Sunday, September 30, 2012

ရွာသား ၅ ဦး သေနတ်ပစ်ခံရ

ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ရှားခဲတိုက်နယ်၊ ရှားခဲကျေး ရွာ၌ စက်တင်ဘာ ၂၆ရက်နေ့တွင် သေနတ်  (၅)ချက် ပစ်ခတ်ခံရပြီး ရွာသား (၅)ဦး ထိမှန်ခဲ့ကြောင်း သိရပါသည်။ အခင်းဖြစ်ပွားသည့် နေရာတွင် ရွာသား ၂ ဦး သေဆုံးခဲ့ပြီး နောက် တရက်တွင်  ဆေးရုံ၌ ၁ ဦး ထပ်မံသေဆုံး သွားခဲ့ပါသည်။ ကျန်ရှိ သည့် သေနတ်ပစ်ခတ်ခံရသူ  ကျော်ဇင်သက် နှင့် ဝင်းသန့်ကို ပုသိမ်ဆေးရုံမှ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အရေးပေါ်ဌာနသို့ စက်တင်ဘာလ ၂၈ရက်နေ့ ည ၉း၀၀ နာရီအချိန်တွင်  ရောက်ရှိလာကြောင်း သိရပါသည်။

 ဖြစ်ပွားသည့် အကြောင်းအရင်းကို သက်ဆိုင်ရာများနှင့် အတူလိုက်ပါလာ သည့် ကာယကံရှင် မိသားစုများမှ တစုံတရာပြောကြားခြင်း မရှိသေးဘူး ဟု သတင်းရရှိပါသည်။

From- BURMA VJ

No comments:

Post a Comment