
ထိုင်းတွင် ယခုအခါ ယမန်နှစ်က ဖြစ်ပွားခဲ့သော ရခိုင်ဒေသတွင်း ပဋိပက္ခများကြောင့် ခိုးဝင်လာသူ ဘင်္ဂါလီ
၂၀၀၀ ခန့်အထိ ရှိနေပြီ ဖြစ်သည်။
ဝန်ကြီးဘော့ဘ်ကားက ထိုင်းနှင့် သြစတေးလျ နိုင်ငံခြားရေးဝန်ကြီးဌာနတို့သည် ဘင်္ဂါလီများ အား ပြန်လည်နေရာချထားရေးမှာ ရခိုင်ပြည်နယ်အတွင်း၌သာ ဖြစ်သင့်ကြောင်းနှင့် ၎င်းတို့အား နိုင်ငံသား အဆင့်အတန်းပေးရေး၊ ပြန်လည်အခြေချစေရေး၊ စီးပွားရေးအရ ပေါင်းစည်းမှု ရှိစေရေးတို့မှာလည်း ဖြစ် သင့်ကြောင်း ဆွေးနွေးသဘောတူခဲ့ကြသည်ဟု ဆိုသည်။
၎င်းက သြစတေးလျသည် ရခိုင်သို့ ထောက်ပံ့ရေးအပါအဝင် ကချင်ပြည်နယ်အရှေ့ ပိုင်းတွင် သောက် သုံးရေ ရရှိရေးအတွက် ဒေါ်လာ ၇၅၀, ၀၀၀ ၊ မြန်မာအရှေ့တောင်ပိုင်းဒေသတွင် မိုင်းရှင်းလင်းရေး အတွက် ဒေါ်လာငါးသိန်းတို့ကို လှူဒါန်းသွားမည် ဟုလည်း ပြောကြားသည်။
Ref: theaustralian.com
The Myanma Age
No comments:
Post a Comment