Wednesday, August 22, 2012

ယနေ့ (သြဂုတ်လ ၂၂ရက်နေ့)ပြည်သူ့လွှတ်တော်တွင်ဆွေးနွေးမည်အကြောင်းများ


 

ယနေ့ (သြဂုတ်လ ၂၂ရက်နေ့) တွင် ကျင်းပမည့် ပြည်သူ့လွှတ်တော်
အစည်းအဝေး၌ အောက်ပါ အကြောင်းအရာများကို ဆွေးနွေးကြမည် ဖြစ်ပါသည်။ 


(၁) လွှတ်တော်အစည်းအဝေးများ၏ ဆွေးနွေးချက်များကို မြန်မာ့ရုပ်မြင်
သံကြားမှ တိုက်ရိုက် ထုတ်လွှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း။

(၂) တရားမ၀င် ၀င်ရောက်လာသော လူများသည် မမှန်ကန်သော နည်းမျိုးစုံ
သုံး၍ နိုင်ငံသားများ ဖြစ်အောင် လုပ်ဆောင်ခဲ့သည်ကို ကာကွယ်ခြင်းနှင့်
စပ်လျဉ်းသည့် မေးခွန်း။

(၃) မြန်မာနိုင်ငံသားများ ရင်းနှီးမြုပ်နှံမှု ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်
စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ သို့မဟုတ် ဥက္ကဋ္ဌမှ တာဝန်ပေးအပ်သူက တင်သွင်းခြင်း။

(၄) မြန်မာနိုင်ငံသားများ ရင်းနှီးမြုပ်နှံမှု ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌ သို့မဟုတ် ဥက္ကဋ္ဌမှ တာဝန်ပေးအပ်သူက ဖတ်ကြားရှင်းလင်းခြင်း။

(၅) မြန်မာနိုင်ငံ တိုင်းရင်းသားများ၏ သမိုင်း၊ ယဉ်ကျေးမှု၊ စာပေ၊
ဓလေ့ထုံးတမ်းများနှင့် ပတ်သက်၍ မှတ်တမ်းစွယ်စုံကျမ်းများ ပြုစုထားရှိရေး
အဆိုကို လွှတ်တော် ကိုယ်စားလှယ် ၁၅ ဦးက ဆွေးနွေးခြင်း။

No comments:

Post a Comment