ရခိုင်ပြည် ပေါက်တောမြို့နယ် ပိန္နဲချောင်း
ကျောက်တန်းရွာနှု င့် ကျောက်တောင်ရွာကြား
တံတားမှာ သွားလာလို့ မရလော က်အောင်ပြိုပျက် စီးနေသည်"ဟုရွှေမြန်မာမီဒီယာဂရုမှ
သတင်းရရှိသည်။
ကျောင်သူကျောင်းသားများနဲ့ လက် လုပ် လက် ကိုင် စားသောက်နေကြသော ပေါက်တောမြို့နယ်ကျေးရွာပေါင်း ၅၀ လောက်က အဆိုပါ တံတားကြောင့်သွား ရေးလာရေးခက်ခဲ့နေကြ သည်ဟုသိရသည်။ " ဒီတံတားက ကြည့် လို့  မရလောက်အောင်ကိုပျက်စီးနေတယ်။ ကျောင်းသူကျောင်း သားတွေက ဒီတံတားဖြတ်ပြီးအန္တရာယ်ကြားကနေကျောင်းတက်နေကြရတယ်။ နောက်ပြီး လက်လုပ်လက်ကိုင်စားသောက်ေ နကြရတဲ့ အနီးအနားရပ်ရွာ ၅၀ လောက် ပြည်သူတွေလဲအရမ်းကိုဒုက္ခရောက်နေကြတယ်''ဟု ဦးဆောင်ဆောက်လုပ်မယ့်သူ တဦး မောင်ကျော်ဇံအောင်ကရွှေမြန်မာမီဒီယာဂရုကို ပြောသည်။

အဆိုပါတံတားကို ဖြတ်ကျော်ပြီးကျောင်းသူကျောင်းသားများနေ့ စဉ်နဲ့ အမျှအန္တရာယ်
ကြားကနေကျောင်းတက်နေကြရပြီး။အနီးအနားပြည်သူလူများလည်းစားဝက်နေရေး
အတွက်နေ့ စဉ်နဲ့ အမျှ အန္တရာယ်ကြားကနေ သွားလာနေကြရကြောင်းသိရသည်။
ယခင်က ယင်း တံတားကိုပြန်လည် ပြုပြင်ရန်မြို့ နယ် အာဏာပိုင်များကို လျောက် ထားခဲ့သော်လည်းပြန်လည်တုန့် ပြန်ပြောဆိုခဲ့ခြင်းမရှိကြောင့် မောင်ကျော်ဇံအောင်ကဆိုသည်။
"ကျနော် တို့  ဒီတံတားကိုပြုပြင်ဖို့ အရင်ကကတည်းကမြို့နယ် အာဏာပိုင်များကို စာတင်ပြီးလျှောက်ထား ခဲ့ပါတယ်။သူတို့ ဆီကဘာမှမတုန့် ပြန်ဘူး။ ဒါကြောင့်ဒီတံတား ကိုပြုပြင်ဖို့ အနီးအနားရှိရပ်ရွာတွေ ကငွေစုပြီးပြန်လည်ပြုပြင်ဖို့  ဆုံးဖြတ်လိုက်ကြတယ်"ဟု၎င်းကပြောသည်။

အဆိုပါတံတားကို အသစ်ပြန်လည်းဆောက်လုပ်ရန် ခန့် မှန်းကုန်ကျရန်ငွေမှာ
သိန်း၆၀ကျော်ကုန် ကျမှာဖြစ်ပြီး၊ တံတား အလျှားအရှည် ပေ ၅၀ ပေရှိကာ အနံ "၉" ပေ
ဖြစ်ဟုသိရသည်။ ယခုလက်ရှိအလှူခံရရှိသော ငွေ သိန်း ၂၀ ရှိနေပြီးအဆိုပါ
အလှူခံမှ ရရှိသောငွေများဖြင့် မောင်ကျော်ဇံအောင် နှုင့် ဦးသန်းဌေးတို့ မှ
ဦီးဆောင်ကာ ယင်း
တံတားကို ၂၀၁၃ တစ်လပိုင်းလောက်တွင်အပြီးပြုပြင်တည်ဆောက်သွားမည်ဟု
သတင်းရရှိသည်။တံတားကို ၂၀၁၃ တစ်လပိုင်းလောက်တွင်အပြီးပြုပြင်တည်ဆောက်သွားမည်ဟု
From- ရွှေမြန်မာမီဒီယာဂရု
No comments:
Post a Comment