Wednesday, August 22, 2012

ထိုင်းသို့ တရားဝင်အလုပ်သမား စေလွှတ်မှု မကြာမီခွင့်ပြုမည်





ထိုင်းနိုင်ငံသို့ အလုပ်သမားများ တရားဝင်ပို့ဆောင်နိုင်ရန် တင်ဒါစနစ်ဖြင့် ခေါ်ယူထားသော အေဂျင်စီများအား လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ကို မကြာမီ ထုတ်ပေးတော့မည်ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှအရာရှိတစ်ဦးက ပြောသည်။



ပြည်တွင်း၌ရှိသော အေဂျင်စီများအား လျှောက်ထားခွင့်ပြုရာ လက်ရှိအေဂျင်စီ ၅၁ ဖွဲ့ လာရောက် လျှောက်ထားပြီးဖြစ်၍ လိုင်စင်ရရှိသော ကုမ္ပဏီများအနေဖြင့် ထိုင်းနိုင်ငံဘက်မှ ကုမ္ပဏီများနှင့် လုပ်ငန်းစဉ်များ ဆွေးနွေးရန် ထိုင်းနိုင်ငံသို့ သွားရောက်ညှိနှိုင်းမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

“လိုင်စင်ရတာနဲ့ ချက်ချင်းလုပ်လို့ မရသေးဘူး။ ဒီကအေဂျင်စီတွေကို ထိုင်းကိုခေါ်သွားပြီး အဲဒီက ကုမ္ပဏီတွေနဲ့ လုပ်ငန်းကိစ္စ ဆွေးနွေးမှုတွေ လုပ်ရဦးမှာ”ဟု ၎င်းကပြောသည်။

ယခုအခါ ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်သူများ အနေဖြင့် ပွဲစားများ၏ ခေါင်းပုံဖြတ်မှုအပြင် ကုန်ကျစရိတ် သက်သာလာကာ အလုပ်သမားများအား အခမဲ့ဝန်ဆောင်မှုတို့ဖြင့် အလုပ်သမား စုဆောင်းပေးမည်ဖြစ်၍ ထိုင်းနိုင်ငံမှ အလုပ်ခေါ်စာများကိုလည်း တိုင်းနှင့်ပြည်နယ်များရှိ အစိုးရအလုပ်သမားရုံးများ၌ အလုပ်ခေါ်စာများအား ကြေညာပေးသွားမည်ဖြစ်သည်။

ယခုကဲ့သို့ ရွေးချယ်နိုင်ရန်အတွက် အလုပ်သမားဝန်ကြီးဌာနမှ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများအား ဇူလိုင်လ ၁၈ ရက်မှစ၍ လျှောက်လွှာများတင်ရန် အကြောင်းကြားခဲ့သည်။

ပြည်ပသို့ သွားရောက်လုပ်ကိုင်သူများ အနေဖြင့် ယခုနှစ်ပိုင်းအတွင်း မလေးရှားနိုင်ငံထက် ထိုင်းသို့သွားရောက်မှု ပိုများလာကြောင်း သတင်းရရှိသည်။

No comments:

Post a Comment