လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ ကျော်က အသုံးပြုခဲ့သော ရှေးခေတ်လှေကြီး တစ်စီးကို ဘင်္ဂလာဒေခ်ျ့ ရှေးဟောင်း သုတေသနနှင့် တစ်ခြား ပညာရှင်များက ပူးပေါင်းကာ တူးဖေါ်နေပြီ ဖြစ်သည်။တူးဖေါ်နေသော လှေ ကြီး ကို တွေ့ရစဉ်။ပြင်သစ် နိုင်ငံဖွား ဘင်္ဂလီ ရှေးဟောင်း သုတေသန ပညာရှင် တစ်ဦးလည်း ဖြစ် ရှေးဟောင်း သစ်သားလှေနှင့် ပတ်သက်ပြီး ကျွမ်းကျင်သူတစ်ဦးလည်းဖြစ်သူYvesMarreမှဦးဆောင်
လွန်ခဲ့သော တနင်္ဂနွေနေ့က တူးဖေါ်မူကို စတင်နေရာ ယခုအခါ နောက်ဆုံး အဆင့်သို့ ရောက်နေပြီ ဖြစ်သည်။
ယခုအခါ လှေကြီး ၀မ်းဗိုက်ထဲတွင် ပြည့်နှက်နေသော သဲများကို မီးသတ်ဌာနမှ
ကားများကို အသုံးပြုပြီး ရေများဖြင့် မူတ်ထုတ်နေကြောင်း သတင်းများတွင်
ဖေါ်ပြသည်။
သမိုင်းအရ တန်ဖိုးရှိသော လှေကြီး ဖြစ်သဖြင့် တူးဖေါ်ပြီးပါက အဆိုပါ
လှေကြီးကို ဘေးကင်းရာသို့ ယူဆောင် သိမ်းဆည်း ထားမည်ဟု ဘင်္ဂလာဒေခ်ျ့ နိုင်ငံ
ရှေးဟောင်း သုတေသန လက်ထောက် ညွှန်ကြားရေးမှူးလည်း ဖြစ် လှေများ ဆယ်ယူရေး
ကော်မီတီ (Boat salvage committee) အတွင်းရေးမှူး အဖွဲ့ဝင် လည်း ဖြစ်သူ
Afroza Khan Mita က သတင်းထောက်များသို့ ပြောသည်။
အဆိုပါ လှေကြီးမှာ အရှည် ၇၂ ပေရှည်လျားပြီး ၂၂ ပေ ၅ လက်မ အကျယ်ရှိကာ
သစ်ဖြင့် ပြုလုပ်ထားသော လှေကြီး ဖြစ်ပြီး လွန်ခဲ့သောနှစ် ဇွန်လ ၂၉ ရက်နေ့က
သဲသောင်ပြင်ထဲမှ ပေါ်ထွက်လာခဲ့သည်။
အဆိုပါ လှေကြီးမှာ လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ ကျော်က
ရခိုင်ရှေးလူကြီးများ ရခိုင်ပြည်မှ အဆိုပါ ဒေသသို့ ပင်လယ်ပြင်ကို ဖြတ်ပြီး
ထွက်ပြေးလာကြစဉ် အသုံးပြုခဲ့သော လှေကြီး ဖြစ်ကြောင်း ရှေးဟောင်း သုတေသန
ပညာရှင်များက ပြောသည်။
၁၇၈၄ ခုနှစ် ရခိုင်တို့၏ မြောက်ဦးမြို့တော် ဗမာ ဘုရင်လက်အောက်သို့
ကျရောက်ပြီးနောက် သိန်းချီသော ရခိုင်ပြည်သူများ စစ်ဘေးစစ်ဒဏ်ကြောင့်
ရခိုင်ပြည်ကို စွန့်ခွာထွက်ပြေးကြရာ ရမ်းဗြဲကျွန်းနှင့် မာန်အောင်ကျွန်းမှ
ရခိုင်အမျိုးသားများသည် အဆိုပါ လှေကြီးများကို အသုံးပြုပြီး ပင်လယ်ပြင်ကို
ဖြတ်ကာ ထွက်ပြေးခဲ့ကြသည်။
အဆိုပါ ဒေသသို့ ရောက်ရှိစဉ် လူသူ တစ်ဦးတစ်ယောက်မှ မရှိဘဲ
တောကြီးမျက်မည်း ဖြစ်ပြီး စတင် အခြေချနေထိုင်ရန် တောရိုင်းများကို
ခုတ်ထွင်ရှင်းလင်းစဉ် ဘင်္ဂလာကျားများ၊ မိကျောင်းများနှင့် အကြီးအကျယ်
ရင်ဆိုင် တိုက်ခိုက်ခဲ့ရသည်ဟု ဒေသခံ လူကြီးများက ပြောပြသည်။
ယခင်က အဆိုပါ ဒေသတွင် ရခိုင်ကျေးရွာကြီး ၁၀၀ ကျော်ခန့် တည်ရှိကာ
လူဦးရေအားဖြင့် တစ်သိန်းကျော်ရှိခဲ့သည်ဟု သိရသည်။ မုန်တိုင်းနှင့်
တစ်ခြား ဒဏ်များကြောင့် အများစု ရခိုင်များမှာ မြန်မာနိုင်ငံသို့
ပြောင်းရွှေ့သွားကြရာ ယခုအခါ ရွာ (၅၀) ခန့်နှင့် လူသောင်းဂဏန်းခန့်သာ
ကျန်ရှိတော့ကြောင်း သိရသည်။
အများစု ဒေသခံများမှာ လယ်ယာလုပ်ငန်းကို လုပ်ကိုင်ကြပြီး စီးပွားရေး မရှိသဖြင့် ဆင်းရဲကြသည်ဟု ဆိုသည်။
No comments:
Post a Comment