Thursday, January 10, 2013

နောက်ထပ်ထွက်ရှိမည့် မိုဘိုင်းဖုန်းများ၏ ဈေးနှုန်းကို ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အတွင်း မီဒီယာများသို့ အတည်ပြုပြောကြားမည်




မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ နောက်ထပ်ထွက်ရှိမည့် မိုဘိုင်းဖုန်းများ ၏ ဈေးနှုန်းကို ဇန်န၀ါရီလ ၁၀ ရက်နေ့ သို့မဟုတ် ၁၂ ရက်နေ့အတွင်း မီဒီယာများကို ခေါ်ယူတွေ့ဆုံပြီး မိုဘိုင်းဖုန်းများ၏ ဈေးနှုန်းနှင့် ရောင်းချ မည့်ရက်ကို အ တိအကျ ပြောမည်ဖြစ်ကြောင်း မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ဇန်န၀ါရီလ ၈ ရက်နေ့က ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဇန်န၀ါရီလအတွင်း ရောင်းချပေးမည့် မိုဘိုင်းဈေးနှုန်းများကို အတည်ပြု သတ်မှတ်နိုင်ရန်အတွက် ဆက်သွယ်ရေးမှ တာဝန်ရှိလူကြီးမင်းများမှ ဇန်န၀ါရီလ ၉ ရက်နေ့တွင် အစည်းအဝေးပြုလုပ်ခဲ့ပြီး  မိုဘိုင်းဖုန်းများ၏ ဈေးနှုန်းနှင့် ထွက်ရှိမည့်ရက်ကို မီဒီယာများထံသို့ ဇန်န၀ါရီလ ၁၀ ရက် သို့မဟုတ် ၁၂ ရက်နေ့မှသာ ပြောကြားမည်ဟု ၎င်းက ဆိုသည်။
ယခုရက်ပိုင်းအတွင်း အခြားမီဒီယာများတွင် ဖော်ပြနေသည့် ဆက်သွယ်ရေးနှင့် ပတ်သက်သည့် သတင်းများမှာ မှန်ကန်မှုမရှိကာ ရောင်းချမည်ဆိုပါက ထွက်ရှိမည့်ရက်နှင့် ဈေးနှုန်းကိုပါ အတိအကျ ပြောကြားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment