ကျောက်နီမော်ဒေသခံ ကိုသိန်းဇော်က အာဏာပိုင်တို့ သဘောတူသည့်အချက်များကို
"၁။
ကျောက်နီမော်ဒေသတွင် တရားမဝင် လာရောက်နေထိုင်သူ ဘင်္ဂလီများအား(၇)ရက် အတွင်း
ပြောင်းရွှေ့နေရာချထားရန်
၂။ မတရားပစ်သတ်ခံခဲ့ရသူ ဦးဟန်တင်သေဆုံးခဲ့ရမှုအတွက် တရားခံဖြစ်သူ ကျောက်နီမော် ရဲစခန်းမှ ဒုရဲအုပ် သန်းတင့်ကို ဥပဒေကြောင်းအရ အရေးယူရန်
၃။ ဒဏ်ရာရရှိသူ ဦးမောင်သန်းရွှေအတွက် အစိုးရဖက်မှ အပြည့်အဝ တာဝန်ယူရန် " တို့ဖြစ်ပါတယ်ဟု Arakantimes သတင်းဌာနသို့ ပြောကြားသွားသည်။
ယနေ့နံနက်(၈)နာရီအချိန်မှစ၍ ကျောက်နီမော်လူထု တစ်သောင်းကျော်ပါဝင်သော ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ပွဲကိုပြုလုပ်နေစဉ် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျောက်နီမော် ရဲစခန်းမှ ပစ်ခတ်နှိမ်နင်းခဲ့မှုကြောင့် ဦးဟန်တင်(ဘ)ဦးကျော်ဟန် အသက်(၅၇)နှစ်မှာ ပွဲချင်းပြီးသေဆုံးခဲ့ရပြီး ဦးမောင်သန်းရွှေ(ဘ)ဦးချမ်းတင် အသက်(၄၂)နှစ်မှာ သေနတ်ဒဏ်ရာ
ပြင်းထန်စွာ ရရှိသွားခဲ့သဖြင့် ရမ်းဗြဲမြို့နယ် ပြည်သူ့ဆေးရုံတွင်
ဆေးကုသမှုခံယူ နေရသည်။
အစိုးရ ရဲတပ်ဖွဲ့မှ သေနတ်ပစ်လူစုခွဲသော်လည်း လူစုမကွဲသွားဘဲ လူအင်အား ပိုမိုများပြားလာသည့်အတွက် ဒေသလုံခြုံရေး တာဝန်ယူထားသူ ခမရ(၃၂၆)မှ
ဗိုလ်မှူးကျော်မင်းယု က ဆန္ဒပြသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ပြီး ယခုလိုသဘော
တူညီခဲ့ကြကြောင်း သိရသည်။
တောင်းဆိုချက်များကို အမြန်ဆုံးလိုက်လျောနိုင်စေရန်အတွက် သပိတ်စခန်းအဖြစ် ဆက်လက်ထားရှိရေးကိုမူ သဘောတူညီမှုမရရှိခဲ့ကြောင်း Arakantimes သတင်းဌာနမှ စုံစမ်းသိရှိရသည်။

No comments:
Post a Comment