
ထုတ်လုပ်ရေးလုပ်ငန်း မရှိတော့သောကြောင့် ခြောက်ကပ်နေကြောင်း ၎င်းစက်မှုဇုန်ကြီးကြပ်ရေးကော်မတီ ဒုဥက္ကဋ္ဌဦးစိန်မြင့်က ပြောသည်။ အမှတ် (၁) စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများလာရောက်စဉ် က မော်လမြိုင်စက်မှုဇုန်ကြီး ကြပ်ရေးကော်မတီဒုဥက္ကဋ္ဌ ဦးစိန် မြင့် က မော်လမြိုင် စက်မှုဇုန်တွင် သံ/သံရည်ကျိုလုပ်ငန်း၊ တွင်ခုံလုပ် ငန်း ၊ ကားဝပ်ရှော့လုပ်ငန်း အမှုန့် ကြိတ်လုပ်ငန်းများသာရှိပြီး မော် တော် ယာဉ် ထုတ်လုပ်ရေးလုပ်ငန်း မှာလည်းမရှိတော့၍ စက်မှုဇုန်သည် စည်ကားမှုမရှိဘဲ ခြောက်ကပ်လျက် ရှိကြောင်း တင်ပြထားကြောင်း သိရသည်။
မော်လမြိုင် စက်မှုဇုန်ကို ၂ဝဝ၁ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့သော်လည်း ယနေ့အထိ ဖွံ့ဖြိုး တိုးတက်မှုမရှိသေးကြောင်း မြို့နေ ပြည်သူတစ်ဦးကဆိုသည်။မော်လမြိုင်စက်မှုဇုန်ကို မွန် ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ညောင်ပင်ဆိပ်ကျေးရွာ၊ မော်လ မြိုင်-ဘားအံ အဝေးပြေးလမ်းမ ကြီးဘေး (အတ္ထရံတံတားအနီး) မြေဧက ၁၇၁ ဧကပေါ်တွင် (၁ဝဝx၁ဝဝ) ပေအကွက်ပေါင်း ၃၇ဝ ကွက်ဖော် ထုတ်ကြောင်း သိရသည်။
အဆိုပါ မြေကွက်များတွင် အကြီးစားလုပ်ငန်း ၁၃ ခု၊ အလတ် စားလုပ်ငန်း ၇ဝ ခုနှင့် အငယ်စား လုပ်ငန်း ၃၃ ခု၊ စုစုပေါင်း လုပ်ငန်း ၁၁၆ ခုသာ စာရင်းရှိကြောင်း သိရ သည်။
စက်မှုဇုန်ကမြေတွေကို ဝယ်ယူထားပြီး ဒီကနေ့အထိ စက်မှုလုပ် ငန်းတွေမလုပ်တဲ့ မြေကွက်တွေ ကို ပြန်လည်သိမ်းယူပြီး အမှန်တကယ် လုပ်မယ့်သူတွေကို ပြန်လည်ရောင်း ချပေးသင့်တယ်။ အနည်း ဆုံးတော့ လူကုန်ကူးမှုတွေ ပပျောက်သွားနိုင် တယ်” ဟု မြို့ခံလူငယ်တစ်ဦးက သုံးသပ်သည်။
စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရန် နည်းပညာ၊ ခေတ်ပညာတတ် လူငယ်များနှင့် ရင်းနှီးမြှုပ်နှံငွေများ လိုအပ်ပါကြောင်း၊ စက်မှုဇုန်ရှိလုပ် ငန်းလုပ်ကိုင်နိုင်သောမြေများ ဝယ်ယူရာတွင် စက်မှုဇုန်မြေများ အား မြေဝယ်ရောင်းသူများကြောင့် စက်ရုံတည်ထောင်လိုသူများသည် မတည်ရင်းနှီးငွေ၏ သုံးပုံတစ်ပုံ မှာ မြေကွက်ဝယ်ယူရာတွင် ကုန်ကျ မည်ဖြစ်ပါသောကြောင့် လုပ်ငန်းလုပ်ကိုင်လိုသူများအတွက် များစွာ အခက်အခဲရှိကြောင်း ဦးစိန်မြင့်က ထပ်လောင်း ပြောသည်။
ထူးထူး (မော်လမြိုင်)
Popular Myanmar News Journal
No comments:
Post a Comment