Tuesday, October 30, 2012

မြေပုံဘင်္ဂလီများက မီးရှို့တိုက်ခိုက်မှုကို စတင်ခဲ့သည်ဟုဝန်ခံ

မြေပုံမြို့ဘင်္ဂလီခေါင်းဆောင်တို့က  ယနေ့နံနက်၈နာရီခွဲခန့်ကမြို့ မိမြို့ဘများ၊ဒေသဆိုင်ရာအာဏာပိုင် များနှင့် တွေ့ဆုံစဉ် မီးရှို့တိုက် ခိုက်မှုကို မိမိတို့စတင်ခဲ့သည်ဟု ၀န်ခံပြောကြားလိုက်သည်။

မြို့မိမြို့ဘများ၊ဒေသဆိုင်ရာအာဏာပိုင်များနှင့်  ဘင်္ဂလီလူမျိုးခေါင်းဆောင် များဖြစ်ကြသော  (၁)စံသိန်း(၂)ကျော်သိန်း(၃)တင်ရွှေ(၄)အောင်လွင်(၅)ဘကျော်တို့နှင့်တွေ့ဆုံစဉ်ထိုသို့
ဝန်ခံပြောကြားလိုက်ခြင်းဖြစ်သည်။

ယခုကဲ့သို့ဝန်ခံ ပြောကြားခြင်းကို ရခိုင်ပြည်နယ် အစိုးရ၀န်ကြီးတဦးဖြစ်သူ ဦးကျော်သိန်း၊  မြေပုံမြို့ရှိ ရခိုင်ခေါင်းဆောင်များ နှင့် တွေ့ဆုံစဉ်ကလည်း ၀န်ခံခဲဖူးသည်ဟု ယင်းတွေ့ဆုံပွဲကို တက်ရောက်ခဲသူတဦးကCoral Arakan အားပြောကြားခဲ့သည်။ ဘင်္ဂလီခေါင်းဆောင်တွေက “ကျွန်တော်တို့တားခဲပါသေးတယ်” ဟုပြောကြောင်း အဆိုပါပုဂ္ဂိုလ်ကပြောသည်။

(၂၅အောက်တိုဘာ) နေ့တွင် ဘင်္ဂလီများက ကံသာရပ်ရှိ ရခိုင်လူမျိုး တဦးဖြစ်သူ ဦးသိန်းမောင် (ခ) ဇော်ဇော်၏ အိမ်ကို စ၍မီးရှို့ရန် ကြိုးစားရာ ရခိုင်လူမျိုးများက ၀ိုင်းဝန်းငြိမ်းသတ်နေစဉ်  ယင်းနေရာနှင့် အလှမ်းဝေးကွာသော မြို့ဈေးတန်းရှိ မောင်ဆန်းဝင်းနှင့် မောင်ဘုကြီး တို့၏နေအိမ်ကိုမီးရှို့ ခဲ့ကြသည်။ ထို့နောက် အပြန်အလှန် မီးရှို့မှုများဖြစ်ပွားပြီး ရခိုင်လူမျိုးပိုင်အိမ် ၄၂ ဆောင်မီးလောင်ခဲ့ပြီး မီးဘေးသင့်အိမ်ထောင်စုပေါင်း ၄၄စု (ကျား၁၂၀၊ မ ၁၄၇)ရှိခဲသည်။

ယခုအခါ ဘင်္ဂလီဒုက္ခသည် လေးထောင်ခန့်ရှိနေပြီး ၄င်းတို့က စစ်တွေ သဲချောင်းရှိ ဒုက္ခသည်စခန်းသို့ ပြောင်းရွေ့ပေးရန် အာဏာပိုင်များအား တင်ပြတောင်းဆိုလျက် ရှိရာ ပြောင်းရွေ့ရန်ညှိနိုင်းလျက်ရှိကြောင်းသိရသည်။

No comments:

Post a Comment