Chromebook Pixel လက်တော့ကို Google Play စတိုးတွင် မှာယူနိုင်မည်ဖြစ်ပြီး ဧပြီလတွင် စတင် တင်ပို့မည်ဖြစ်သည်။ Pixel လက်တော့ကို ပုံစံနှစ်မျိုးဖြင့် ထုတ်လုပ်ထားပြီး နှစ်မျိုးစလုံးတွင် Intel Core i5 ပရိုဆက်ဆာ ပါဝင်သည်။
ပထမ တစ်မျိုးသည် Wi-Fi သီးသန့်ဖြစ်ပြီး 4G ကွန်ရက် ချိတ်ဆက်နိုင်သော လက်တော့ကို ၁၄၄၉ ဒေါ်လာဖြင့် ရောင်းချမည်ဖြစ်သည်။ ဘက်ထရီသက်တမ်း ၅ နာရီခံသော Pixel လက်တော့ များသည် ပြိုင်ဘက် Mac Book များ၊ Windows 8 လက်တော့ များနှင့် ဈေးနှုန်း နှိုင်းယှဉ်နိုင်ပြီး မျက်နှာပြင် အရည်အသွေးမှာ လက်ရှိလက်တော့ အားလုံးထက် သာလွန်ကြောင်း ပီချိုင်းက ပြောကြားခဲ့ သည်။
Google သည် Chromebook လက်တော့များကို ၂၀၁၀ ပြည့်နှစ် နှစ်လည်တွင် စတင်မိတ်ဆက်ခဲ့ပြီး မိုက်ခရိုဆော့၏ Windows လက်တော့များကို စိန်ခေါ်ခဲ့သည်။ Google သည် မိုက်ခရိုဆော့၏ တွင်ကျယ်စွာ အသုံးပြုနေသော Office ဆော့ဖ်ဝဲများနှင့် အဆင်ပြေစွာ လုပ်ဆောင်နိုင်သော Quickoffice ဆော့ဖ်ဝဲကိုလည်း သုံးလအတွင်း ထုတ်ပြန်ရန် စီစဉ်ထားသည်။
Ref: AFP, CNN
Eleven Media Group
No comments:
Post a Comment