Saturday, February 23, 2013

မှော်ဘီ-သီရိမင်္ဂလာဈေး ကားမှောက် ၁ ဦးသေ၊ ၁၄ ဦး ဒဏ်ရာရ

Photo: မှော်ဘီမှ သီရိမင်္ဂလာဈေးသို့ ပြေးဆွဲသော ခြင်္သေ့ယာဉ်လိုင်းမှ ခရီးသည်တင် ဟိုင်းလတ်ယာဉ်တစ်စီးသည် လှိုင်မြို့နယ် သံလမ်းမှတ်တိုင်အနီးတွင် ယနေ့ (ဖေဖော်ဝါရီ ၂၃ ရက်) နံနက် ၈ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် အရှိန်လွန် တိမ်းမှောက်သွားရာ ခရီးသည် ၁၄ ဦး ဒဏ်ရာရရှိပြီး တစ်ဦးသေဆုံးခဲ့ကြောင်း ကြိုးမဲ၊ ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။ "မှတ်တိုင်မှာ ကားရပ်ဖို့ အရှိန်သတ်တာမှာ မနိုင်ဘဲ တုံးလုံးလဲကျသွားတယ်လို့ သိထားရတယ်။ ဒဏ်ရာရတဲ့ ၁၅ ဦးထဲမှ အမျိုးသားတစ်ဦးက အခုပဲ ဆုံးသွားတယ်။ သူ့နာမည်ကို မသိရသေးဘူး။ ဖြစ်ကတည်းက သတိမေ့နေလို့ မမေးလိုက်ရတာကြောင့် စုံစမ်းနေဆဲပဲ။ အမှုကတော့ ဆက်စုံစမ်းနေဆဲပဲ။ ယာဉ်မောင်းက ထွက်ပြေးသွားတယ်"ဟု လှိုင်မြို့နယ်တွင် တာဝန်ထမ်းဆောင်နေပြီး အမှုကို တာဝန်ယူ ဆောင်ရွက်နေသော ရဲအုပ်က ပြောသည်။ ဒဏ်ရာရရှိသော ကျန်လူနာ ၁၄ ဦးကို ရန်ကုန်ဆေးရုံကြီးရှိ အရေးပေါ်လူနာဌာနတွင် ပို့ဆောင်ကာ ဆေးကုသမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

7Day News Journalမှော်ဘီမှ သီရိမင်္ဂလာဈေးသို့ ပြေးဆွဲသော ခြင်္သေ့ယာဉ်လိုင်းမှ ခရီး သည်တင် ဟိုင်းလတ်ယာဉ်တစ်စီးသည် လှိုင်မြို့နယ် သံလမ်းမှတ်တိုင် အနီးတွင် ယနေ့ (ဖေဖော်ဝါရီ ၂၃ ရက်) နံနက် ၈ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် အရှိန်လွန် တိမ်းမှောက်သွားရာ ခရီးသည် ၁၄ ဦး ဒဏ်ရာရရှိပြီး တစ်ဦးသေဆုံးခဲ့ကြောင်း ကြိုးမဲ၊ ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။ 
 "မှတ်တိုင်မှာ ကားရပ်ဖို့ အရှိန်သတ်တာမှာမနိုင်ဘဲ တုံးလုံးလဲကျသွား တယ်လို့ သိထားရတယ်။ ဒဏ်ရာရတဲ့ ၁၅ ဦးထဲမှ အမျိုးသားတစ်ဦးက အခုပဲ ဆုံးသွားတယ်။ သူ့နာမည်ကို မသိရသေးဘူး။ ဖြစ်ကတည်းက သတိမေ့နေလို့ မမေးလိုက်ရ တာကြောင့် စုံစမ်းနေဆဲပဲ။ အမှုကတော့ဆက်စုံစမ်းနေဆဲပဲ။ ယာဉ်မောင်းက ထွက်ပြေးသွားတယ်"ဟု လှိုင်မြို့နယ်တွင် တာဝန်ထမ်းဆောင်နေပြီး အမှုကို တာဝန်ယူ ဆောင်ရွက်နေသော ရဲအုပ်က ပြောသည်။ ဒဏ်ရာရရှိသော ကျန်လူနာ ၁၄ ဦးကို ရန်ကုန်ဆေးရုံကြီးရှိ အရေးပေါ်လူနာဌာနတွင် ပို့ဆောင်ကာ ဆေး ကုသမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ 
 
7Day News Journal

No comments:

Post a Comment