ဧရာဝတီတိုင်း ဒေသကြီး ဘိုကလေးမြို့
နယ် ကဒုံကနိ ရဲစခန်းတွင်ရေလုပ် ငန်းရှင်
မိသားစုအား ဝိုင်းဝန်း ရိုက်နှက် ခဲ့သောကြောင့်
ဖမ်းဆီးထားသည့် ရွာသား ၂၅ ဦးကို ပြန်လည်
လွှတ်ပေးရန် ဖမ်းဆီးခံရသော မိသားစုဝင်များ က
ရဲစခန်းရှေ့တွင် တောင်းဆိုလျက် ရှိကြောင်းကဒုံကနိ ဒေသခံများက
ပြောကြားသည်။ကဒုံကနိ တိုက်နယ် မရမ်းချောင်း ကျေးရွာ တွင် အောက်တိုဘာလ ၅ ရက်နေ့ ည ၁၂ အချိန်ခန့်တွင် ရေလုပ်ငန်းရှင် မိသားစု တစ်စုကို ရွာလုံးကျွတ် နီးပါးဝိုင်းဝန်း ရိုက်နှက် ခဲ့ခြင်းကြောင့် ပါဝင် ကျူးလွန်သူဟု သံသယ ရှိသူများကိုရဲစခန်းက ဖမ်းဆီးထားခြင်းဖြစ်သည်။
"မြစ်ချောင်း လေလံ ကိစ္စနဲ့ ပတ်သက်ပါတယ်''ဟုအဆိုပါ ရဲတပ်ဖွဲ့ စခန်း တာဝန် ရှိသူက ပြောကြားသော်လည်း အသေးစိတ် ကိုမူပြောကြားခြင်း မရှိပေ။
မရမ်းချောင် ကျေးရွာသားများကမူ ကျောင်းထိုင် ဘုန်းတော်ကြီးအားရိုင်းပြစွာ ပြောဆိုခဲ့ခြင်းကြောင့် မခံ ရပ်နိုင် ဖြစ်ပြီးရေ လုပ်ငန်းရှင် မိသားစုဝင် ၁၅ဦးကို ဝင်ရောက် ရိုက်နှက် ခဲ့ရာမှ ယခုကဲ့သို့ ဖမ်းဆီး ချုပ်နှောင်ခြင်း ခံရသောကြောင့် မကျေနပ်သဖြင့် ရဲစခန်းရှေ့ တွင် တောင်း ဆိုခြင်း ဖြစ်ကြောင်းပြောကြားသည်။
ဝင်ရောက် ရိုက်နှက်ခဲ့သူဟု သံသယရှိသူ အမျိုးသား၂၅ ဦးကို ဖမ်းဆီး ထားဆဲနှင့်အောက် တိုဘာလ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီ အချိန်ထိ တောင်းဆိုသူ ၇၀ ဝန်းကျင်ခန့်ကဒုံကနိ ရဲစခန်း ရှေ့တွင် ရှိနေဆဲ ဖြစ်ကြောင်း ယင်းရဲစခန်းက အတည်ပြု ပြောကြား သည်။
From- The Voice Weekly

No comments:
Post a Comment