Sunday, October 7, 2012

ရန်ုကုန်မြို့ရှိ ကမ္ဘောဇ ဘဏ်များ၌ တစ်ရက်အတွင်း ကျပ်သန်းကိုးထောင် ခန့် ထုတ်ယူ

ယခု ရက်ပိုင်း အတွင်း ထွက်ပေါ်နေသော ကောလဟာလ သတင်း များကြောင့် ရန်ကုန်မြို့တွင်းရှိ ကမ္ဘောဇဘဏ်များ၌ တစ်ရက်အတွင်း ကျပ်သန်း ကိုးထောင်ခန့် (ရှစ်ဘီလီယံ၊ ကိုးဘီလီယံ) နီးပါး ငွေလာရောက်
ထုတ်ယူမှုများဖြစ်ပေါ်ခဲ့ကြောင်း ကမ္ဘောဇဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးသန်းလွင် မှ မြန်မာနိုင်ငံ ဘဏ်များ အသင်း၌ ပြုလုပ်သော ဘဏ်လုပ်ငန်း ဆိုင်ရာ ရှင်းလင်းပွဲ အခမ်း အနား၌ ပြောကြား ခဲ့သည်။
ကမ္ဘောဇဘဏ် အနေနှင့် ယခုကဲ့သို့ ရှစ်ဘီလီယံ၊ ကိုး ဘီလီယံ လောက်ထုတ်ယူမှုများ အပေါ် မည်ကဲ့သို့သော စိုးရိမ်သော ကမှ မဖြစ်ကြောင်း၊ မိမိတို့ဘဏ်တွင် သိန်းထောင်နှင့်ချီ လုပ်ကိုင် လည်ပတ် နေကြောင်း၊ ယခုကဲ့ သို့သော ကောလဟာလ များ ကြောင့် ပြည်သူများ အနေနှင့် စိုးရိမ်သောကများ မဖြစ်ရန် နှင့် ဘဏ်များ အပေါ် ပြည်သူ များ အနေနှင့် အပြန်အလှန်ယုံကြည်မှုမျိုး ရှိရန် လိုအပ်ကြောင်း ဦးသန်းလွင်မှ ထပ်ဆင့် ပြော ကြား ခဲ့သည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ပုဂ္ဂလိက ဘဏ်များ၏ နောက်တွင် ခိုင်မာစွာ ရပ်တည်နေထားသဖြင့် ကမ္ဘောဇဘဏ်အပါအဝင် ပုဂ္ဂလိက ဘဏ်များနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများ မရှိကြရန်နှင့် ဘဏ်များ၏ ဖွံ့ဖြိုး တိုးတက်နေမှုများ အပေါ် မလိုလား သူများ ထံမှ သတင်း ထွက်ပေါ်လာမှုများသာ ဖြစ်ကြောင်း ဗဟိုဘဏ်ဒုတိယ ညွှန်ကြားရေးမှူး ချုပ်က ဆက်လက် ပြောကြားသည်။

အောက်တိုဘာလ ၅ ရက် ညနေပိုင်းတွင် သုဝဏ္ဏလူငယ် အားကစား လေ့ကျင့်ရေး စခန်းတွင် ကျင်းပသော ဆူဇူးကီးဖလား ခြေစစ်ပွဲ မြန်မာနှင့် ဘရူနိုင်းပွဲစဉ်သို့ လာရောက်အားပေးသော ကမ္ဘောဇဘဏ် ဥက္ကဋ္ဌ၊ ဦးအောင်ကိုဝင်းအား The Voice Weekly ကမေးမြန်းရာ

"အခုဒီကိုရောက်နေတယ် မြင်တွေ့နေရတဲ့အတိုင်းပါပဲ။ အဖမ်းခံရတယ်။ အဆီးခံရတယ်။ အစစ်ခံရတယ်ဆိုတာ တစ်ခုမှ မဟုတ်ပါဘူး" ဟု ပြန်လည်ဖြေကြားသည်။
 
From-  The Voice Weekly
 

No comments:

Post a Comment