ရုရှားနိုင်ငံသည် ဆီးရီးယားနိုင်ငံ အတွင်းရှိ ၎င်းတို့၏ နိုင်ငံသားများ ပြန် လည်ခေါ်ယူနိုင်ရန်အတွက် ဇန်နဝါရီ လ ၂၂ ရက်နေ့တွင် ရုရှားလေယာဉ် ၂ စီးအား လက်ဘနွန်နိုင်ငံ Beirut မြို့တော်သို့ စေလွှတ် ခဲ့ကြောင်း ပြောကြား ခဲ့ပါသည်။ မော်စကိုမြို့ အတွင်းရှိ Domodedovo လေယာဉ်ကွင်းမှ Yak-42 လေယာဉ်သည် မွန်းလွှဲပိုင်း၌ ထွက်ခွာခဲ့ပြီး မိနစ် အနည်းငယ်တွင် Ramenskoye လေယာဉ်ကွင်းမှ II-76 လေယာဉ်သည် လက်ဘနွန်နိုင်ငံသို့ ထွက်ခွာသွားကြောင်း အရေးပေါ် အခြေအနေ ဆိုင်ရာ ဝန်ကြီးဌာန၏
ပြန်ကြားရေးဌာနမှ Inter Fax သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။ အဆိုပါ
လေယာဉ် ၂ စီးသည် ဆီးရီးယား နိုင်ငံမှ ပြန်လည်ထွက်ခွာရန် ဆန္ဒရှိသော
ရုရှားလူမျိုး ၁ဝဝ နီးပါးအား ပြန်လည်ခေါ်ယူ မည် ဖြစ်ပြီး ၎င်းခေါ်ယူမှုသည်
အန္တရာယ်ရှိရာ အရပ်ကို စွန့်ခွာခြင်း မဟုတ်ကြောင်း ၎င်းဌာနက အလေးထား ပြောကြား
ခဲ့ပါသည်။
http://www.myawady.net.mm/allnews/global/item/5156-2013-01-23-15-27-42#.UQCVTO72usc
From ; မြ၀တီ
http://www.myawady.net.mm/allnews/global/item/5156-2013-01-23-15-27-42#.UQCVTO72usc
From ; မြ၀တီ
No comments:
Post a Comment