Wednesday, October 31, 2012

ကျောက်နီမော်ဖြစ်ရပ်

အောက်တိုဘာ ၃၀ ရက် ယနေ့ နံနက် ၈ နာရီ ကျော်ခန့်အချိန်မှစတင်ကာ
 ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်တိုက်နယ်ရှိ ရခိုင်များသည် ရွာပြင်သို့ ထွက်ပြီး  စုရုံးမှုများဖြစ်ပေါ်ခဲ့ရာ ယင်းအချိန်တွင် ဘင်္ဂလီများနေထိုင်သည့်ေ ကျာက်ထရံကျေးရွာတွင် တပ်စဲထားသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက   သေနတ်ဖြင့်ပစ်ခတ် ခြင်းကြောင့် ရခိုင်လူမျိုးတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိပါခဲ့ပါသည်။
သီတင်းကျွတ်ပွဲတော် ရက်ကြီးရက်မြတ်တွင် ရခိုင်များ နေထိုင်သည့်ရပ်ကွက်အတွင်းသို့ ဘင်္ဂလီများ ၀င်ရောက်မီးရှို့မည်ဟု သတင်းထွက်ပေါ်နေသည့် အတွက်ရခိုင်များက ကာကွယ်ရန် စုရုံးခဲ့ခြင်းဖြစ်ကြောင်း၊

ထိုသို့စုရုံးပြီး ရွာနီးချင်းရခိုင်များက ကျောက်နီမော်ရခိုင်ရွာသို့ ၀င်လာစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့သဖြင့်ရေမျက်ဝကျေးရွာမှ မောင်ဟန်ရွှေ၊ အသက် (၅၂) နှစ် ရင်ဝတွင် ကျည်ဆံထိမှန်ကာပွဲချင်းပြီး သေဆုံးကာ သပြေချောင်းကျေးရွာမှ သန်းတင် အသက်(၄၁)နှစ်   ပေါင်တွင် သေနတ်ထိမှန်ပြီး ကျောက်နီမော်ဆေးရုံးသို့ ပို့ထားခဲ့ရ ကြောင်းနှင့်နောက်ပိုင်းတွင် တစ်ဦးထပ်မံ၍သေနပ်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။

''ရွာနီစပ်ချုပ်တွေဆိုတော့ သတင်းကြားလို့ အခြေအနေကိုလာကြည့်တာပါ။ ကျောက်နီမော် မှာက ဘင်္ဂလီရပ်ကွက် ၅ ခုရှိတယ်။ ဘင်္ဂလီ ၈၀၀၀ လောက်ရှိတယ်။ရခိုင်တွေက ၃၀၀၀  လောက်ပဲ ရှိ ရှိတာကြောင့် ကိုယ့်လူမျိုးတွေကိုကာကွယ်ဖို့လာတာပါ။

အဲဒီမှာ ရွာထဲကိုဝင်ခွင့်မပေးတဲ့အပြင် ဂွမြို့ ခလရ၊ ၅၆၂ တပ်ရင်းနဲ့ တောင်ကုတ်မြို့ ခလရ(၃၄၆) တပ်ရင်း လုံးခြုံရေးတွေက တားထားတော့ကျွန်တော်တို့ ရွာအပြင်လယ်ကွင်းထဲမှာနေခဲ့ရတယ်”ဟု ယင်းနေရာသို့   ရောက်နေခဲ့သော သပြေချောင် ကျေးရွာသား ဦးလှမောင်ရွှေ ကပြောသည်။

ယင်းနောက်ပိုင်းတွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်းနှင့် ပစ်ခတ်မှုများနောက် လူအုပ်စုများမှာ မကြေနပ်ဖြစ်ကာ ဘင်္ဂလီများနှင့် အတူချိန်တွဲမနေလိုကြောင်းဘင်္ဂလီများအား ပြောင်းရွေ့ပေးရန် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ် မှုပြုလုပ် သွားမည်ဖြစ်ကြောင်း လည်းသိရှိရပါသည်။

No comments:

Post a Comment