှာ ဒေါ်စု မိန့်ခွန်းပြော

အမေရိကန် ပြည်ထောင်စုမှာ ၁၇ ရက်ကြာခရီးစဉ်နဲ့ ရောက်ရှိနေတဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ယုံကြည်ချက်အတိုင်း ငြိမ်းချမ်းတဲ့ ဘ၀နဲ့ နေထိုင်နိုင်တဲ့ လူ့အဖွဲ့အစည်း တရပ် ဖြစ်လာအောင် ၀ိုင်းဝန်း ကူညီကြဖို့  ပြောဆိုလိုက်ပါတယ်။ စက်တင်ဘာလ ၂၈ ရက်နေ့က ဆန်ဖရန်ဆစ္စကိုမြို့မှာ ကျင်းပခဲ့တဲ့ Freedom Forum ဆွေးနွေးပွဲမှာ အခုလို ပြောဆို လိုက် တာဖြစ်ပါတယ်။

ဖားအံ ဆက်ဆံရေးရုံး ကိစ္စ၌ ကေအန်ယူ ဗဟိုနှင့် KNLA ပြသနာဖြစ်

စက်တင်ဘာ ဆွေးနွေးပွဲ အပြီး အမှတ်တရကရင် အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့ (KNLA) ၏ အကြီးအကဲ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး၏ ယနေ့ ဖွင့်လှစ် လိုက်သော က ရင်ပြည်နယ် ဖားအံမြို့ပေါ်က ဆက်ဆံရေးရုံး ကိစ္စကို KNU ဗဟို အဆင့် ဆက်ဆံရေးရုံး မဟုတ်ကြောင်း ကြေညာချက် တစောင် ထုတ်ပြန် ခဲ့ပါသည်။

မူးယစ်ဆေးဝါး ငွေကျပ်သိန်းပေါင်း ၃၅၂၀ တန်ဖိုး ဖမ်းဆီးရမိ

စက်တင်ဘာလ ၂၆ ရက်နေ့ ၁၁ နာရီအချိန် ဆင်ကျော့ ပြည်သူ့စစ်အဖွဲ့မှ စိုင်းပညာဦးစီး ၈ ဦးသည် မူးယစ်ဆေးဝါး သတင်းအရလားရှိုးမြို့ နယ်၊ နောင်မွန် ကျေးရွာအုပ်စု၊ ဟန်နားကျေးရွာရှိ ဗြုံးကျင်း အဟောင်းတွင် ကင်းပုန်းဝပ် စောင့်ဆိုင်းနေခဲ့ပါသည်။

ရွာသား ၅ ဦး သေနတ်ပစ်ခံရ

ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ရှားခဲတိုက်နယ်၊ ရှားခဲကျေး ရွာ၌ စက်တင်ဘာ ၂၆ရက်နေ့တွင် သေနတ်  (၅)ချက် ပစ်ခတ်ခံရပြီး ရွာသား (၅)ဦး ထိမှန်ခဲ့ကြောင်း သိရပါသည်။

Saturday, September 29, 2012

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရန်မရှိ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို  ရပ်ဆိုင်းရန် အစီအစဉ် မရှိကြောင်း လက်ပံတောင်းတောင် ကြေးနီစီမံ ကိန်းနှင့်ပတ်သက်သော စာနယ်ဇင်းရှင်းလင်းပွဲတွင် မြန်မာစီးပွားရေးဦးပိုင်လီမိတက်မှ အကြီး တန်းအရာရှိ ဦးဝင်းကြည်ကပြောသည်။

"စပြီးလုပ်တုန်းက ဘာပြဿနာမှမရှိပါဘူး။ ဒေသခံတွေကိုယ်တိုင် ကြည်ကြည်ဖြူဖြူနဲ့ လျော်ကြေးတွေယူတယ်။

ပြည့်တန်ဆာ လုပ်ငန်းများ တရားဝင် လုပ်ကိုင်ခွင့် ရရန် တောင်းဆိုသွားမည်

ပြည့်တန်ဆာ လုပ်ငန်းများ တရားဝင် လုပ်ကိုင်ခွင့် မရသော မြန်မာနိုင်ငံတွင်
 ပြည့်တန်ဆာ လုပ်ငန်း (လိင်လုပ်ငန်း)များ တရားဝင် လုပ်ကိုင်ခွင့် ရရန် လွှတ်တော် အမတ်များထံတင်ပြ တောင်းဆိုသွား မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ပြည့်တန်ဆာများ  ကွန်ရက် (Sex Worker In Myanmar Network) ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းယုက ပြောကြားသည်။

"နိုင်ငံတော်သမ္မတဦးသိန်းစိန် မြန်မာ-အမေရိကန်ကုန်သည်ကြီးများ အသင်းမှ ဥက္ကဌနှင့်အမှုဆောင်များအား လက်ခံတွေ့ဆုံ"


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် စက်တင်ဘာ (၂၈)ရက် ဒေသစံတော်ချိန် ညနေ(၆)နာရီတွင် ခေတ္တတည်းခိုသည့် အမေရိကန်ပြည်ေ ထာင်စု နယူးယောက်မြို့ရှိ The Mark ဟိုတယ် ဧည့်ခန်းမ၌ မြန်မာ-အမေရိကန် ကုန်သည်ကြီးများအသင်းမှ ဥက္ကဌ နှင့်အမှုဆောင်များအား လက်ခံတွေ့ဆုံသည်။

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် ဂျပန်နိုင်ငံမှ ကူညီထောက်ပံ့ရန် မည်သည့် သဘောတူညီချက်မှ မရှိသေး

မြန်မာနိုင်ငံ၏ အထူးစီးပွားရေးဇုန်တစ်ခုဖြစ်သော ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် ဂျပန်နိုင်ငံမှ ကူညီထောက်ပံ့ပေးရန် မည်သည့် သဘောတူညီချက်မှ မရှိသေးဟု ဂျပန်နိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင် များအသင်းချုပ် JCCI  ၏ မဲခေါင်ဒေဆိုင်ရာ စီးပွားရေးလေ့လာမှုကော်မတီ ဥက္ကဌ မစ္စတာကိုဟိ ၀ါတာနာဘဲ က ပြောကြားခဲ့သည်။

ကချင်စစ်ပွဲများ ရပ်တန့်သွားရန် KIA ဘက်ကလည်း ပစ်ခတ်တိုက်ခိုက်မှုများကို တားဆီးသော အမိန့်ထုတ်ပေးရန် လိုအပ်သည်ဟု နိုင်ငံတော်သမ္မတ ပြောကြား

ကချင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသော စစ်ပွဲများရပ်တန့်ရန် KIA ဘက်ကလည်း ပစ်ခတ်တိုက်မှုများ ကိုတားဆီးသော အမိန့်ထုတ်ပေးရန်လိုအပ်သည်ဟု နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြောကြားခဲ့သည်။ အမေရိ ကန် ပြည်ထောင်စုတွင် စက်တင်ဘာလ ၂၈ ရက်နေ့က မြန်မာမီဒီယာသမား များနှင့် တွေ့ဆုံရာ တွင် မေးမြန်းချက်များကို ဖြေကြားရာ၌ ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

၂၀၁၅ ခုနှစ် အထိသာ သမ္မတအဖြစ် တာဝန်ထမ်းဆောင်သွားမည့် ဆုံးဖြတ်ချက်အား တိုင်းပြည်၏ အခြေအနေ၊ ပြည်သူများ၏ ဆန္ဒပေါ် မူတည်ပြီး အနာဂတ်ကို ဆုံးဖြတ်သွားမည်ဟု သမ္မတဦးသိန်းစိန် ပြောကြား

မိမိ၏ ကျန်းမာရေး အခြေအနေနှင့် အသက်အရွယ်အရ ၂၀၁၅ ခုနှစ်အထိသာ သမ္မတအဖြစ် တာဝန်ထမ်းဆောင် သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားမှုသည် တိုင်းပြည်၏ အခြေအနေ၊ ပြည်သူများ၏ ဆန္ဒပေါ်တွင် မူတည်ပြီး အနာဂတ်ကို ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ အာရှအသင်းနှင့် စက်တင်ဘာလ ၂၇ ရက်နေ့က တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

မန်းတွင် နိုင်ငံရေးအကျဉ်းသားဟောင်းများ ကွန်ယက်ဖွဲ့စည်း

Photo: မန်းတွင် နိုင်ငံရေးအကျဉ်းသားဟောင်းများ ကွန်ယက်ဖွဲ့စည်း

မန္တလေး-စက်တင်ဘာ၂၉

နိုင်ငံရေးအကျဉ်းသားဟောင်းများတွေ့ဆုံပွဲနှင့်ကွန်ယက်ဖွဲ့စည်းပွဲကို စက်တင်ဘာ၂၉ရက်နေ့နေ့လည်က မန္တလေးရှိ ကံတက်ကုန်းမစိုးရိမ်ကျောင်းတိုက်တွင် ပြုလုပ်ခဲ့သည်။
အဆိုပါပွဲတွင်တိုင်းနှင့်ပြည်နယ်၃ခု၊မြို့နယ်၁၅ခုမှနိုင်ငံရေးအကျဉ်းသားတစ်ရာကျော်တက်ရောက်ကြသည်။
ပွဲအပြီးတွင်နိုင်ငံရေးအကျဉ်သားဟောင်းတစ်ဦးမှထောင်အတွင်းနေထိုင်မှူ ပါဖောမန့်ပြသခဲ့သည်။  စိုင်းလမင်း
နိုင်ငံရေး အကျဉ်းသားဟောင်းများတွေ့ ဆုံပွဲနှင့်ကွန်ယက်ဖွဲ့ စည်းပွဲကို စက်တင် ဘာ၂၉ရက်နေ့နေ့လည်က မန္တလေးရှိ ကံတက်ကုန်း မစိုးရိမ်ကျောင်းတိုက်တွင် ပြုလုပ်ခဲ့သည်။ အဆိုပါပွဲတွင်တိုင်းနှင့်ပြည်နယ် ၃ခု၊မြို့နယ်၁၅ခုမှနိုင်ငံရေး အကျဉ်းသား တစ်ရာကျော် တက်ရောက်ကြသည်။
ပွဲအပြီးတွင်နိုင်ငံရေးအကျဉ်သားဟောင်းတစ်ဦးမှထောင်အတွင်းနေထိုင်မှူ ပါဖောမန့်ပြသခဲ့သည်။
 
 
From- Popular Myanmar News Journal

ဖားအံမြို့ KNLA တပ်မဟာများ ဆက်ဆံရေးရုံးဖွင့်ပွဲသို့ လူပရိဿတ် ၂၀၀နီးပါး တက်ရောက်

ကရင်ပြည်နယ်၊ ဖားအံမြို့ အမှတ်(၄)ရပ်ကွက်ရှိ ကန်သာဦးခမ်းမအနီးရှိ အဆောက်အဦတစ်ခုတွင် KNLA တပ်မဟာများ ဆက် ဆံရေးရုံးဖွင့် ပွဲ အခမ်း အ နားကို ယနေ့မနက် ၉နာရီက စတင် ကျင်းပခဲ့ရာ လူပရိဿတ် ၂၀၀နီးပါး တက်ရောက်ခဲ့သည်ဟု သိရ သည်။

သွားရည်ကျစရာ မြန်မာ့ဖုန်းဈေးကွက်

မိုဘိုင်းဖုန်း အသုံးပြုနေသော အမျိုးသားတဦးနှင့် 
အများသုံးဖုန်း အသုံးပြုနေသော အမျိုးသမီးတဦး
တို့ကို ၂၀၁၂ မတ်လ အတွင်းက ရန်ကုန်မြို့တွင် မြင်ရစဉ်
Blackbery ဖုန်း၊ iPhone ဖုန်း အမျိုးအစားများကို မြန်မာနိုင်ငံတွင် တွင်တွင် ကျယ်ကျယ် အသုံးပြုခြင်းမရှိ။ အကြောင်းရင်းကို ကြည့်ပါ က မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုနေသည့် ကွန်ရက်သည် မကြာခဏ လိုင်းပူးနေတတ်ခြင်း၊ ဖုန်းနှင့်အင်တာနက် ဝန်ဆောင်မှုပေးသည့် Data service အလွန်ရှားပါးခြင်း၊ ဈေးအလွန်ကြီးမားခြင်း၊ လိုင်း ကြည်လင်ပြတ်သားမှု မရှိခြင်း စသည်တို့အပြင် ဖုန်းတော်တော် များများသည် ကွန်ရက်တခုနှင့် တခုအကြား လိုင်းချိတ်ဆက် အသုံးပြုမ ရခြင်း စသည်တို့ကြောင့် ဖြစ်သည်။

မြောက်ကိုရီယားနဲ့ မြန်မာ ဆက်ဆံရေးအဆုံးသတ်ရန် ကန် အားထုတ်မှု ကန့်ကွက်ခံရ

ကွန်မြူနစ် မြောက်ကိုရီယားနိုင်ငံက အရှေ့တောင် အာရှ နိုင်ငံ တနိုင်ငံဖြစ် တဲ့ မြန်မာနဲ့ ဆက်ဆံရေးကို အဆုံးသတ်ရေး အမေရိကန် က မြန်မာ ကို တောင်းဆိုမှုကို ယမန်နေ့ သောကြာနေ့က ကန့်ကွက်လိုက်ပါတယ်။ 

ချူလာလောင်ကွန်တက္ကသိုလ်မှာ မြန်မာ့အရေး ဘာတွေ ဆွေးနွေး

မြန်မာနိုင်ငံမှာ သမ္မတ ဦးသိန်းစိန် တက်လာပြီး နောက်ပိုင်း ပြုပြင်ပြောင်း လဲရေး လုပ်ငန်းစဉ်များ အကောင် အထည်ဖော် ဆောင်ရွက်လာ ချိန်မှာ မြန်မာ့ အရေးဟာ အိမ်နီးချင်းနိုင်ငံများ အတွက်ရော၊ နိုင်ငံတကာ အတွက်ပါ စိတ်ဝင်စားစရာဖြစ်နေ တဲ့အတွက် မကြာခဏ မြန်မာ့ အရေး ဆွေးနွေး ပွဲတွေ လုပ်လာတာ ခပ်စိပ်စိပ် ဖြစ်နေပါတယ်။ 

RFA -က စစ်တွေ သတင်းလွှင့်ရာမှာ ရပ်ကွက်နာမည်ကို ပဋိပက္ခဖြစ်အောင် ဖန်တီးနေခြင်း

စစ်တွေ သတင်းဖေါ်ပြရာမှာ အတည်ပြုချက် မရှိတာကို သတင်းထောက် အား ချက်ချင်းဖြုတ်ခိုင်းလိုက်ကြတော့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ရွှေပြည် သာ ရပ်ကွက်က ရေခဲချောင်းရောင်းတဲ့ ကလေးတစ်ဦးဟာ ဒီကနေ့နံနက် ၁၁ နာရီခန့်က ရိုဟင်ဂျာရပ်ကွက်တစ်ခုဖြစ်တဲ့ အင်ပါလာ (အောင်မင်္ဂလာ)ရပ်ကွက်ကို ဈေးသွားရောင်း ရာက ပြန်ထွက်မလာ တာကြောင့် အသတ်ခံရတယ်ဆိုတဲ့ ကောလာဟ လ ဖြစ်ပေါ်ခဲ့ပြီး နေ့လည် ပိုင်းမှာ သံဃာတော်နဲ့ပြည်သူတစ်ထောင်ခန့် စုဝေးပြီး အခုလို -RFA- က

ထွန်းအိန္ဒြာဗိုနှင့် တွေ့ဆုံခြင်း

ထွန်းအိန္ဒြာဗိုနှင့် တွေ့ဆုံခြင်း
တစ်ကိုယ်တော်ဖျော်ဖြေပွဲများစွာ ပြုလုပ်ခဲ့ပြီး လုပ်ခဲ့သမျှ တစ်ကိုယ်တော်ပွဲ တိုင်းလည်း ရုံပြည့်ရုံလျှံ အားပေးခြင်းခံရသူ အဆိုတော်သရုပ်ဆောင် ထွန်းအိန္ဒြာဗိုဟာ ရန်ကုန်မှာ လေးကြိမ်မြောက် တစ်ကိုယ်တော်ဖျော်ဖြေပွဲ ကို နိုဝင်ဘာ ၂၈ ရက် အမျိုးသားဇာတ်ရုံမှာ ကျင်းပတော့မှာဖြစ်ပါတယ်။ ထွန်းအိန္ဒြာဗိုဟာ တစ်ကိုယ်တော်စီးရီး ၁၁ ခွေနဲ့ အတွဲခွေစီးရီးများစွာ သီဆိုထားပြီး ရန်ကုန်မှာ တစ်ကိုယ်တော်ဖျော်ဖြေပွဲ သုံးကြိမ်နဲ့ မန္တလေးမှာ တစ်ကြိမ်၊ အမေရိကန်ပြည်ထောင်စုမှာ ခုနစ်ကြိမ် ပြု လုပ်ခဲ့ပြီးဖြစ်ပါတယ်။ အကျိုးအမြတ်အားလုံးကို ပြန်လှူဖို့ ရည်ရွယ်ထားတဲ့ သူမရဲ့တစ် ကိုယ်တော်ေ ဖျာ်ဖြေပွဲအကြောင်းနဲ့ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးမှုပိုင်းမှာ ပြောင်းလဲသွားတဲ့ သူမရဲ့သဘောထားများကို တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။

မာစီးဒီးစ်အသင်းသို့ ပြောင်းရွှေ့ရန် လူးဝစ်ဟယ်လ်မီတန် ဆုံးဖြတ်

လူးဝစ်ဟယ်လ်မီတန်သည် ယခုအခါ ဖော်မြူလာဝမ်း ပြိုင်ပွဲဝင် မာစီဒီးစ် အသင်းသို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်လိုက်ပြီဟု သိရှိရသည်။ မက္ကလာရင် အသင်းက ဗြိတိန်သား ဟယ်လ်မီတန် အနေဖြင့် မွေးရပ်မြေတွင် ဆက်လက်ရှိနေရန် မျှော်လင့်ခဲ့သော်လည်း ရည်မှန်းချက် ကြီးမားသည့် ဂျာမန်အခြေစိုက် မာစီဒီးစ်က မိုက်ကယ် ရှူမေကာ နေရာတွင် ရေရှည် ဆက်ခံရန် ဟယ်လ်မီတန်အား ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

သမီးဖြစ်သူ ကို ဆွဲဆောင်နိုင် သူအား ဒေါ်လာ ၆၅ သန်း ဆုချီးမြှင့် မည်ဟု ဟောင်ကောင် သူဌေးကြီးကြေညာ

ဟောင်ကောင်မှ လုပ်ငန်းရှင် သူဌေးကြီး တစ်ဦးသည် ၎င်း၏ လိင်တူ စိတ်ဝင်စား သည့် သမီးဖြစ်သူအား ကျလောက်အောင် ဆွဲဆောင်နိုင် သည့် သတို့သားလောင်းကို ဒေါ်လာ (၆၅)သန်း ဆုချီးမြှင့်မည်ဟု အတည်ပြု ကြေညာခဲ့သည်။ တစ်ကမ္ဘာလုံးမှ အမျိုးသားတိုင်း အခွင့်အရေးရှိမည့် ယင်းအစီအစဉ်အတွက် လျှောက်ထားသူများကို လက်ခံသွားမည်ဟု စီဆီလ်ချာအိုက ဆိုသည်။ လက်ရှိတွင်

ထိုင်းအာဏာပိုင်များနှင့် အလုပ်သမားအဖွဲ့အစည်းများ မြန်မာရွှေ့ပြောင်း အလုပ်သမားများအရေး ဆွေးနွေး




Migrant meeting 1ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းအလုပ်သမားများအရေးနှင့် ပက်သက်၍ ထိုင်းနိုင် ငံ တာ့ခ်ခရိုင်မှ တာဝန်ရှိသူများနှင့် မြန်မာရွှေပြောင်း အလုပ်သမား အဖွဲ့အစည်းများ အကြားဆွေးနွေးပွဲတစ်ရပ်ကို ယနေ့နံနက် ၉ နာရီ အချိန် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲသို့ တာ့ခ်ခရိုင် ဒု-၀န်၊ တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာန၊ တာ့ခရိုင် မဲဆောက်မြို့နယ်ရဲတပ်ဖွဲ့၊ တာ့ခ်ခရိုင် စက်မှုလုပ်ငန်းရှင်ကြီးများ အသင်းနှင့် တိုင်းရင်းသားများလူ့အခွင့်အရေးဆိုင်ရာ ဆပ်ကော် မတီ၊ ရှေ့နေများေ ကာင်စီ တို့က တက်ရောက်ပြီး၊ ထိုင်းနိုင်ငံ အခြေစိုက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးဆောင်ရွက်နေသော YCOWA၊ ALC၊ BLC ၊ BP၊ DPNSနှင့် တခြားအဖွဲ့များ၊ လူ့အခွင့်အရေးဆောင်ရွက်နေသော AHRDOနှင့် လူကုန်ကူးမှုတိုက် ဖျက်ရေး အဖွဲ့များ တက်ရောက်ကြသည်။

ထားဝယ်စီမံကိန်း အရှိန်မြှင့်ရန် မြန်မာ-ထိုင်း ပူးတွဲကော်မတီ ဖွဲ့မည်

Thein-Sein-and-Yingluck-Shinawatra-at-New-York
မြန်မာသမ္မတ ဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် ယင်လပ် 
ရှင်နာဝပ်ထရာ တို့ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့သို့
 ရောက်ရှိနေစဉ် ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းကိစ္စကို 
၂ဝ၁၂ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့က ဆွေးနွေးခဲ့ကြသည်။

မဇ္ဈိမ သတင်းဌာန ။        ။ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့သို့ ရောက်ရှိနေကြသော ထိုင်းဝန်ကြီးချုပ် ယင်လပ် ရှင်နာဝပ်ထရာ နှင့် မြန်မာ သမ္မတ ဦးသိန်းစိန်တို့သည် ထားဝယ်ရေနက် စီမံကိန်းကို အရှိန်အဟုန် မြှင့်တင်ရန် အတွက် အဆင့်မြင့် ညှိနှိုင်းဆောင်ရွက်ရေး ကော်မတီတရပ်ကို ထိုင်းနှင့်မြန်မာ ပူးတွဲဖွဲ့စည်းရန် ကြာသပတေးနေ့က သဘော တူညီခဲ့ကြသည်။

ဘဏ္ဍာရေး အခက်အခဲများ ကြုံတွေ့နေရသည့် စီမံကိန်း ရှေ့ဆက်နိုင်ရေးအတွက် နှစ်နိုင်ငံ ထိပ်တန်း အစိုးရ အရာရှိများ ပါဝင်ကြသည့် ‘အဆင့် သုံးဆင့်’ ပါဝင်သော အုပ်စုများအား စုစည်း ချိတ်ဆက်၍ လုပ်ဆောင်ရန်
ဖြစ်သည်။

နွေရာသီ ရန်ကုန်မီးမပျက်ရန် ဂျပန်ကူမည်

ယခုနှစ်ကုန်မှစ ကြုံတွေ့ရတော့မည်မဟုတ်ကြောင်း လျှပ်စစ်ဝန်ကြီးဌာနမှ အရာရှိတစ်ဦးကပြောသည်။ "ဂျပန်ကမီးစက်၁၃လုံးပေးသွားမယ်လို့သဘောတူထားပြီးဖြစ်တယ်။မီးစက်တလုံးကိုလျှပ်စစ်ဗို့အား၄၀၀ထွက်ရှိ နိင်၍ပြည်တွင်းတွင် အသုံးပြုနေသော ထရန်စဖော်မာ တစ်လုံး၏လျှပ်စစ်ထွက်ရှိမှု ထက်၂ဆနီးပါးပို ထွက်မည်ဖြစ်ကြောင်း၊မီးစက်တလုံး၏တန်ဖိုးမှာ ကန်ဒေါ်လာ၁၀သန်းခန့်ရှိကြောင်း၊နွေရာသီ ရန်ကုန်မြို့လျှပ်စစ်မီး မပျက်စေရေး အတွက်ဂျပန်နိင်ငံမှကူညီမည်ဖြစ်၍အဆိုပါမီးစက်များကို ရန်ကုန်တိုင်းဒေသကြီး တစ်ခုထဲအတွက်အသုံးပြုသွားမည်ဖြစ်ကြောင်းလျှပ်စစ်ဝန်ကြီးဌာနမှဦးဆောင်ညွှန်ကြားရေးမှူးဦးမြင့်အောင် ကပြောသည်။မီးစက်များကို လှော်ကား၊သာကေတ၊အင်းစိန်၊ရွာမနှင့် အလုံစသည့် သဘာဝဓါတ်ငွေ့စက်ရုံများတွင် ထားရှိသွားမည်ဟုသိရသည်။ 

From- Popular Myanmar News Journal

သမီးဖြစ်သူကို ဆွဲဆောင်နိုင်သူအား ဒေါ်လာ ၆၅ သန်း ဆုချီးမြှင့်မည်ဟု ဟောင်ကောင်သူဌေးကြီးကြေညာ

ဟောင်ကောင်မှ လုပ်ငန်းရှင် သူဌေးကြီး တစ်ဦးသည် ၎င်း၏ လိင်တူ စိတ်ဝင်စားသည့် သမီးဖြစ်သူအား ကျလောက်အောင် ဆွဲဆောင်နိုင်သည့် သတို့သားလောင်းကို ဒေါ်လာ (၆၅)သန်း ဆုချီးမြှင့်မည်ဟု အတည်ပြု ကြေညာခဲ့သည်။ 

စစ်တွေတွင် လုံခြုံရေး တင်းကျပ်၊ သတင်းအမှားထုတ်ပြီး ဆူပူမူ ဖြစ်အောင်ဖန်တီးမူများ ရှိနေ

ယနေ့ စစ်တွေ၏ အခြေအနေမှာ တည်ငြိမ်နေသော်လည်း အင်ဘာလာ
 ကျေးရွာအနီး တ၀ိုက်တွင် လုံခြုံရေးကို အင်အားဖြည့် တိုးချဲ့ ချထားကြောင်း
သတင်းရရှိသည်။

“ ရေခဲချောင်းရောင်းတဲ့ ကောင်လေး သေဆုံးတယ်ဆိုတာက ဖြစ်နိုင်ခြေ မရှိ
 ဖြစ်နေပါတယ်။

ပိတောက်ပင် ရေနံမှော် လက်ယက်တွင်း မီးလောင်မှုဖြစ်ပြီး လေးဦး ဒဏ်ရာရ

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၊  ပိတောက်ပင်ကျေးရွာ၊ ပိတောက်ပင်
 ရေနံမှော် ရွှေရာသီကုမ္ပဏီ လက်ယက် တွင်းတိမ် လုပ်ကွက်တွင် စက်တင်ဘာ၂၅ ရက် ညနေ ၆ နာရီ ၁၀ မိနစ်က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ရာ ရေနံတွင်း လုပ်သား လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အာဆီယံ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ အရာရှိကြီင်္း များနှင့် ဆက်သွယ်ရေး ဥပဒေပြုသူများ ကောင်စီ အလွတ် သဘော အစည်း အဝေး အထိမ်းအမှတ် တံဆိပ်ခေါင်း ထုတ်မည်


ဆက်သွယ်ရေး၊ စာတိုတ်နှင့် ကြေးနန်း ၀န်ကြီးဌာနမှ ငွေ(၅၀၀) ကျပ်တန် အထူးထုတ် စာပို့ တံဆိပ်ခေါင်းသစ်နှစ်မျိုးအား အောက်တိုဘာ (၁)ရက်နေ့ တွင် စတင်၍ တိုင်းဒေသကြီး/ပြည်နယ်/ ခရိုင်/မြို့နယ် ဆက်သွယ်ရေး စခန်း (စာတိုတ်) များ၌ စတင် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
၎င်းတံဆိပ်ခေါင်းနှစ်ခုအား ယခုနှစ် အောက်တိုဘာလ တွင် ကျင်းပမည့် ဒုတိယအကြိမ် အာဆီယံ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ အရာရှိကြီးများနှင့် ဆက်သွယ်ရေး ဥပဒေပြုသူများ ကောင်စီတို့၏ အလွတ်သဘော အစည်းအဝေး အထိမ်းအမှတ် 2nd TELSOM-ATRC Leaders Retreat အဖြစ် ထုတ်ဝေခြင်းဖြစ်သည်။

From- Popular Myanmar News Journal

ကောလဟာလကြောင့် စစ်တွေ မငြိမ်သက်မှုဖြစ်

 

စစ်တွေမြို့မှာ လူမျိုးရေး ပဋိပက္ခတွေကြောင့်
 နေအိမ်  အတော်များများ မီးရှို့ဖျက်ဆီး ခံခဲ့ရပါတယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ကလေးငယ်တဦးပျောက်ဆုံးရာ ကနေ ကောလဟာလသတင်းတွေ ထွက်ပေါ်လာပြီး လူထုေ တွကြား စိုးရိမ်ပူပင်မှုတွေဖြစ်ပြီး မငြိမ်မသက်မှုတွေရှိနေပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီးစစ်တွေမြို့ရဲ့နောက်ဆုံးအခြေအနေကို ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က ဆက်ပြောပြပေးပါမယ်။

ကျောင်းသူ တစ်ဦးကို ကျောင်းထုတ်ရန် လုပ်ရာမှ ကျောက်ဖြူတွင် ကျောင်းအုပ်ဆရာမကြီးကို ကျောင်းသားများ ကန့်ကွက်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ ပညာရေး ကောလိပ်တွင် ကျောင်းသူ တစ်ဦးကို ကျောင်းအုပ် ဆရာမကြီးက ကျောင်းထုတ်ရန် စီစဉ်ရာမှ ယခုလ ၂၆ ရက်နေ့ ညနေက ဆူပူ ကန့်ကွက်မူ တစ်ခု ပေါ်ပေါက်ခဲ့သည်။

“ ဖြစ်တာက ကျောက်ဖြူမြို့ ပညာရေး ကောလိပ်မှာ ဖြစ်တာပါ။ ညနေ ၆ နာရီ ၃၀ မှာ ကျောင်းသား ကျောင်းသူ တွေစုပြီး အဲဒီ မခင်မီမီကျော် ဆိုတဲ့ ကျောင်းသူကို ကျောင်းမထုတ်ဖို့ တောင်းဆို ရာကနေ ဖြစ်တာပါ။ ဒါကို ကန့်ကွက်တဲ့ အခါ ဆန္ဒပြတဲ့ ပုံစံမျိုး ဖြစ်သွားပါတယ်” ဟု အမည်မဖေါ်လိုသူ ကျောင်းသား တစ်ဦးက ပြောသည်။

တောင်တရုတ်ပင်လယ် နှင့် မဟာဗျူဟာရေးရာ (အပိုင်း-၁)


(ပုံ-၁ : တောင်တရုတ်ပင်လယ် နယ်မြေပိုင်နက် အငြင်းပွားမှုပြ မြေပုံ) (Agency France Press)


နိဒါန်း အရှေ့တောင်အာရှမှာ နိုင်ငံအချင်းချင်း စစ်မက်ဖြစ်ပွားစေမယ့် ပဋိပက္ခဖြစ်နိုင်ချေအရှိဆုံး နေရာ တခုကို လက်ညှိုး ထိုးပြပါ ဆိုရင် မဟာဗျူဟာလေ့လာသူအများစုက တောင်တရုတ်ပင်လယ်ကို လက်ညှိုး ထိုးပြကြမှာဖြစ်ပါတယ်။ 

တက်စာကြိုက်တတ်သူတို့အတွက် သဘာဝဖြေဆေး



            သဘာဝဖြေဆေး ရှောက်ဘီလူး
 
   ထမင်းဟင်းချက်တတ်သူပီပီ ရောက်လေရာအရပ်ရှိ အသားငါးဈေးကိုတော့ ကျွန်မ သွားလေ့သွားထရှိပါတယ်။ မနှစ်က ငပုတောမြို့နယ်အပိုင် သင်ကမ်းကုန်းရွာလေးကို အလုပ် တာဝန်နဲ့ ရောက်သွားခဲ့ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ USDP နှင့် NLD ပြိုင်ဆိုင်ရမည့်ပွဲလို့ သမ္မတ ဦးသိန်းစိန်ပြောကြား

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲဟာ ကြံ့ ခိုင်ဖွံ့ဖြိုးရေးပါတီ (USDP)နဲ့ အမျိုးသား  ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီတို့  အကြိတ် အနယ် ပြိုင်ဆိုင်ကြရမယ့်  ရွေးကောက်ပွဲဖြစ်ကြောင်း သမ္မတကြီး ဦးသိန်းစိန်က အာအက်ဖ်အေကို စက်တင်ဘာလ ၂၈ ရက်က ပြော လိုက်ပါတယ်။

နေပြည်တော်ဆန္ဒထုတ်ဖော်ပွဲဦးဆောင်သူ(၂)ဦးအား ဒဂုံတရားရုံးတွင် စတင်စစ်ဆေး

အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ တွင်  နေပြည်တော်သို့သွားရောက် ရန်ဆန္ဒ ထုတ်ဖော်ရန် ဦးဆောင်သူနှစ်ဦးအား  မြို့နယ်(၆)မြို့နယ်မှ အမှုဖွင့်ထားမှုနှင့်ပတ်သက်၍ ဒဂုံမြို့နယ်တရားရုံးတွင် ယနေ့ စက်တင် ဘာလ(၂၈)ရက်နေ့တွင် ရုံးချိန်းစတင်စစ်ဆေးနေပြီဖြစ်သည်။

 ကိုဂျော်ဂွမ်းနှင့် မမေစံပယ်ဖြူ (ဖြူဖြူခေါန်ထွယ်) တို့အား တရားစွဲဆိုမှုကို ဒဂုံမြို့ နယ်ရဲစခန်းမှူး ဦးထွန်းထွန်းဝင်းမှ တရားလိုပြသက်သေအဖြစ် ထွက်ဆိုခဲ့သည်။

စစ်တွေရဲ့ ယနေ့ ဂယက် မောင်တောမြို့ထိ ရိုက်ခတ်

စစ်တွေမြို့တွင် အဓိဂရုဏ်း  ဖြစ်ပေါ်နေပြီ ဆိုသော ကောလဟလ သတင်းကြောင့်  မောင်တောမြို့ တည်ငြိမ်ရေး ပျက်ပြားသွား ခဲ့သည်ဟု သိရသည်။

“စစ်တွေမှာ ရခိုင်နဲ့ ဘင်္ဂလီတွေ ပြဿနာဖြစ်နေပြီ  သတင်း ကြားတာနဲ့ ဒီမှာလည်း ရခိုင် တွေ ဈေးဆိုင်တွေကိုသိမ်း ကိုယ့်အိမ်ကိုယ်ဝင်၊ ဘင်္ဂလီတွေ လည်းဆိုင်တွေ ပိတ်ပြီး ပြေးကြတော့ တစ်မြို့လုံးဆူသွားတယ်” ဟု မောင်တောမှ အိမ်ရှင်မ အမျိုးသမီး တစ်ဦးက ပြောသည်။

Friday, September 28, 2012

အတုအယောင် account များကို Facebook ကရှင်းထုတ်လိုက်ပြီ

အတုအယောင် account များကို ရှင်းထုတ်သည့် ဆောင်ရွက်ချက်အဖြစ် 
Facebook က account ထောင်ပေါင်များစွာကို ဖျက်လိုက်ပြီ ဖြစ်သည်။ 
 
ပြီးခဲ့သည့် နှစ်ရက်အတွင်း Facebook Page များတွင် Like လုပ်ထားသူ အရေအတွက် လျော့ကျသွားမှု ကြုံတွေ့ရခြင်းမှာ အဆိုပါ Like လုပ်ထားသည့် account များမှာ အတုအယောင်များ ဖြစ်နေခြင်းကြောင့်ဟု TechCrunch.comကဆိုသည်။

စစ်တွေမြို့ လက် ရှိအခြေအနေထိ တင်းမာနေဆဲဟုသိရ (ဓါက်ပုံ များ)

အခု စစ်တွေမြို့တွင် လက်ရှိ အခြေအနေ တင်းမာနေသည်ဟုဆိုသည်။ ။ လူများသည် အင်ပါလာရပ်ကွက်ကိုချီတတ်လျှက်ရှိပါသည်  ဟုရွှေမြန်မာ မီဒီယာဂရု သတင်းထောက်မှပြောသည်။ စစ်တပ်များက ယခုအခါ လုံးခြုံရေးတင်းကျပ် ထားကြောင်းသိရသည်။ 

အမေရိကန်ဘဏ် အင်တာနက်စာမျက်နှာတွေ အကြီးအကျယ် တိုက်ခိုက်ခံနေရ

အမေရိကန်ဘဏ်ကြီးများ ဖြစ်ကြတဲ့ Bank of America ၊ JPMorgan Chase ၊ Wells Fargo ၊  US Bank နဲ့ PNC Bank တွေရဲ့ အင်တာနက် စာမျက်နှာများဟာ စက်တင်ဘာ ၁၉ ရက်နေ့မှ  စတင်ကာ အကြီးအကျယ် တိုက်ခိုက်ခံနေရပါတယ်။

ထို တိုက်ခိုက်မှုများရဲ့ ပထမဆုံးပစ်မှတ်ဟာ Bank of America ဖြစ်ပြီး စက်တင်ဘာ  ၂၇ ရက်နေ့တွင် တိုက်ခိုက်ခံရတဲ့ ဘဏ်ကတော့ PNC Bank ပဲ ဖြစ်ပါတယ်။

နာမည်ပျက်စေရန် ရည်ရွယ်၍ တရားစွဲသူကို ယင်းပုဒ်မအတိုင်း ဖိုးသောကြာက တရားပြန်စွဲ

အ.ထ.က(၆)ဗိုလ်တထောင်မှအလယ်တန်း ပြဆရာမ ဒေါ်အေးအေးညွန့်က ဆဲဆို၊ မတရား ခြိမ်းခြောက် မှုဖြင့် သင်္ဃန်းကျွန်း ရဲစခန်း၌ မိမိကို တရားစွဲဆိုထား မှုနှင့် ပတ်သက် ၍ သရုပ်ဆောင် ဖိုးသောကြာ က မြန်မာအင်ဒီပဲန်ဒင့် သို့ ရှင်းလင်း  ပြောကြားခဲ့သည်။

ပေါက်တောမြို့နယ်ပိန္နဲချောင်းတံတား ချို့ ယွင်းပျက်စီး၍ ကျောင်းသူ ကျောင်းသားများ အန္တရာယ်ကြားက ကျောင်းတက်နေကြရ

ရခိုင်ပြည် ပေါက်တောမြို့နယ် ပိန္နဲချောင်း  ကျောက်တန်းရွာနှု င့် ကျောက်တောင်ရွာကြား  တံတားမှာ သွားလာလို့ မရလော က်အောင်ပြိုပျက် စီးနေသည်"ဟုရွှေမြန်မာမီဒီယာဂရုမှ သတင်းရရှိသည်။


 ကျောင်သူကျောင်းသားများနဲ့ လက် လုပ် လက် ကိုင် စားသောက်နေကြသော ပေါက်တောမြို့နယ်ကျေးရွာပေါင်း ၅၀ လောက်က အဆိုပါ တံတားကြောင့်သွား ရေးလာရေးခက်ခဲ့နေကြ သည်ဟုသိရသည်။

ကျုံပျော်မြို့နယ် ရှားခဲရွာနေ ဒေသခံတစ်ဦးအား ၀ိုင်းဝန်းရိုက်နှက်မှုကြောင့် လမ်းပေါ်ထွက် ဆန္ဒပြမှုဖြစ်ပွားခဲ့ကာ ရဲတပ်ဖွဲ့ဝင်များမှ ပစ်ခတ်တားမြစ်ခဲ့သဖြင့် နှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ

စက်တင်ဘာလ ၂၇ ရက်နေ့ ည ၇ နာရီ ၂၀ မိနစ်ခန့်က ရှားခဲရွာ ဆားကင်
ချောင်လမ်းနေ ကိုတလုပ်သည် ရှာခဲကြီး၊  ရှားခဲလေးအင်းအနီး မိသားစုဝင်
များဆီအသွား ၀ိုင်းဝိုင်းလည်ဝါးကုန်ထုတ်သမအသင်းဘက်မှ လူ ၂၀ ခန့်သည်  ၀ိုင်းဝန်းရိုက်နှက်ကာ ဓားဖြင့်ထိုးရာ ဒဏ်ရာရရှိခဲ့ပြီး မိသားစုဝင်များမှ ဟင်္သာ တဆေးရုံသို့ တင်ပို့ရန်အသွားတွင် နိဗ္ဗာန်ကျေးရွာအနီးတွင် သေဆုံး သွားကြောင်း သိရသည်။

မြန်မာနယ်စပ် အနီး ဘင်္ဂလာက ရခိုင်ရွာသားများ အရက်သောက်ရာမှ အဆိပ်မိ

မြန်မာနယ်စပ် အနီး ဘင်္ဂလာဒေခ်ျ့ ဘက်ခြမ်း မှ ရခိုင် ကျေးရွာသားများ အရက်သောက်ရာ မှ အဆိပ်မိသဖြင့် ယခုအခါ သတိလစ်မေ့ မျောနေကြ သည် ဟု သတင်း ရရှိသည်။

အရက် (၅) ပုလင်းကို ရခိုင်ကျေးရွာ ရဲစူး အနီး တည်ရှိသော ဒိုင်းနက် ကျေးရွာတစ်ခုမှ ၀ယ်ယူသောက်သုံးရာမှလူ၁၅ဦးခန့်မူးေ ၀ အော့အန်ကာသတိလစ်  မေ့မျော့သွားခဲ့ကြသည်ဟု ကျေးရွာသား တစ်ဦးက  နိရဉ္စရာသို့ သတင်းပေး  ပြောကြားသည်။

ရုပ်တုဖြစ်သွားတဲ့ ဇီဒန်းရဲ့ ကမ္ဘာကျော် ခေါင်းတိုက်ခြင်း

  ဇီဒန်းနဲ့ မာတာရာဇီ၊ ကမ္ဘာကျော် ခေါင်းတိုက်ခြင်း ပုံစံတူ ရုပ်တု

၂၀၀၆ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ နောက်ဆုံး ဗိုလ်လုပွဲမှာ ပြင်သစ် ဘောလုံးသမား ဇီဒန်းက ပြိုင်ဘက် အီတလီ ကစားသမား မာတာရာဇီ (Marco Materazzi) ရဲ့ရင်ဘတ်ကို ခေါင်းနဲ့ ဝှေ့တိုက်လိုက်လို့ အနီ ကတ်ထိပြီး ထွက်သွားရတာ မှတ်မိ ကြမယ် ထင်ပါတယ်။

မြန်မာနိုင်ငံက အမေရိကန် ဒေါ်လာ ၁ ဘီလျံ ရဖို့ ရှိ

လာမယ့် အောက်တိုဘာလ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပမယ့် ကြွေးမြီရှင် များအစည်းအဝေး လုပ်တဲ့ အခါ ချေးငွေပေး မယ့် နိုင်ငံတွေက မြန်မာကို အမေရိကန် ဒေါ်လာ ၁ ဘီလျံ ချေးဖို့ ရှိတယ်လို့ AFP သတင်း တပုဒ်က ဆိုပါတယ်။ 

မာန်အောင်မြို့ကလာတဲ့စာ (ပေးစာ)

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် အုပ်ချုပ်ရေးမှူးသည် မြို့နယ် အားကစားရံပုံငွေကို အကြောင်းပြ၍ ၀န်ထန်းများ ထံမှ ငွေကောက် ခံနေကြောင်းကို တင်ပြထားသည့် စာတစ်စောင် နိရဉ္စရာသို့ ရောက်ရှိ လာပါသည်။ စာပါ အကြောင်းအရာမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။

စစ်တွေတွင် အကျင့်ပျက် ဆက်သွယ်ရေးဝန်ထမ်းများ အင်တာနက်လျှောက်ခ ပိုတောင်းယူနေ

စစ်တွေမှာ အင်တာနက်လိုင်းလျှောက်ရင်  ငွေ ၁၂၀၀၀ ကျပ်ပေးရပြီး တစ်ချို့
ကို ၁၃၀၀၀ ကျပ်တောင်ယူတယ် လို့သိရပါတယ်။ တကယ်တော့  နိုင်ငံတော်က သတ်မှတ်ထားတာကတော့ ၁၀၀၀၀ ကျပ်ဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ အကျင့်ပျက်ခြစားတဲ့ ၀န်ထမ်းတွေက နောက်နေ့ကျ ရင် လိုင်းပွင့်အောင်လုပ်ပေးမယ်ဆိုပြီး တောင်းယူထားတာပါ။ တစ်ချို့ ကတော့ ဘာမှ မသိဘူး ပေးရမယ်ဆိုတာနဲ့ပေးလိုက်ရတာရှိပါတယ်။

ဘင်္ဂလားဒေ့ရှ်မှ တင်ပို့ခွင့်ပိတ်ပင်ထားသည့် ဆားတန်ချိန်တစ်သောင်း ပြန်လည်ဝယ်ယူမှုကြောင့် ရခိုင်တွင် ဆားဈေးမြင့်တက်

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ယခင် တင်ပို့ခွင့်ပိတ် ပင်ထား သည့် နေလှန်း ဆားတန်ချိန်တစ်  သောင်း ပြန်လည်ဝယ် ယူမှုကြောင့် ရခိုင်  ဒေသတွင် ဆားအကြမ်း ဈေးတက် သွားကြောင်း ဒေသခံကုန်သည်များက  ပြောကြားသည်။

ကျောက်တော်မြို့မှ ဆားလုပ်ငန်းရှင်ဦးအောင်လှကျော်က ''ပြီးခဲ့ တဲ့ အပတ်က ဆားအကြမ်း ကွင်းဈေး တစ်ပိဿာ၂၅ ကျပ်ပဲရှိတာ အခုဆို ၃၅ ကျပ်အထိ ဈေးတက် လာတယ်''ဟု ပြောကြားသည်။

ကိုင်းတန်းဈေးအရေး ဆောင်ရွက်သူများ လွတ်မြောက်ရေး စုပေါင်း လက်မှတ်ရေးထိုး

မန္တလေးမြို့ ကိုင်းတန်းကုန်စိမ်းဈေး မပြောင်းရွှေ့ရေးအတွက် ကြိုးပမ်းရာမှာ
 ဦးဆောင်ပါဝင်ခဲ့သူတွေ လွတ်မြောက်ရေး အတွက် ၀တ်ပြုဆုတောင်းပွဲနဲ့ စုပေါင်းလက်မှတ်ရေးထိုးပွဲကို မဟာသကျသီဟဘုရားမှာ ဒီကနေ့ မနက် (၈) နာရီက ပြုလုပ်ရာမှာ ချမ်းအေးသာစံမြို့နယ် ရဲတပ်ဖွဲ့မှူးနဲ့ ရဲတပ်ဖွဲ့ ၀င်တွေက ဘုရားလေးဖက်လေးတန်မှာ လုံခြုံရေးယူထားပြီး တားဆီးမှုတွေ
လုပ်ခဲ့တယ်လို့ သိရပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့ ကုလအထွေထွေညီလာခံ မိန့်ခွန်း ပြုပြင်ပြောင်းလဲရေး အလေးပေးပြော

ဆယ်စုနှစ်တွေအတွင်း ပထမဆုံး အကြိမ်အဖြစ် သမ္မတဦးသိန်းစိန်ဟာ  မြန်မာအစိုးရအကြီးအကဲတဦး အနေနဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ
အခု မကြာခင်အချိန်အတွင်းမှာ မိန့်ခွန်း စကား ပြောခဲ့ပါတယ်။

ဒီမိန့်ခွန်းထဲမှာ ဘယ်အချက်တွေ ဘယ်အကြောင်းအရာတွေကို အဓိကထား ပြောသွားသလဲ စောင့်ကြည့် သတင်းယူနေတဲ့ ကိုသားညွန့်ဦးက  ပြောပြပေးထားပါတယ်။

ထိုင်းမူဆလင်တွေ အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြ

အမေရိကန်ပြည်ထောင်စု အတွင်းမှာ  ရိုက်ကူးထုတ်လုပ်ပြီး တမန်တော်
မိုဟာမက်အပေါ် အရိုသေတန်စေတဲ့ ဗွီဒီယို ရုပ်ရှင်ကားအပေါ် ဆန့်ကျင်
တဲ့အနေနဲ့ ထိုင်းနိုင်ငံက အစ္စလာမ်ဘာသာဝင်တွေဟာ ဘန်ကောက်မြို့ က အမေရိကန် သံရုံးရှေ့မှာ ကြာသာပတေးနေ့က ဆန္ဒပြနေကြပါတယ်။

မြန်မာကို ချေးငွေ ထုတ်ပေးရန် နိုင်ငံတကာအဖွဲ့အစည်းများ ပြင်ဆင်နေပြီ

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူး ပြောင်းရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ကို အထောက်အကူ ဖြစ်စေဖို့အတွက်  မြန်မာအစိုးရကို ချေးငွေအသစ် အမေရိကန်ဒေါ်လာ သန်းတစ်ထောင် ထုတ်ပေးဖို့  နိုင်ငံတကာ အဖွဲ့အစည်းတွေက ပြင်ဆင်နေပြီလို့ သိရပါတယ်။

Thursday, September 27, 2012

ပို့ကုန် ပြန်သွင်းခွင့်ဖြင့် ဦးသိန်းစိန်ကို အမေရိကန် ဂုဏ်ပြု

၂၀၁၁ ဒီဇင်ဘာလက နေပြည်တော်ရှိ သမ္မတ
အိမ်တော်တွင် သမ္မတ ဦးသိန်းစိန်နှင့် မစ္စ 
ဟီလာရီ ကလင်တန်တို့ တွေ့ဆုံစဉ်
ဒီနေ့ နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်း ပြောဖို့ရှိတဲ့ သမ္မတ ဦးသိန်းစိန်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဗုဒ္ဓဟူးနေ့ကတွေ့ဆုံပြီး မြန်မာ့ပို့ကုန်တွေ  ပိတ်ပင် ထားတာ ပြန်ဖွင့်ပေးမယ်လို့ ပြောကာ မြန်မာအစိုး ရရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို အသိအမှတ်ပြု ချီးကျူးလိုက်ပါတယ်။
မနေ့က နှစ်နိုင်ငံအစိုးရ ကိုယ်စားလှယ်တွေ တရားဝင် တွေ့ဆုံဆွေးနွေးပွဲမှာ ဟီလာရီက မြန်မာကုန်ပစ္စည်းတွေ အမေရိကန်ဈေးကွက်ကို တင်ပို့ရောင်း ချစေနိုင်မယ့် အခွင့်အလမ်းတွေ ရရှိလာမယ်လို့ ပြောပြီး နောက်ထပ်ခြေ လှမ်းတွေ ဆက်လက်လှမ်းနိုင်ဖို့ ကွန်ဂရက်နဲ့ ဆက်လက် တိုင်ပင်ညှိနှိုင်း မှုတွေ လုပ်သွားမယ်လို့ ဦးသိန်းစိန်ကို ကတိပေးပါတယ်။

ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော၏ စာအုပ် ပြန်လည် ထုတ်ဝေ

 မြန်မာနိုင်ငံတွင်း၌ နှစ်ပေါင်းများစွာ ပိတ်ပင်ထားသည့် ရဲဘော် သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော၏ စာအုပ်များ ပြန်လည် ၍ စတင် ထုတ်ဝေခွင့်ရပြီ ဖြစ်သည်။
ရဲဘော် သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်
 ကျော်ဇော (ဓာတ်ပုံ-ဗမာပြည် 
ကွန်မြူနစ် ပါတီက ထုတ်ဝေသည့် 
အရေးတော်ပုံ ဂျာနယ် မှ)
ပထမဆုံး ထုတ်ဝေလိုက်သည့် စာအုပ်သည် “အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲများ” ဖြစ်ပြီး နေရီရီ စာအုပ်တိုက်မှ ဖြန့်ချိ ခြင်းဖြစ်ကြောင်း ယနေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည်။
နိုင်ငံရေးစာပေ အမျိုးအစား ဖြစ်သော်လည်း စာပေစိစစ်ရေးအဖွဲ့ မဖျက်သိမ်းမီ ထုတ်ဝေခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း၊ ဗိုလ်မှူးချုပ် ဟောင်း ကျော်ဇောသည် နယ်ချဲ့ ဆန်ကျင်ရေးနှင့် တရုတ်ဖြူ ကျူးကျော်မှုကို ဦးဆောင်ကာကွယ်ခဲ့ သူတဦး ဖြစ်ကြောင်းကို နောင် လာ နောက်သားများ သိစေရန် ရည်ရွယ်ချက်ဖြင့် ထုတ်လုပ်ခြင်းဖြစ်ကြောင်း နေရီရီ စာအုပ်တိုက် ပိုင်ရှင် ဒေါ်နီနီနိုင် က ဆိုသည်။
“ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တဲ့စာအုပ်တွေလည်း ခွင့်ပြုချက်နဲ့ ထုတ်နေ တာပဲလေ၊ ဗိုလ်မှူးချုပ်ကျော်ဇောကို ကြည်ညို တာကြောင့် ထုတ်ဝေတာပါ”ဟု ၎င်းက ဆိုသည်။

မြောက်ဥက္ကလာပတွင် အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံး

မြောက်ဥက္ကလာပ မြို့နယ် ၂ ရက်ကွက် သုဇိတာ လမ်းမရှိ တံတား တစ်ခုပေါ်တွင် ကြမ်းပြင်နှင့် ခြေထောက်ထိလျက် အမျိုးသား တစ်ဦး ကြိုးဆွဲချသည့် သဏ္ဍန်ဖြင့် စက်တင်ဘာလ ၂၆ ရက်နေ့ ညပိုင်းက သေဆုံးသွားကြောင်း မျက်မြင်  တွေ့ရှိသူများထံမှ စုံစမ်း သိရှိရသည်။

ရခိုင်ရိုးပေါ်မှ ကျေးရွာများ ကျန်းမာရေး စောင့်ရှောက်မူမဲ့နေ

ရခိုင်ပြည်နယ်ဘက် အခြမ်း ရခိုင်ရိုးမပေါ်ရှိ  ကျေးရွာသူ ရွာသားများမှာ ကျန်းမာရေး  စောင့်ရှောက်မူ မဲ့နေသဖြင့် ကျန်းမာရေး ချို့ယွင်းမူနှင့် ကြုံတွေ့ရပါက အထူးဒုက္ခရောက်နေကြသည်ဟု ရိုးပေါ်နေ  ဒေသခံ တစ်ဦးက ပြောသည်။ယခု ကျန်းမာရေး စောင့်ရှောက်မူမဲ့နေသော နေရာမှာ
 တောင်ကုတ်ရိုးလမ်းပေါ်တွင် တည်ရှိသော ရခိုင်ပြည်နယ်ဘက်ခြမ်းမှ  ကျေးရွာများ ဖြစ်ကြသည်။

ဗန်းမော်၊ စင်းခန်းရဲကင်း တပ်ဖွဲ့ ဝင်များက လူငယ်၂ ဦးကို ဝိုင်းရိုက်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ စင်းခန်း ရဲကင်းက ရဲတပ်ဖွဲ့ ဝင် ၆ ဦးဟာ စက်တင်ဘာ ၂၃ ရက်ညပိုင်းမှာ လူငယ် ၂ ဦးကို ဝိုင်းဝန်းရိုက် နှက်ခဲ့ကြတယ်လို့  အရိုက်ခံရတဲ့ လူငယ် တဦးက ပြောပါတယ်။

မောင်ထက်နိုင်စိုးနဲ့ သူငယ်ချင်း ၁ ဦးတို့ ဟာ အဲ့ဒီနေ့ညက ဗန်းမော်ကေန ရွှေကူကို သုံးဘီးယာဉ်နဲ့ အသွား စင်းခန်း ရဲကင်း အရောက်မှာ သူတို့ ဆီက ပိုက်ဆံတောင်းရာမှာ မရလို့  ဝိုင်းရိုက်ကြတာလို့ အရိုက်ခံရတဲ့ မောင်ထက်နိုင်စိုးက ပြောပြပါတယ်။