Wednesday, August 22, 2012

မျှော်လင့်ချက်ပျောက် အိမ်ခြေမဲ့ဘ၀များ


တောင်ဒဂုံမြို့နယ်ရှိ သိမ်ကျောင်းသုသာန်ဟောင်းအနီးရှိ နေထိုင်သူ မိသားစု

ကျူချောင်သင်္ချိုင်းဝင်းအတွင်း မြေပုံမို့မို့နှင့် ရေညှိတက်မည်းညစ် နေသော အုတ်ဂူများကို ကွေ့ကာ ရှောင်ကာ လျှောက်ရသည်။  တာလမ်းပေါ် အဝေးမှပင် လှမ်းမြင်ခဲ့ရသော်လည်း ယခု လက် တစ်ကမ်းမျက်စိရှေ့တွင်တော့ ပလတ် စတစ်အိတ်များ၊ အညစ်အကြေးများ၊
စွန့်ပစ်ပစ္စည်းအစုတ်အပြတ်များစွာဖြင့် အမှိုက်ပင်လယ်ကြီးတစ်ခု။ ထောင်း ခနဲ လွင့်တက်လာသော အနံ့ဆိုးများ ကြောင့် အသက်ကိုခိုးရှူရင်း ပတ်ဝန်း ကျင်ကို ကြည့်မိသည်။ယခင်က ဤနေရာ တစ်ဝိုက် တွင် စိုက်ခင်းများ၊ လူနေအိမ်များ၊ အိမ်မွေးတိရစ္ဆာန်များ၏အသံ၊ ဆော့ ကစားနေသော ကလေးငယ်များ ရှိခဲ့ဖူးသော်လည်း ယခုတော့ ဗလာ နတ္ထိဟင်းလင်းပြင်။''အဒေါ်ကြီးတို့ တစ်သက်လုံး နေရရေးကို ကျွန်တော်ကြံတာ။ ငွေ ငါးသောင်းကို မမြင်ပါနဲ့လို့ ပြောခဲ့ တယ်။ ကျွန်မတို့လည်း တကယ် နေရတော့မယ် ထင်ပြီး လက်မှတ် ထိုးခဲ့တာပါ'' ဟု ပြောရင်းမှ စီးကျ လာသော မျက်ရည်များကို သူမက ကပျာကယာ သုတ်လိုက်သည်။ဓမ္မကာရီ ဘုန်းကြီးကျောင်းဝင်း မြေလွတ်တစ်ခုပေါ်မှ ၁ဝပေ ပတ် လည် တဲအိမ်ငယ်ပေါ်တွင် ခပ်ရို့ရို့ ထိုင်ကာ ပြောပြနေသော အသက် ၅၃ နှစ်ရှိ ဒေါ်ခင်မာကြူ၏ မျက်နှာမှာ သင်္ချိုင်းနှင့်အမှိုက်ပုံဘေး အနံ့အသက် ဆိုးများအောက် နှစ်ပေါင်းများစွာ နေလာခဲ့သည့် ဒဏ်ကြောင့်ပင်လား မသိ။ အနည်းငယ် ဖောယောင်ကာ ခပ်အမ်းအမ်း ဖြစ်နေသည်။''သင်္ချိုင်းမှူး အုန်းချစ် တောင်း ခဲ့တာပါ။ အခု ဖျက်လည်းဖျက်ရော သူ့ကို ဘယ်နားရှာရမှန်းတောင် မသိဘူး။ ပုန်းနေတယ်''ဟု သူမက တစ်သက်တာနေထိုင်နိုင်ရေးအတွက် ဟု ယုံကြည်ကိုးစားကာ ပေးခဲ့သော ငွေငါးသောင်းနှင့် အချည်းနှီးဖြစ်ခဲ့ သောဘဝအတွက်သြဂုတ်လ ၁၇ရက် ညနေတွင် တွေ့ဆုံခဲ့စဉ်က ယူကျုံး မရစွာ ပြောသည်။၂ဝ၁၂ ခုနှစ် ဇူလိုင်လအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့ နယ်အချို့ရှိ စည်ပင်သာယာပိုင် မြေ များပေါ် နှစ်ပေါင်းများစွာ အခြေချ နေထိုင်နေသော ကျူးကျော်အိမ်များ အား ဖျက်ဆီးဖယ်ရှားခဲ့ပြီးနောက် လူဦးရေ ထောင်နှင့်ချီ၍ အိမ်ခြေမဲ့ ဖြစ်ခဲ့ပြီး ၄င်းတို့၏ စားဝတ်နေရေး၊ ကျန်းမာရေးနှင့် ကလေးငယ်များ အတွက်ပါ အကာအကွယ်နှင့် မျှော် လင့်ချက်မဲ့သော ကံကြမ္မာတစ်ခု ဖြစ်ပေါ်ခဲ့ပြီ ဖြစ်သည်။ရွှေပြည်သာမြို့နယ်၊ သံဒင်ချောင်း အနီး၊ မြေတိုင်း ၃၅ ရပ်ကွက်၊ ကျူချောင်သုသာန်ဘေး၊ မြေကွက် အမှတ် (၁ဝ၅၃) ချောင်းကောပလပ် မြေပေါ်မှ တဲအိမ် ၂၂ လုံးနှင့် စိုက် ခင်းများအား ဇူလိုင်လ ၁၈ ရက်တွင် စည်ပင်သာယာဌာနမှ လာရောက် ၍ ဖျက်ဆီးဖယ်ရှားခဲ့သည်။ ယင်း အတွက်ကြောင့် မိသားစု ၂၃ စု၊ ကလေးငယ်ပေါင်း ၄ဝ ကျော် အပါ အဝင် လူဦးရေ ၉ဝ ကျော်တို့ အိမ် ခြေမဲ့ ဖြစ်ခဲ့ရသည်။၎င်းနေရာ၌ ၂ဝဝဝ ပြည့်နှစ် ကတည်းက မိသားစုအချို့ အခြေချ နေထိုင်ခဲ့ခြင်းဖြစ်ပြီးအများစုမှာလယ် သမားများ ဖြစ်ကာ သင်္ချိုင်းဘေး ချောင်းကောပလပ်မြေရှိ တောများ ကို ရှင်း၍ နေထိုင်ခဲ့ကြခြင်းဖြစ်သည်။''စနေစဉ်တုန်းက စည်ပင်က ဘာမှ မပြောဘူး။ တောရှိရင်တောင် ရှင်းပြီး ဆက်လုပ်လို့ပြောတယ်။ အင်းစိန်ခရိုင်မှူး ဦးတင်ဝင်းကစည်ပင် ပေးစရာမလိုဘူး။ မယကလည်း ပေး စရာမလိုဘူး။ တောကိုရှင်းပြီးနေလို့ အမိန့်ပေးသွားတာ''ဟု၂ဝဝဝပြည့်နှစ် တွင် စတင်နေထိုင်လာခဲ့သူ အသက် ၅၄ နှစ်ရှိ ဦးလှမြင့်က ပြောသည်။လယ်သမား၊ ခြံသမားအဖြစ် လုပ်ကိုင်လာခဲ့သည့်အတွက် နေ လောင်ထားသည့် အသားအရေ ညိုမှိုင်းမှိုင်းတွင်၊ ၅ ပေ ၆ လက်မ နီးပါးရှိသော အရပ်အမောင်းနှင့် ၄င်း ၏ မျက်နှာပေါ်မှ ထိန်းချုပ်ထား သော မခံချင်စိတ် အရိပ်အငွေ့များ ကို မြင်နေရပြီး ရှိရင်းစွဲထက် အိုမင်း နေသကဲ့သို့ ထင်ရသည်။၎င်း၏ မိသားစုများ အနေဖြင့် အဆိုပါနေရာ၌ ငှက်ပျော၊ ကန်စွန်း၊ ဆလတ်စသော ရာသီပေါ် သီးနှံများ စိုက်ပျိုးပြီး တစ်နှစ်လျှင်ဝင်ငွေငါးသိန်း ကျော်ခန့်ရရှိကြောင်း သိရသည်။ယင်းနေရာတွင် နေထိုင်သူများအား ငွေကြေးကောက် ခံခြင်းနှင့် ပတ်သက်၍မူ ၄င်းက ''၂ဝ၁ဝ တုန်း ကပါ။ ဘယ်သူမှမနှောင့်ယှက်အောင် အခွန်ဆောင်ရမယ်လို့ သင်္ချိုင်းမှူးက ပြောတယ်။ ဒါကို အိမ်ကမိန်းမတွေက ဖြတ်ပိုင်းရရင် တစ်သက်လုံးနေရမယ်ထင်ပြီး ယောက်ျားတွေမသိအောင် ခိုးပြီး သွားပေးကြတယ်။ ပြန်ပြီး ကျလာတော့ သင်္ချိုင်းမြေငှားခ ဆိုပြီး ကျလာတယ်''ဟုပြန်ပြောင်းပြောသည်။ ထိုကဲ့သို့ သချိုင်းမြေအဖြစ် သတ်မှတ်ခြင်းကို ၄င်းတို့အနေဖြင့် သိရှိခြင်းမရှိဘဲ နိုင်ငံတော်မြေ၊ ချောင်းကောပလပ်မြေဟုသာ သက် ဆိုင်ရာကပြောခဲ့ကြောင်း သိရသည်။''၂ဝဝ၁ တုန်းက တစ်ယောက် ဆုံးလို့ ဒီမှာမြှုပ်မယ်ဆိုတုန်းက တောင် သင်္ချိုင်းမြေ မဟုတ်ဘူး။ မမြှုပ်နဲ့၊ သင်္ချိုင်းမှာပဲမြှုပ်၊ တိုင်ရင် အရေးယူခံရလိမ့်မယ်လို့ ပြောခဲ့တာ တွေရှိတယ်''ဟုဦးလှမြင့်ကပြောသည်။လတ်တလောတွင်မူ အဆိုပါ နေရာမှ ကျူးကျော်အိမ်များ အားလုံး ဖျက်သိမ်းခဲ့ပြီးဖြစ်ကာ ခရစ်ယာန် သုသာန်နှင့် အစ္စလမ်သုသာန်များ ချထားသည့်အတွက် ဖယ်ရှားပေး ရခြင်းဖြစ်ကြောင်း ၄င်းတို့ကဆိုပါသည်။စားဝတ်နေရေးအတွက် မှီခိုနေ ရသော စိုက်ခင်းနှင့် မွေးမြူရေးခြံ များလည်း မရှိတော့။ ယောက်ျား သားများက ကြုံရာကျပန်း လုပ်ကိုင် နိုင်ရန် ကြိုးစားနေ ရသည်။ အချို့ မိန်းကလေးငယ်များကတော့ စက်ရုံ အလုပ်ရုံနှင့် နီးစပ်ရာ။ ''သားနှစ်ယောက်က ဘုရင့် နောင်ပွဲရုံမှာ ကျပန်းသွား လုပ်နေရတယ်။ သမီးနှစ်ယောက်ကိုတော့ စက်ရုံမှာ ဝင်ခိုင်းထားရတယ်လေ။  ကျွန်မကတော့ကျန်းမာရေး မကောင်းတော့ အိမ်မှာပါပဲ''ဟုဒေါ်ခင်မာကြူက လက်ရှိဘဝအခက်အခဲကိုပြောသည်။ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ ပတ်ဝန်းကျင် ထိန်း သိမ်းရေးနှင့် သန့်ရှင်းရေးဌာန အနေ ဖြင့်မူ သုသာန်မြေဧရိယာအတွင်းမှ ဖျက်သိမ်းပြောင်းရွှေ့ရေးအတွက် ၂ဝ၁၂မတ်လ ၁ရက်တွင် တစ်ကြိမ်၊ ဧပြီလ ၂ ရက်တွင် ဒုတိယအကြိမ်၊ ဧပြီလ ၂၅ ရက်နေ့တွင် တတိယ အကြိမ် နှိုးဆော် အကြောင်းကြားခဲ့ပြီး ဇူလိုင် လ ၁၈ ရက်တွင် ဖယ်ရှားခြင်း မပြုသဖြင့် မြို့ပြစီမံကိန်းနှင့် မြေစီမံခန့် ခွဲမှုဆိုင်ရာ နည်းဥပဒေများ အခန်း (၁၁)၊ နည်းဥပဒေ (၄၇) (၄၈) တို့အရ လုပ်ထုံးလုပ်နည်းနှင့်အညီ ဖွဲ့စည်း ထားသော ရှင်းလင်းဖယ်ရှားရေး အဖွဲ့ဖြင့် ဖယ်ရှားခဲ့ခြင်း ဖြစ်ကြောင်း ယင်းဌာနပေးပို့စာအရ သိရသည်။အဆိုပါ အခြေအနေကြောင့် ရွှေ့ပြောင်းခံ မိသားစုများ ကလေး ငယ်များမှာ ပညာသင်ကြားမှုများ ရပ်ဆိုင်းထားခဲ့ရပြီး အချို့မှာ ကျောင်း စရိတ်နှင့် အထွေထွေပြဿနာများ ရင်ဆိုင်နေကြရပြီ ဖြစ်သည်။ယင်းအတွက်ကြောင့် သက် ဆိုင်ရာနှင့် အစိုးရအဖွဲ့ထံ အသနား ခံစာ တင်ခဲ့သော်လည်း အကြောင်း မထူးသဖြင့် ဆန္ဒဖော်ထုတ်မှုတစ်ခု ပြုလုပ်သွားရန် အဆင်သင့်ဖြစ် နေကြကြောင်း ¤င်းတို့ကဆိုကြသည်။ရွှေပြည်သာမြို့နယ်၊ ကြံ့ခိုင်ရေး ပါတီမှ အမျိုးသားလွှတ်တော် အမတ် ဦးမောင်မောင်ဝင်းက စည်ပင်နှင့် စကားပြော၍ ညှိနှိုင်းပေးမည် ဖြစ် ကြောင်း ဆိုသည်။''ကျွန်တော့်မှာတော့ မြေမရှိလို့ နေစရာမပေးနိုင်ပါဘူး'' ဟု ၄င်းက ပြောသည်။အလားတူပင်ဒဂုံမြို့သစ် (အရှေ့ ပိုင်း) မှ ထားဝယ်ချောင်တွင်လည်း ဇွန်လ ၂၅ ရက်တွင် ကျူးကျော် အိမ်များ ဖျက်ဆီးဖယ်ရှားခံခဲ့ရပြီး မိသားစု ၁၃ စု၊ ကျောင်းနေ အရွယ် ကလေး ၁၆ ဦးအပါအဝင် လူဦးရေ ၆၂ ဦးတို့ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရသည်။၎င်းတို့အနေဖြင့် နီးစပ်ရာဘုန်းကြီးကျောင်းများ တွင် ခွင့်တောင်း၍ နေနေကြရပြီး စားဝတ်နေရေး ပြဿ နာများကြုံတွေ့နေရကြောင်းရွှေ့ပြောင်းခံ မိသားစုများက ပြော သည်။''ဒုက္ခသည်စခန်းဆိုတာ နယ်တွေမှာမှ ရှိတာမဟုတ်ပါဘူး။ ရန်ကုန် မှာလည်းရှိပါတယ်''ဟု ထားဝယ်ချောင်မှ လယ်သမားဟောင်းတစ်ဦးဖြစ်သော အသက်၅၃နှစ်ရှိ ဦးဝင်းချိုကပြောသည်။သူ့အတွက်တော့ ဤအဖြစ်က ဒုတိယ အကြိမ်ကြုံခဲ့ရသော ကြမ္မာဖြစ် သည် ယခု ဒဂုံ ၂၇ ရပ်ကွက်နေရာများမှာ ယခင်က လယ်ကွက်များ ဖြစ်ပြီး ၄င်းအနေဖြင့် လယ်ပိုင်အဖြစ် ထိုနေရာ၌ လုပ်ကိုင်ခဲ့ပြီး ၁၉၈၉ ခုနှစ်တွင် သိမ်းဆည်းခံခဲ့ရကြောင်း ဦးဝင်းချိုက ပြောသည်။ ထားဝယ် ချောင် ပလပ်မြေတွင် ၄င်းတို့ မိသားစုအခြေချခဲ့သည်က ၁၉၉ဝ ပြည့်နှစ်။ ၂၂ နှစ်ကြာပြီးနောက် လက်ရှိတွင် ကျူးကျော်အဖြစ် အဖျက်ဆီးခံအိမ်နှင့် ခိုကိုးရာမဲ့ဘဝ။''အခုဆိုရင် ကျွန်တော်တို့က ဒုက္ခသည်စခန်းလို ဖြစ်နေတယ်။ ကျွန်တော်တို့ မြို့နယ်ရဲ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က လှူထားလို့ ဒီထားဝယ်ချောင် အမှိုက် ပုံတန်းလျားမှာ နေ နေရတာပါ။ ငမိုးရိပ်ရေတက်လာရင် ကျွန်တော်တို့ မအိပ်ရဘူး။ ရေတစ်ဝက်လောက် တက်တော့ရေကျမှပြန်အိပ်နိုင်တယ်'' ဟု သူက စိတ်ပျက်နေဟန်ဖြင့် ပြောသည်။ ၄င်းတို့သည် အဆိုပါနေရာတွင် ငါးနှစ်ခန့် မြေခွန်အဖြစ်တစ်နှစ် လျှင်ကျပ် ၇၅ဝဝ ပေးခဲ့ရပြီး နောက် ပိုင်းတွင် မကောက်ခံတော့ကြောင်း နှင့် ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလမှစ၍ ဖယ်ရှားပေးရန် အကြောင်းကြား ခဲ့ကြောင်း သိရသည်။ ယင်းကာလ အတွင်း နိုင်ငံတော်သမ္မတနှင့် ဌာန ဆိုင်ရာများသို့ သနားခံစာ တင်ခဲ့ သော်လည်း ထူးမလာခဲ့။ ထိုသို့ဖြင့် ၂ဝ၁၂ ခုနှစ် ဇွန်လ ၂၅ ရက်တွင် စည်ပင်၊ ရဲနှင့် မီးသတ် တပ်ဖွဲ့များ အင်အား ၄ဝဝ ခန့် ပါဝင်သည့်အဖွဲ့ အောက်တွင် သူတို့၏ အိမ်များနှင့် သူတို့၏ဘဝများ တစ်စစီ ပျက်စီး ပျောက်ကွယ်သွားခဲ့ရသည်။''စဖျက်ခံရတဲ့ နေ့ကစပြီး ဒုက္ခ တွေ ရောက်ပါတယ်။ လာလှူကြ တဲ့ဟာတွေနဲ့ အခင်းထဲက အရွက် လေးတွေရောင်းပြီး ရပ်တည်နေရ တယ်။ အခုဆို အိမ်သာလည်း မရှိတော့ ကလေးတွေ ကျန်းမာရေး လည်း တော်တော်ထိခိုက်တယ် ဗျာ'' ဟု ဦးဝင်းချိုက အားလျော့ သောအသံဖြင့် ပြောသည်။ ထိုကဲ့သို့ နေရာအစားပြန်စီစဉ် ပေးမှု မရှိဘဲ ကျူးကျော်များအား ဖယ်ရှားခြင်းနှင့် ပတ်သက်၍ ၈၈ မျိုးဆက်ကျောင်း သားဟောင်းများ အဖွဲ့မှ ကိုမြအေးက ''ဒါတွေက ကျွန်တော်တို့ နိုင်ငံသားတွေ။ ဒါတွေကို လက်လွတ်စပယ်လုပ်တဲ့ ဟာမျိုး သဘောမတူပါဘူး။ ထိုက် တန်တဲ့နေရာ ပြန်ပေးရမယ်။ အခု ဆင်းရဲမွဲတေမှု ပပျောက်ရေးလေဗျာ။ ဒါက ဆင်းရဲမွဲတေမှုပဲ။ နေစရာ လေးတော့ စီစဉ်ပေးရမယ်။ မိုးတွင်း ပိုဆိုးတယ်။ ဒီလိုဖျက်ချင်သလို ဖျက်၊ သွားချင်သလိုသွားဆိုတာတော့ လုံးဝ သဘောမတူဘူးဗျာ''ဟုပြောသည်။၎င်းတို့အဖွဲ့အနေဖြင့် ၂ဝ၁၂ ခုနှစ်၊ ဇူလိုင်လ ၂ဝ ရက်နေ့ နံနက် တွင် မရမ်းကုန်းမြို့နယ်၊ ၅ ရပ်ကွက်၊ ရန်ကြီးအောင်ပတ်လမ်းရှိ ကျူးကျော် အိမ် ၉၄ လုံးအား မြေသယ်ယာဉ် များဖြင့် ဖျက်ဆီးခဲ့စဉ်ကလည်း နေထိုင်သူများ အကူအညီတောင်းခံမှု အရ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ထံ မေတ္တာရပ်ခံစာပေးပို့ခြင်းများ ဆောင်ရွက်ပေးခဲ့သည်။အဆိုပါနေရာသည် လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနပိုင် လေဆိပ်စီမံကိန်း မြေနေရာအတွင်း တည်ရှိပြီး ဧပြီလမှစ၍ အမြန်ဆုံး ပြောင်းရွှေ့ပေးရန် သုံးကြိမ်တိုင်တိုင် အကြောင်းကြားသော်လည်း မလိုက်နာ၍ ဖယ်ရှားရခြင်းဖြစ် ကြောင်း ယင်း ဌာနတာဝန်ရှိသူတစ်ဦးက ဆိုခဲ့သည်။ယင်းကဲ့သို့ ပြဿနာကို ဒဂုံ မြို့သစ်တောင်ပိုင်းရှိ သိမ်ချောင်း သုသာန် ဟောင်းအနီး မြေဧရိယာ အတွင်း နေထိုင်သူ မိသားစု ၄၄ စု လည်း ရင်ဆိုင်ရဖွယ် ရှိပြီး စည် ပင်မြေတွင် ဝန်ထမ်းမဟုတ်ဘဲ နေ ထိုင်ပါက ကျူးကျော်အဖြစ် သတ် မှတ်၍ ရှင်းလင်းဖယ်ရှားသွားမည်ဟု ရန်ကုန်မြို့တော် စည်ပင်မှ အရာရှိ တစ်ဦးက ဆိုသည်။၎င်းဧရိယာ၏ရာအိမ်မှူး ဦးသိန်း ဆွေက မိသားစု ၄၄ စုလုံး စည်ပင် ဝန်ထမ်းအဖြစ် ပြန်လည်တာဝန်ထမ်း ဆောင်ရန် ကြိုးစားနေပြီး မိသားစု တစ်စုမှာမူ နေအိမ်ကိုဖျက်သိမ်း၍ ပြောင်းရွှေ့သွားကြောင်း ဆိုသည်။ထိုမျှနှင့် မပြီးသေး။ မင်္ဂလာ တောင်ညွန့်မြို့နယ်၊ သာယာကုန်း ရပ်ကွက်ဘေးရှိ ပုဏ္ဏားစု ဘုရား ကျောင်းဝင်း ပုဇွန်တောင်ဘူတာနှင့် မလွှကုန်းဘူတာကြား နေရာရှိ ကျူး ကျော်များလည်း ယခုတော့ ကျရာ နေရာ ပျဉ်ခင်းကာ တာလပတ်ဖြင့် ရွက်ဖျင်ထိုး၍ မိုးထဲလေထဲ ခိုကိုး ရာမဲ့နေခဲ့ပြီဖြစ်သည်။ထိုနေရာမှ မိသားစု ၁၇ စု၊ ကျောင်းသား ၁၅ ယောက် အပါ အဝင် လူဦးရေ ၈၅ဦးမှာအဆိုပါ ဖယ် ရှားခံ နေရာအနီးအနားတွင်ခိုကပ် နေကြပြီး အချို့မှာ ဘုန်းကြီးကျောင်း များတွင် ကပ်ရပ်နေနေကြသည်။၂ဝ၁၂ ခုနှစ်၊ ဇူလိုင်လ ၃ဝ ရက် နံနက် ၈ နာရီခန့်တွင် မီးရ ထားဝန်ထမ်းများမှ လာရောက်ရှင်း လင်းခဲ့ခြင်းဖြစ်ပြီး ကြိုတင်အကြောင်း မကြားသည့်အပြင် ဖယ်ရှားခံရမည် ဟု မထင်ကြသည့်အတွက် မည်သို့မျှ ပြင်ဆင်ချိန် မရခဲ့ကြောင်း ရွှေ့ပြောင်းခံ မိသားစုအချို့က ဆိုသည်။နေထိုင်သူ အများစုမှာ မီးရ ထားဝန်ထမ်းဟောင်းများ အများစု ဖြစ်ပြီး မြေနေရာ ငှားခမပေးရ၍ ၄င်း တို့ဘာသာ အိမ်ဆောက်၍ နေခဲ့ ကြခြင်းဖြစ်သည်။ ထိုအထဲမှ အငြိမ်း စား ဝန်ထမ်းအချို့ အခြေချ နေထိုင် ခဲ့သည်မှာ နှစ်ပေါင်း ၄ဝ ကျော်ခဲ့ပြီး ယခုအချိန် မှသာ နီးစပ်ရာ နေရာများ ၌ တာလပတ်ကာ ဝါးအိမ်များထိုး၍ နေနေရခြင်း ဖြစ်သည်။ ၄င်းနေရာ၌ နေထိုင်ခဲ့သည်မှာ ၄၅ နှစ်ရှိပြီဖြစ်ပြီး မိသားစု ငါးဦး ရှိသူ အသက် ၅ဝ ဝန်းကျင်ရှိ ဒေါ် သန်းသန်းဝင်းက ''အဖေက ဝန်ထမ်း၊ သူဆုံးသွားတော့ မြေကွက်ရရဲ့သားနဲ့ နှစ်လလိုတယ်ဆိုပြီး မပေးတော့ဘူး။ အစကအမှန်ပဲထင်လို့ နောက်မှ သူတို့ ရောင်း စားကြမှန်းသိတာ။ မြေကွက် မရလို့ရတဲ့နေရာလေးမှာ အိမ်ဆောက် နေရတာ။ ဒါကို ကိုယ်ချင်းစာစိတ် မရှိဘဲလုပ်တာ။ မြေကြီးဆိုတာ ဘယ်သူမှ အပိုင်ယူထားလို့ရတာ မဟုတ်ဘူး။သေရင်ထားခဲ့ရမှာပဲ'' ဟု သူမကလေသံပြတ်ပြတ်ဖြင့်ဆိုသည်။ဖျက်သိမ်းခံရသည့် နေ့နှင့် ပတ်သက်၍မူ ''အဲဒီနေ့ကဆို ဖျက် ပေးနေတယ်ဆိုတာတောင် မရဘူး။ အတင်းခြေတွေနဲ့ ကန်၊ သံတုတ် တွေနဲ့ ရိုက်ပြီးဖျက် သွားတာ။ အားလုံး ပျက်စီးသွားတယ်'' ဟုဒေါ်သန်းသန်း ဝင်းက ပြန်ပြောင်းပြောသည်။အခြေချနေထိုင်မှု အနှစ် ၂ဝ သက်တမ်း ရှိပြီဖြစ်သော ဒေါ်သီကလည်း ''မဖျက်ခင် ကြိုမပြောဘူး။ ဒီအတိုင်းလာပြီး အိမ်ကို တွန်းလှဲ သွားတာ။ အဲဒီလိုလုပ်တော့ လူတွေ မိုးထဲ၊ ရေထဲနေရတယ်။ အရမ်းအေး လို့ တာလပတ်ခြုံနေရတာပါ။ ယောက်ျားက အအေးမိပြီး ဆုံးတယ် ပြောရမယ်။ သူက အဓိက ရှာကျွေး နေတာပါ။ အခု သူလည်း မရှိ၊ နေစရာလည်း မရှိတော့ပါဘူး'' ဟု ငိုသံတစ်ဝက်ဖြင့် ပြောသည်။မြန်မာနိုင်ငံ၏ ဒီမိုကရေစီ လမ်း ကြောင်းသည် ယခုမှ ခြေချရန်ပင် ဖြစ်သည်။ သို့သော် သက်ဝင်နေ သေးသည့် တည်ဆဲဥပဒေများက တော့ လည်ပတ်တုန်းပင် ဖြစ်သည်။ စည်ပင်သာယာကော်မတီ၏ ဥပဒေ များအရ ကျူးကျော်များမှာ တရား မဝင်ဟုဆိုသော်လည်း ကြိုတင်ပြင်ဆင်မှု မရှိ၊ နေရာချထားပေးနိုင်မှုမရှိဘဲ နှစ်ပေါင်းများစွာ မတို့ မထိထားခဲ့ပြီးမှ လတ်တလော ဆောင်ရွက်ခြင်းများ ကြောင့် ဘဝပေါင်းများစွာ အခြေပျက် ခဲ့ခြင်း ဖြစ်သည်။မိသားစုများ၏ ဘဝ၊ စီးပွားရေး နှင့်ကျန်းမာရေးသည်သာမကကျောင်း စာသင်ခန်းမှ လမ်းပေါ်ရောက်လာ နိုင်သည့် ကလေးများ၏ အနာဂတ် သည်လည်း မိုးထဲရေထဲ အကာအကွယ်မဲ့ ဖြစ်နေနိုင်ပေ သည်။''အစဉ်အလာအားဖြင့်၁၉၅၈ ကာလ အိမ်စောင့်အစိုးရတက်လာ ပြီး ကျူးကျော်ဖြေရှင်းတဲ့ ပုံစံမျိုးတွေ။ ကျူးကျော်ဆိုတာ နေစရာမရှိလို့ မှီခိုကုတ်ကတ်ပြီး နေရတဲ့လူတွေ များတယ်။ ဆင်းရဲသားတွေများတယ်။ အသိဥာဏ်မဖွံ့ဖြိုးသေးတဲ့ လူတွေ များတယ်။ ခွဲခြားဆက်ဆံပြီး ပြောတာမဟုတ်ဘူး။ သူတို့ကို ကယ် မယ်ဆိုရင် သူတို့နဲ့ ထိုက်တန်တဲ့ နေရာစီစဉ်ပေးရမယ်။ အခု လက်ရှိ မြေတွေအားလုံးကို အစိုးရက ပိုင်တယ်ဆိုတဲ့ ဝါဒက ရှိနေတာကို။ အဲဒီတော့ ဖယ်ချင်ဖယ်၊ သွားချင်သွား ဆိုတော့ ဒီနေရာကနေ ပျောက်ပြီး တခြားနေရာတွေမှာ ပြန်ပေါ်လာ မယ်'' ဟု ၈၈ အဖွဲ့မှ ကိုမြအေးက သုံးသပ်သည်။မည်သို့ပင်ဖြစ်စေ တာမွေ၊ ဒဂုံ မြို့သစ် ထားဝယ်ချောင်၊ ကြည်စု သုသာန်၊ ရွှေပြည်သာကျူချောင် သုသာန်များမှ အိမ်များ၊ မိသားစု များနှင့် ၄င်းတို့၏ ဘဝများစွာမှာ မျှော်လင့်ချက် ပျောက်ဆုံးသွားခဲ့ပြီး အိမ်ခြေမဲ့ ကံကြမ္မာသည်လည်း သာ၍ဆိုးဖို့ရန် မည်သူတွန်း ပို့သည် ဟု လက်ညှိုးထိုးယိုးစွပ်စရာ ပေါ် လာဦးမည်ဟု မသိနိုင်တော့ပါ။
From:   P.News Group



No comments:

Post a Comment