
လောက် ရှိပါတယ်။ ဒီ ပမာဏဟာ ကျနော်တို့ရဲ့ မူလရည်ရွယ်တာရဲ့ ၁၁၁.၈ရာခိုင်နှုန်း ဖြစ်ပါတယ်”လို့ ရုရှား စစ်ရေးနည်း ပညာ ပူးပေါင်းဆောင်ရွက်ရေး ဖက်ဒရယ် အကြီးအကဲ Alexander Fomin က အဆိုပါသတင်းမှာ ပြောထားပါတယ်။
၂၀၁၁ ခုနှစ် ရုရှားအစိုးရရဲ့ ထုတ်ပြန်ချက်အရ လက်နက် ၁၃.၂ ဘီလီယံဖိုး ရောင်းချခဲ့ပြီး အမေရိကန်ပြီး လျှင် ဒုတိယ ကမ္ဘာ့ လက်နက်အများဆုံး ရောင်းချတဲ့ နိုင်ငံဖြစ်ပါတယ်။ “လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ဆိုရင် အထွေထွေ နိုင်ငံခြားပို့ကုန်တွေ မြင့်တက်လာခဲ့ပါတယ်။ ၂၀၀၃ ကစပြီး ၃ ဆလောက် ပိုများပြား လာတာပါ” ဟု ၎င်းက ဆိုပါတယ်။
အိန္ဒိယနိုင်ငံ အပါအ၀င် မြန်မာ၊ ဗီယက်နမ်၊ ဗင်နီဇွဲလားနှင့် အရှေ့ အလယ်ပိုင်း ဒေသရှိ နိုင်ငံတွေဟာ ရုရှားနှင့် လက်နက်ရောင်းဝယ်ရေး ကုန်သွယ်မှု အများဆုံး ပြုလုပ်ကြပါတယ်။
From : ဧရာဝတီ
No comments:
Post a Comment