
Facebook Page ကိုလုံးဝပုံတူကူးကာ ဘင်္ဂလီများနှင့်ပက်သက်နေသော သတင်းလိမ်များကိုဖေါ်ပြ နေကြောင်းသိရသည်။
မူရင်းRSV သည် ယခုသတင်းရေးနေသည့်အချိန်ထိ Like 3791 ယောက်ရှိနေပြီး ပုံတူကူးထားသော RSV မှာ Like ဆယ်ယောက်သာရှိနေသည်။
RSV ၏မူရင်းPage တွင် “ ယခုအခါ RSV ပုံတူ Link တခုတွေ့ရှိရပါသည်။ယင်းအတွက် ပရိတ်သတ်များ အထူးသတိပြုဖတ်ရှုကြပါရန် လေးစားစွာဖြင့် အသိပေးတင်ပြအပ်ပါသည်။” ဟုဖေါ်ပြထားသည်။
ဤလုပ်ရပ်သည် ပဋိပက္ခအခြေအနေကို ပိုမိုရှုပ်ထွေးအောင် လှုံဆော်ဖန်တီးလိုသော သဘောဖြင့် မသမာသူတစုက ပြုလုပ်နေခြင်းဖြစ်သည်ဟု သတင်းသုံးသပ်သူတဦးက Coral Arakan အားပြောကြားသည်။
Coral Arakan
No comments:
Post a Comment