Saturday, September 29, 2012

မာစီးဒီးစ်အသင်းသို့ ပြောင်းရွှေ့ရန် လူးဝစ်ဟယ်လ်မီတန် ဆုံးဖြတ်

လူးဝစ်ဟယ်လ်မီတန်သည် ယခုအခါ ဖော်မြူလာဝမ်း ပြိုင်ပွဲဝင် မာစီဒီးစ် အသင်းသို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်လိုက်ပြီဟု သိရှိရသည်။ မက္ကလာရင် အသင်းက ဗြိတိန်သား ဟယ်လ်မီတန် အနေဖြင့် မွေးရပ်မြေတွင် ဆက်လက်ရှိနေရန် မျှော်လင့်ခဲ့သော်လည်း ရည်မှန်းချက် ကြီးမားသည့် ဂျာမန်အခြေစိုက် မာစီဒီးစ်က မိုက်ကယ် ရှူမေကာ နေရာတွင် ရေရှည် ဆက်ခံရန် ဟယ်လ်မီတန်အား ခေါ်ယူခဲ့ခြင်း ဖြစ်သည်။
ဟယ်လ်မီတန်သည် ယခုနှစ် ဖော်မြူလာဝမ်း ရာသီကုန်တွင် မက္ကလာရင်နှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ရာ မာစီဒီးစ်သို့ လွတ်လွတ်လပ်လပ် ကူးပြောင်းနိုင်မည် ဖြစ်သည်။ ရှူမေကာသည် ပြိုင်ကားလောကမှ ဒုတိယအကြိမ်မြောက် အနားယူမညာ့် သတင်းကို စတုဂတ်မြို့ရှိ မာစီဒီးစ် ကားအသင်း ဌာနချုပ်တွင် သောကြာနေ့က ကြေညာခဲ့သည်။ ဟယ်လ်မီတန်သည် မာစီဒီးစ်တွင် (၃)နှစ် စာချုပ်ဖွယ် ရှိနေရာ ဆုကြေးခံစားခွင့်များ အပါအဝင် ပေါင်စတာလင် သန်း(၆၀)ကျော်မျှ ရရှိနိုင်ကြောင်း သိရသည်။ ၎င်းသည် မက္ကလာရင်နှင့် (၁၄)နှစ်ကြာ လက်တွဲခဲ့ပြီး အသက်(၁၃)နှစ် အရွယ်ကတည်းက လူငယ်ပြိုင်ကားမောင်းသမားလေး တစ်ဦးအဖြစ် ပျိုးထောင် သင်ယူလာခြင်း ဖြစ်သည်။

မက္ကလာရင်ကို စွန့်ခွာခဲ့သည့် ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး ငွေကြေးကြောင့်ဟူသော ဝေဖန်မှုများ ထွက်ပေါ်လာသော်လည် မာစီဒီးစ်တွင် ၎င်းရရှိမည့် လုပ်ခမှာ တစ်နှစ် ပေါင်စတာလင် (၁၅)သန်းမျှဖြစ်ရာ မက္ကလာရင်တွင် ရရှိနေသည့် ပမာဏနှင့် ကွာခြားမှု မရှိလှချေ။ သို့သော်လည်း မာစီဒီးစ်က စပွန်ဆာ သီးခြား စာချုပ်များအတွက်မူ မက္ကလာရင်ထက် လွတ်လပ်စွာ ခွင့်ပြုချက် ပေးခဲ့ခြင်းမှာမူ ဟယ်လ်မီတန်အတွက် ဆွဲဆောင်မှုတစ်ခု ဖြစ်နိုင်ကြောင်း သတင်းများက သုံးသပ် ရေးသားသွားသည်။

From- DailyMail

No comments:

Post a Comment