
ဆွီဒင်နိုင်ငံသားနှစ်ဦးကို တင်ဆောင်လာသော အပေါ့စား လေယာဉ်သည် အိမ်နီးချင်း လစ်သူယေး နီးယားနိုင်ငံမှ ဘီလာရုစ် လေပိုင်နက်အတွင်းဝင်ရောက်၍ အိုင်ဗ်ယန်နက်စ်မြို့အလယ်ပိုင်းတွင် ခပ်နိမ့်နိမ့် ပျံသန်းကာ ရာနှင့်ချီသောဝက်ဝံရုပ်များကို ကြဲချခဲ့သည်။ ထို့နောက် ဘီလာရုစ် စစ်တပ်၏နှောင့်ယှက် ဟန့်တားမှု တစ်စုံတစ်ရာမခံရဘဲ လစ်သူယေးနီးယား နိုင်ငံသို့ ပြန်လည်ထွက်ခွာသွားခဲ့သည်။
များမကြာမီမှာပင် ဆိုဗီယက် ပြည်ထောင်စု၏ ပြည်နယ်ဟောင်း တစ်ခုဖြစ်ခဲ့သော ဘီလာရုစ်နိုင်ငံ ၏ မြေပြင်ပေါ် သို့ လေယာဉ်ပေါ်မှ ကြဲချသောဝက်ဝံရုပ်များနှင့် ပတ်သက်သည့်ဗီဒီယိုဖိုင်များ အင် တာနက်မှ ထွက်ပေါ်လာသည်။ သို့သော် ဘီလာရုစ်အစိုးရက ယင်းအဖြစ်အပျက်ကိုသီတင်း ပတ်သုံးပတ်ကြာမှသာ သတိပြုမိခဲ့သည်။
အဆိုပါဖြစ်ရပ်က ဘီလာရုစ်နိုင်ငံနှင့် ဆွီဒင်နိုင်ငံအကြားသံတမန် ဆက်ဆံမှုကိုထိခိုက်ရန် အစပျိုးခဲ့သည်။ ဘီလာရုစ်အစိုးရက ဆွီဒင်သံတမန်များကို နိုင်ငံမှနှင်ထုတ်ခဲ့ပြီး ဆွီဒင် နိုင်ငံမှ၎င်းသံရုံး ၀န်ထမ်းများကို လည်း ပြန်လည်ရုပ်သိမ်းခေါ်ယူခဲ့သည်။
ကြော်ငြာကုမ္ပဏီစတူဒီယိုတိုတယ်လ်က ယင်းဖြစ်ရပ်မှာဆန္ဒဖော်ထုတ်မှု ကြွေးကြော်သံများချိတ်ဆွဲ ထားသော ၀က်ဝံရုပ်များ သယ်ဆောင်သွားသော ဒီမိုကရေစီရေးလှုပ်ရှားသည့် ဘီလာရုစ်တက်ကြွ လှုပ်ရှားသူများက လှုံ့ဆော်လှုပ်ရှားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။
Ref: CNN
Myanmartandawsint Newspaper
No comments:
Post a Comment