Thursday, January 10, 2013

ကချင်ပြည်နယ်က စစ်ပွဲတွေအပေါ် ဒေါ်အောင်ဆန်းစုကြည် ဘာပြောလဲ


" ဒီလိုမျိုး ဖြစ်တယ်ဆိုတာ သဘောတူညီမှု မယူနိုင်လို့၊ တစ်ဦးနဲ့ တစ်ဦးနဲ့ ညှိနှိုင်းဆွေးနွေးမှု မအောင်မြင် လို့ စစ်တိုက်ရတာပေါ့နော်၊ အဲ့တော့ မအောင်မြင်ခြင်းရဲ့အခြေခံအကြောင်းရာတွေကို စုံစမ်းရမယ်။ အကြောင်း တရားတွေကို သိမှ ဒီဟာကို ဖြေရှင်းလို့ရမယ်။ ဘာဖြစ်လို့ မရသလဲ ဘာဖြစ်လို့ စစ်တိုက်တဲ့ အထိဖြစ်ရသလဲ။ 

အဲဒီ အကြောင်းတွေ ကို သေသေချာချာ စီစစ်ပြီး ဒါပြန်ပြုပြင်နိုင်မှာပေါ့။
 နောက် ရိုးရိုး  လေးတွေးမယ် ဆိုရင်တော့ စကားပြောလို့ မရလို့ စစ်တိုက်တယ်ဆိုတဲ့ သဘောရှိတာပေါ့။ ဒါမှမဟုတ် စကားပြောပြီး မဖြေ ရှင်းချင်လို့ တိုက်တယ်ဆိုတဲ့ သဘောရှိတာပေါ့။ အဲဒီတော့ ဒါဘယ်ဟာလဲ ဆိုတာ ကို သေချာ လေ့လာဖို့ လိုတာပေါ့၊ အန်တီကတော့ ဖိအားပေးတယ်ဆိုတဲ့ အသုံးအနှုန်းကို မသုံးချင်ဘူး။ ဖိအားပေးတာ မပေးတာ ဆိုတာ အဓိက မဟုတ်ဘူး။ လုပ်သင့်လုပ်ထိုက်တာကို လုပ်တာ အဓိကပဲ။ လွှတ်တော် အနေနဲ့ ဘာလုပ်သင့်တယ် ဆိုတာကို ဆုံးဖြတ်ပြီးမှ လမ်းစဉ်ချရမှာပေါ့" လို့ ဒီကနေ့ မနက် ပြန် လည် စတင်တဲ့ လွှတ်တော် အစည်းအဝေးတက်ရောက်ဖို့ လာစဉ် ဒေါ်အောင်ဆန်းစုကြည် က  သတင်းထောက်တွေကို ပြောသွားခဲ့တာပါ။

No comments:

Post a Comment