လွန်ခဲ့သည့် နှစ်ပေါင်း ၁၅၄ဝ ခန့်က ဟု ယူဆရသော အီတလီ ကြွေ ထည်ပစ္စည်းတစ်ခုကို စတာလင်ပေါင် ၅၆၇ဝဝဝ ဖြင့်လေလံတင်ရောင်း ချခဲ့ကြောင်းသိရသည်။ ၎င်းကြွေထည်၏ ပိုင်ရှင်မှာ အမျိုးသမီး တစ်ဦး ဖြစ်ပြီး သူမက ထိုကြွေထည်၏ တန်ဖိုးကိုမသိဘဲ သူမ၏ ကျေး လက်နေ အိမ်ရှိမီးဖိုခန်းတံခါးတွင် ချိတ်ဆွဲ ထားခဲ့ခြင်း ဖြစ်သည်။
သူမ၏ နေအိမ်သို့ ရှေးဟောင်းပစ္စည်း ကျွမ်းကျင် သူ ပညာရှင် ရစ်ချက်
ဘဂိုမယ်လ် လာရောက်လည်ပတ်သောအခါ ယင်းကြွေထည် ပစ္စည်း သည် တန်ဖိုး ရှိသည်ကို
ခန့်မှန်း နိုင်ခဲ့ပြီး နံရံမှ ဂရုတစိုက် ခွာယူခဲ့သည်။ ထို့နောက် စမ်းသပ်စစ်ဆေးကြည့်ရာ ၁၅၄ဝ ပြည့်နှစ် ခန့်က အီတလီလက်ရာ ကြွေထည် ပစ္စည်း ဖြစ်ကြောင်း မှတ်ချက် ပြုနိုင် ခဲ့သည်။ ယင်းကြွေထည်တွင် ဘုရင် Herod က စိန့်ဂျွန်အား ကွပ်မျက်ခြင်း အခမ်းအနားကို ပုံဖော် ရေးဆွဲထားပြီး The Feast of Herod ဟု အမည် ပေးထားသည်။
၎င်း ကြွေထည်အား လေ လံတင် ရောင်းချသော အခါ (စတာလင်ပေါင်၅၆၇ဝဝဝ) အံ့သြဖွယ်ရာ ဈေးနှုန်းဖြင့်ရောင်းချ နိုင်ခဲ့သည်။
စက်ဝိုင်းပုံ အဆိုပါ ကြွေထည်သည် ၁၆ လက်မ အရွယ်အစား ရှိပြီး ဂျာမန် ပန်းချီဆရာ တစ်ဦးဖြစ်သူ Sebald Behamက ရေးဆွဲခဲ့ခြင်း ဖြစ်သည်။ ယင်းကြွေထည် ပစ္စည်းအား Oxfo-rd တက္ကသိုလ်ရှိ Ashmolean ပြတိုက်သို့ ယူဆောင်ခဲ့ပြီး လေလံတင်ပွဲ ကျင်းပသော အခါ လန်ဒန်မြို့ မှ ကျောက်မျက် ရတနာ ကုမ္ပဏီ တစ်ခုဖြစ်သည် phillips ကုမ္ပဏီက အနိုင် ရရှိသွား သည်။
http://bit.ly/ZvRw5Y
မြ၀တီ
No comments:
Post a Comment