Tuesday, October 30, 2012

စင်္ကာပူလေကြောင်းလိုင်း ရန်ကုန်ကို စတင်ပျံသန်း



စင်္ကာပူ လေကြောင်းလိုင်း(SIA) ဟာ မြန်မာနိုင်ငံ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ တနင်္ဂနွေနေ့က စတင် ပြေးဆွဲကြောင်း သိရပါတယ်။ 


ဘိုရင်း ၇၇၇-၂၀၀ အမျိုးအစား လေယာဉ် ၇ စီးနဲ့ ပြေးဆွဲမှာဖြစ်ကြောင်း၊ ဒေသတွင်း ပြေးဆွဲနေတဲ့ Silk Air လေကြောင်းနဲ့ ပူးပေါင်းဆောင်ရွက်နေရာ လက်ရှိတွင် Silk Air က ရန်ကုန် သို့ တပတ်လျှင် လေယာဉ် ၁၆ စီး ပျံသန်းနေတာ ဖြစ်ကြောင်း၊ SIA အစီအစဉ် စတင်ပြီးနောက်တွင် Silk Air က Airbus A 320 အမျိုးအစား လေယာဉ် ၉ စီးသာ ပျံသန်းတော့မှာ ဖြစ်တယ်လို့ ဆင်ဟွာ သတင်းက ဆိုထားပါတယ်။ 

Irrawaddy 

No comments:

Post a Comment