Edit This Menu
Thursday, January 10, 2013
လွန်ခဲ့သောနှစ်ပေါင်း ၂၀၀ ကျော်က အသုံးပြုခဲ့သော ရှေးခေတ် ရခိုင်လှေကြီး ဘင်္ဂလာဒေခ်ျ့တွင် တူးဖေါ်
လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ ကျော်က အသုံးပြုခဲ့သော ရှေးခေတ်လှေကြီး တစ်စီးကို ဘင်္ဂလာဒေခ်ျ့ ရှေးဟောင်း သုတေသနနှင့် တစ်ခြား ပညာရှင်များက ပူးပေါင်းကာ တူးဖေါ်နေပြီ ဖြစ်သည်။တူးဖေါ်နေသော လှေ ကြီး ကို တွေ့ရစဉ်။ပြင်သစ် နိုင်ငံဖွား ဘင်္ဂလီ ရှေးဟောင်း သုတေသန ပညာရှင် တစ်ဦးလည်း ဖြစ် ရှေးဟောင်း သစ်သားလှေနှင့် ပတ်သက်ပြီး ကျွမ်းကျင်သူတစ်ဦးလည်းဖြစ်သူYvesMarreမှဦးဆောင်
ဖွန်းပျဉ်ဘွန် တောင်ကုန်းကို သိမ်းပိုက်ရေး အစိုးရတပ် ဆက်လက် ထိုးစစ်ဆင်
ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ဌာနချုပ် လိုင်ဇာမြို့အနီးရှိ
ဖွန်းပျဉ်ဘွန် တောင်ကုန်းအောက်တွင် လှုပ်ရှားနေသော ရှေ့တန်းစခန်း တခု ကို
အစိုးရတပ်က သိမ်းပိုက်ထားပြီ ဖြစ်ကြောင်း သတင်းရရှိ သည်။KIA တပ်ဖွဲ့ဝင်များ အခြေစိုက်ထားသည့် ဖွန်းပျဉ်ဘွန် တောင်ကုန်း ကို
သိမ်းပိုက်ရန်အတွက် အစိုးရစစ်တပ်က ယခုလ ၆ ရက်နေ့ ညနေပိုင်းမှ စတင်၍
ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း ဖြစ်သည်။
ကချင်ငြိမ်းချမ်းရေး ချီတက်ပွဲ မြစ်ကြီးနား ရဲမှူးကြီး ခွင့်မပြု
ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ကျရောက်သော ၆၅
ကြိမ်မြောက် ‘ကချင်ပြည်နယ်နေ့’တွင်ပြည်နယ် ငြိမ်းချမ်းရေးအတွက်
စီတန်းလမ်းေ လျှာက်ခွင့် ကို မြစ်ကြီးနားမြို့နယ် ရဲတပ်ဖွဲမှူးက
အခါကြီးရက်ကြီးဖြစ်၍ ခွင့်မပြုကြောင်း ချီတက်ပွဲ ဦးဆောင်သူ
အင်ဂျားယန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူ က ပြောသည်။
“ခွင့်တောင်းတာ ၁၀ ရက်နေ့ မရဘူး။ အဲဒီနောက်ပိုင်းမှ ပြန်တင်ပါတဲ့။ ကျမတို့
ဟောပြောပွဲ
ကချင်ပြည်နယ်က စစ်ပွဲတွေအပေါ် ဒေါ်အောင်ဆန်းစုကြည် ဘာပြောလဲ
" ဒီလိုမျိုး ဖြစ်တယ်ဆိုတာ
သဘောတူညီမှု မယူနိုင်လို့၊ တစ်ဦးနဲ့ တစ်ဦးနဲ့ ညှိနှိုင်းဆွေးနွေးမှု
မအောင်မြင် လို့ စစ်တိုက်ရတာပေါ့နော်၊ အဲ့တော့
မအောင်မြင်ခြင်းရဲ့အခြေခံအကြောင်းရာတွေကို စုံစမ်းရမယ်။ အကြောင်း
တရားတွေကို သိမှ ဒီဟာကို ဖြေရှင်းလို့ရမယ်။ ဘာဖြစ်လို့ မရသလဲ ဘာဖြစ်လို့
စစ်တိုက်တဲ့ အထိဖြစ်ရသလဲ။
ကချင်စစ်ရေး လွှတ်တော်တွင် အရေးကြီးအဆို တင်မည်
ကချင်ပြည်နယ်အတွင်း
ဖြစ်ပွားနေသော စစ်ပဋိပက္ခကို လွှတ်တော်တွင် အရေးကြီးအဆို တင်သွင်း သွားမည်
ဖြစ်ကြောင်း ကချင်ပြည်နယ်၊ အင်ဂျန်းယန် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဒေါ်ဒွဲဘူ က ပြောသည်။ “ကျွန်မတို့က ကချင်ပြည်နယ်မှာ
တိုက်ခိုက်နေတာ အမြန်ဆုံး ရပ်ဆိုင်းပေးဖို့ လွှတ်တော်မှာ အရေးကြီးအဆို
အနေနဲ့ တင်သွင်းမှာပါ” ဟု ၄င်းကဆိုသည်။ လက်ရှိတွင် အစိုးရတပ်မှ
နောက်ထပ်ထွက်ရှိမည့် မိုဘိုင်းဖုန်းများ၏ ဈေးနှုန်းကို ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အတွင်း မီဒီယာများသို့ အတည်ပြုပြောကြားမည်
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ နောက်ထပ်ထွက်ရှိမည့် မိုဘိုင်းဖုန်းများ ၏
ဈေးနှုန်းကို ဇန်န၀ါရီလ ၁၀ ရက်နေ့ သို့မဟုတ် ၁၂ ရက်နေ့အတွင်း မီဒီယာများကို
ခေါ်ယူတွေ့ဆုံပြီး မိုဘိုင်းဖုန်းများ၏ ဈေးနှုန်းနှင့် ရောင်းချ မည့်ရက်ကို အ
တိအကျ ပြောမည်ဖြစ်ကြောင်း မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးဌေးဝင်းက
ဇန်န၀ါရီလ ၈ ရက်နေ့က ပြောသည်။
နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ပေးအပ်ခြင်း
ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ နိုင်ငံတော်သမ္မတ၏
ပြောရေးဆိုခွင့်ရှိသူ အဖြစ် တာဝန်ပေးအပ်ခြင်း၊ အမိန့်ကြော်ငြာစာအမှတ်
(၆/၂၀၁၃) ကို ၁၃၇၄ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက် (၂၀၁၃ ခုနှစ်၊
ဇန်နဝါရီလ ၈ ရက်) နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ ကြေညာ ချက်တွင်
ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၂၄၊ ပုဒ်မခွဲ(က) ပါ ပြဌာန်းချက်အရ
''နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ''
Subscribe to:
Posts (Atom)