Monday, August 20, 2012

နောက်ဆုံး ရသတ င်းများ စုစည်း တင်ပြမှု

အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုံးပွဲစဉ်တွေ ထုတ်လွှင့်ခွင့်ရဖို့ စကိုင်းနက် ရုပ်သံလိုင်းနဲ့ အမ်အာရ်တီဗွီ ဖိုး ထုတ်လွှင့်နေတဲ့ forever group ကုမ္ပဏီတို့ အပြိုင် ၀ယ်ယူကြရာမှာ forever group က တစ်ဦးတည်းမူပိုင် ထုတ်လွှင့်ခွင့်ရသွားပြီဖြစ်ပါတယ်။ forever group ဟာ စင်ကာပူအခြေစိုက် ESPN Star Sport ထုတ်လွှင့်ခွင့်ရသူထံကနေ ၀ယ်ယူခဲ့တာ ဖြစ်ပါတယ်။ မကြာသေးမီက ကျင်းပပြီးခဲ့တဲ့ ဥရောပ ဖလား ဘောလုံးပြိုင်ပွဲပွဲစဉ်တွေကိုတော့
စကိုင်းနက် ရုပ်သံလိုင်းက တစ်ဦးတည်းမူပိုင် ထုတ်လွှင့်ခွင့်ရခဲ့ပါတယ်။ forever group ဟာ ပရီးမီးယားလိဂ် ပွဲစဉ်တစ်ချို့ကို free to air ထုတ်လွှင့်မှာ ဖြစ်ပေမယ့် ပွဲစဉ်အများစုကိုတော့ အခပေး ရုပ်သံလိုင်းတွေကနေ ထုတ်လွှင့်မှာ ဖြစ်ပါတယ်။


မြန်မာနိုင်ငံနဲ့ အိန္ဒိယအရှေ့မြောက် ဒေသ အာသံပြည်နယ်မှာ မွတ်စလင် ဘာသာဝင်တွေကို နှိပ်စက် သတ်ဖြတ် နေတယ်ဆိုပြီး လုပ်ကြံဖော်ပြထားတဲ့ ဗွီဒီယိုနဲ့ ဓါတ်ပုံတွေကို ပါကစ္စတန် နိုင်ငံတွင်းကနေ ပြုလုပ် ဖြန့်ချိနေတာဖြစ် ကြောင်း အိန္ဒိယ ပြည်ထဲရေးဝန်ကြီးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြထားပါတယ်။ လုပ်ကြံ ထားတဲ့ ဓါတ်ပုံ တွေ ထဲမှာ ဆိုင်ကလုန်းမုန်တိုင်းကြောင့် သေဆုံးနေတဲ့ သူတွေကို အာသံပြည် နယ်ထဲက မူစ လင်တွေ သတ်ဖြတ်ခံထားရတဲ့ ပုံတွေအဖြစ် ဖော်ပြထားပြီး တရုတ်နိုင်ငံမှာ ငလျင်ဒဏ်ကြောင့် သေဆုံးရသူတွေရဲ့ ပုံ တွေ နေရာမှာတော့ မြန်မာနိုင်ငံတွင်းမှာ ဗုဒ္ဒဘာ သာဝင်တွေက မူစလင်တွေကို သတ်ဖြတ်တဲ့ ပုံတွေအဖြစ် ဖော်ပြ ထားတာ ဖြစ်ပါတယ်။ ပါကစ္စတန် အစိုးရကတော့ အခုဖြစ်ရပ်နဲ့ ပက်သက်ပြီး ငြင်းဆိုထားပါတယ်။


အမေရိကန် အထက်လွှတ်တော် အောက်လွှတ်တော် နှစ်ရပ်ပေါင်း ချီးမြှင့်တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဆုကိုလက်ခံရယူဖို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး နဲ့ နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူတို့ ၃ ယောက် စက်တင်ဘာလ ဒုတိယပါတ် အတွင်း အမေရိကန် နိုင်ငံကို သွားရောက်ဖို့ ရှိနေပါတယ်။ ဒီဆုကို အမေရိကန် လွှတ်တော်နှစ်ရပ်ပေါင်း ဖွဲ့စည်းထားတဲ့ National Endowment for Democracy NED က ပေးအပ်တာ ဖြစ်တယ်လို့ သိရပါတယ်။ ဆုရသူတွေထဲမှာ ပြည်တွင်းက ၃ ယောက်အပြင် မယ်တော်ဆေးခန်းက ဒေါက်တာစင်သီယာမောင် နဲ့ US Campaign For Burma က ဦးအောင်ဒင်တို့လည်း ပါဝင်မှာဖြစ်ပါတယ်။


ဒီနှစ်ကုန်ပိုင်း မြန်မာပြည်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ASEAN 100 Leadership Forum လို့ အမည်ပေးထားတဲ့ အာစီယံ ဒေသတွင်း ဦးဆောင်သူများ ညီလာခံကို နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာ ဖြစ်ပါတယ်။ ညီလာခံကို ဒီဇင်ဘာ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ ရန်ကုန်မှာ ပြုလုပ်မှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြော ကြားမှာ ဖြစ်သလို တက်ရောက်လာသူတွေနဲ့ အပြန်အလှန် ဆွေးနွေးမှာဖြစ်ကြောင်း Asia Inc Forum ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ညီလာခံကို ၂၀၀၃ ခုနှစ်မှာ စတင်ခဲ့ပြီး ဒီနှစ် ညီလာခံမှာ ကမ္ဘာပေါ်က ပဋိပက္ခတွေ၊ အာရှရဲ့ တိုး တက် မှုနဲ့ ဘယ်ကို ဦးတည်မလဲဆိုတဲ့ ခေါင်းစဉ်တွေကို ဆွေးနွေးကျမှာ ဖြစ်ပါတယ်။

အမေရိကန်ထိပ်တန်း အကြွေးဝယ်ကဒ် ကုမဏီတခုဖြစ်တဲ့ ဗီဇာကုမဏီ မြန်မာဈေးကွက်ကိုဝင်ဖို့ ပြင်ဆင်တဲ့ အနေနဲ့  အီလက်ထရောနစ် ငွေပေးငွေယူ စနစ်တွေနဲ့ ပတ်သက်ပြီး မြန်မာဘဏ်ဝန်ထမ်းတွေကို သင်တန်းတွေ စပေးတော့မယ်လို့ ကုမဏီတာဝန်ရှိသူတွေက ထုတ်ဖော်ပြောကြား လိုက်ပါတယ်။ ဗီဇာကုမဏီရဲ့ အရှေ့တောင် အာရှနဲ့ သြစလေးလျဆိုင်ရာ မန်နေဂျာ ပီတာမာဟာ က အေတီအမ် အလိုလျောက် ငွေထုတ်စက် ကွန်ယက်လုပ်ဖို့နဲ့ အီလက်ထ ရောနစ်ငွေပေး ငွေယူလုပ်နိုင်တဲ့ နေရာတွေဖန်တီးဖို့ အရင်အာရုံစိုက် လုပ်ဆောင်သွားမယ်လို့ ဝေါသ်စထရိဂျာ နယ်ကိုပြောကြားထားတာပါ။ ဗီဇာကုမဏီအနေနဲ့ မြန်မာဘဏ်တွေနဲ့ ပူးပေါင်းပြီး လာမယ့်လတွေမှာ သင်တန်းတွေပေးဖို့ ရှိပေမယ့် မြန်မာနိုင်ငံမှာ ရုံးခန်းဖွင့်လှစ်ဖို့တော့ မရှိသေးဘူးလို့လည်းဆိုပါတယ်။


ရခိုင်ပြည်နယ်က ပဋိပက္ခှတွေနဲ့ ပက်သက်တဲ့ ဖြစ်ရပ်မှန် ပေါ်ပေါက်ရေး စုံစမ်းရေး ကော်မရှင်အနေနဲ့ စုံစမ်းတွေ့ရှိချက်တွေကို နိုဝင်ဘာ နိုဝင်ဘာလ (၁၆) ရက်နေ့အရောက် သမ္မတဆီကို တိုက်ရိုက်အစီရင်ခံ တင်ပြရဖို့ သမ္မတရုံးက သတင်းထုတ်ပြန်လိုက်ပါတယ်။ သြဂုတ်လ ၁၇ ရက်နေ့က စုံစမ်းရေး ကော်မရှင်စတင်ဖွဲ့စည်းကြောင်း သမ္မတရဲ့ ထုတ်ပြန်ချက်မှာ အဲ့ဒီနေ့ပဲ တင်ပြရဖို့ ရက်စွဲမှားယွင်းနေတဲ့အပေါ် သမ္မတရုံးက ရက်စွဲပြင်ဆင်ကြောင်း သတင်းထုတ်ပြန်လာတာဖြစ်ပါတယ်။ ဒီကော်မရှင်ရဲ့ ပထမဆုံးအစည်းအဝေးကို ရန်ကုန်မှာ သြဂတ်စ် (၁၉) ရက်နေ့ ပြုလုပ်ခဲ့ပါတယ်။ အစည်း အဝေးမှာ ကော်မရှင်ရဲ့ နောက်ပိုင်း လုပ် မယ့် လုပ်ငန်းတွေ လွတ် လပ်မှု ရှိဖို့ နည်းနာတွေ၊ လုပ်ငန်း ကော်မတီတွေဖွဲ့ဖို့ အကြမ်းမျဉ်း ဆွေးနွေးခဲ့တယ်လို့ အဖွဲ့ဝင် တယောက်ဖြစ်တဲ့ ဦး ကို ကိုကြီးက ပြောပါတယ်။ ကော်မရှင်အနေနဲ့ သြဂတ်စ် (၂၁)ရက်နေ့မှာ နယ်စပ်ရေးရာ ပြည် ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးနဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။ အခု ဖွဲ့စည်းလိုက်တဲ့ (၂၇)ဦးပါ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း ကြိုဆိုကြောင်း ကြေညာချက် ထုတ်ပြန် ထား ပါတယ်။

လက်ရှိထုတ်ဝေနေတဲ့ သတင်းဂျာနယ်တွေနဲ့အတူ ဘာသာရေးစာစောင်တွေအပါအ၀င် စာပေစိစစ်ရေးကို တင်ပြ နေရဆဲ စာမူအားလုံး သြဂုတ်လ ၂၀ ရက်နေ့ကစတင်ပြီး စာပေစိစစ်ရေးကို တင်ပြစရာမလိုပဲ ထုတ်ဝေပြီးမှသာ တင်ပြ ရတဲ့စနစ်ကို ပြောင်းလဲ ကျင့်သုံးလိုက်ပြီဖြစ်ပါတယ်။ ဒီလို ပြောင်းလဲ ကျင့်သုံးလိုက်တဲ့အကြောင်း ပြန့်ကြားရေး ၀န်ကြီး ဌာန၊ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနက ဒီကနေ့ပြုလုပ်တဲ့ သတင်း စာရှင်းလင်းပွဲမှာ ဒုတိယ ညွှန်ကြား ရေးမှူး ချုပ် ဦးတင့်ဆွေက ပြောကြားလိုက်တာဖြစ်ပါတယ်။ ဒီလိုပြောင်းလဲ ကျင့်သုံး လိုက်တဲ့ စနစ်ကြောင့် စာပေစိစစ်ရေးကို တင်ပြနေရဆဲဖြစ်တဲ့ နိုင်ငံရေးနဲ့ ဘာသာရေးဆိုင်ရာ ဂျာနယ် (၈၆) စောင်၊ မဂ္ဂဇင်း (၅၅) စောင်တို့ ကင်းလွတ်ခွင့် ရရှိကြတော့မှာဖြစ်ပါတယ်

မြန်မာနိုင်ငံနဲ့ နိုင်ငံသားတွေရဲ့ ဂုဏ်သိက္ခာနဲ့ အသက်၊ အိုးအိမ်စည်းစိမ်ကို ထိပါးစေမယ့် အကြမ်းဖက်မှုတွေ၊ ခြိမ်းခြောက်မှုတွေနဲ့ အကျပ်ကိုင်မှုတွေကို ပြုလုပ်နေကြတဲ့ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေကို လုံးဝရှုတ်ချကြောင်း မြန်မာနိုင်ငံဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့က ပြောကြားလိုက်ပါတယ်။ သြဂုတ်လ ၂၀ ရက်နေ့ထုတ် အစိုးရပိုင် သတင်းစာတွေမှာ အစ္စလာမ်အဖွဲ့အစည်း ငါးဖွဲ့က ခေါင်းဆောင်တွေက သြဂုတ်လ ၁၀ ရက်နေ့က ကြေညာချက် ထုတ်ပြန် ပြောကြားထားတာကို ပြန်လည်ဖော်ပြလာတာဖြစ်ပါတယ်။ အဲ့ဒီမှာတော့ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ဖြစ်စဉ်ဖြစ်ရပ်မှန်ထက် ပိုမိုချဲ့ကား၊ ရေးသားပြောဆို ပြုမူဆောင်ရွက်ချက်တွေကို ကန့်ကွက်ရှု့ချကြောင်းပြောကြားထားတာပါ။ ဒါအပြင် မတူညီတဲ့အမြင်တွေကို မေတ္တာတရားအခြေခံပြီး ညှိနှိုးဆွေးနွေး ကာ ဥပဒေဘောင်အတွင်းက ငြိမ်းစွာနဲ့ ဖြေရှင်းသွားမယ့်အကြောင်း ပြောကြားထားတာဖြစ်ပါတယ်။





No comments:

Post a Comment