Monday, August 6, 2012

ကြားဖြတ်သတင်းတိုများ

 

ဂျပန်၏အကြီးဆုံး ပို့ဆောင်ရေး လုပ်ငန်းစုကြီးဖြစ်သည့် NYK Group က ယခုနှစ်အကုန်တွင် မြန်မာနိုင်ငံနှင့် တိုက်ရိုက် ဆက်သွယ်ဆောင်ရွက်နိုင်ရန် ရုံးခန်းဖွင့်မည်

ဂျပန်နိုင်ငံ၏ အကြီးဆုံး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းစုကြီးဖြစ်သည့် NYK (Nippon Yusen K
aisha) Group က မြန်မာနိုင်ငံနှင့် တိုက်ရိုက်ဆက်သွယ်ကာ လုပ်ငန်းများဆောင်ရွက်ရန် ယခုနှစ်အကုန်တွင် မြန်မာနိုင်ငံ၌ ရုံးခန်း လာရောက်ဖွင့်လှစ်ရန် စီစဉ်နေပြီဖြစ်ကြောင်း အဆိုပါကုမ္ပဏီအဖွဲ့မှ အုပ်ချုပ်မှုအဖွဲ့ဝင်အချို့က ပြောကြားခဲ့သည်။



ကုန်းပိုင်းလုပ်ကွက်များတွင် နိုင်ငံခြားကုမ္ပဏီများနှင့် ပူးပေါင်းရန် ပြည်တွင်း
ကုမ္ပဏီ ၆၀ ကျော်ကမ်းလှမ်း

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၏ ကျန်ရှိနေသေးသော ကုန်းပိုင်းလုပ်ကွက် ၃၀ ၀န်းကျင်တွင် နိုင်ငံခြား ကုမ္ပဏီများနှင့် အကျိုးတူပူး ပေါင်းဆောင်ရွက်နိုင်ရန် ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီ ၆၀ ကျော် လာရောက်ကမ်း လှမ်းထားကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။





ပဲခူးမြို့တွင် ပဲခူးမြစ်ရေကြီးမှုများ ဆက်လက်ဖြစ်ပေါ်နေပြီး စိုးရိမ်ရေမှတ်သို့ ရောက်ရှိလုနီးပါး အခြေအနေတွင်ရှိ

ပဲခူးမြို့တွင် ပဲခူးမြစ်ရေသည် ဇူလိုင်လ ၂၆ ရက်နေ့မှစ၍ မြစ်ရေ ကြီးမှုများ ဖြစ်ပေါ်နေခဲ့ပြီး သြဂုတ်လ ၅ ရက်နေ့တွင် စိုးရိမ်ရေအမှတ်သို့ ရောက်ရှိလုနီးပါးအခြေနေတွင်ရှိနေသဖြင့် ပဲခူးမြို့၊ ခေါင်းဆေးကျွန်းတွင် ရန်ကုန်-မန္တလေး အဝေးပြေး ကား လမ်းမကြီးအား ရေကျော်လုဆဲ အခြေအနေတွင် ရှိနေသည်။

No comments:

Post a Comment